Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၆.၁၀.၂၀၂၀

– အသင္းကို ကိုယ္တုိင္ တုိးတက္ေအာင္လုပ္ႏုိင္မွ စာခ်ဳပ္သစ္ကို လက္ခံႏုိင္လိမ့္မယ္လို႔ ေျပာလုိက္တဲ့ အာတီတာေၾကာင့္ အာဆင္နယ္ ပရိသတ္ေတြ တြစ္တာမွာ သေဘာက်ေၾကာင္း ေထာက္ခံမွဳေတြ ျပဳလုပ္ေနၿပီး စာခ်ဳပ္ကို ၁၀ ႏွစ္ အနည္းဆုံး ခ်ဳပ္ဆုိဖို႔ တုိက္တြန္း။

– အုိေဇးလ္ရဲ႕ ယူ႐ုိပါလိဂ္ လူစာရင္းမွာ ပါဝင္မလာမွဳအတြက္ နည္းျပ အာတီတာက အသင္းရဲ႕ လက္ရွိ ႏုိင္ငံျခားသားကစားသမားေတြ မ်ားျပားေနတဲ့ အေျခအေနေၾကာင့္ ခက္ခက္ခဲခဲ ဆုံးျဖတ္လုိက္ရတာျဖစ္ၿပီး နားလည္ေပးဖို႔ေျပာၾကား။

– အသင္းကေန မထြက္ခြာႏုိင္ဘဲ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္းနဲ႔ ဝန္ထုပ္ဝန္ပုိးျဖစ္ေနခဲ့တဲ့ ေနာက္ခံလူ ကိုလာစီနက္ခ်္ကို လာမယ့္ဇန္နဝါရီမွာ စီးရီးေအ ႐ိုးမားအသင္းကို ပုိ႔ေဆာင္သြားဖို႔ အာဆင္နယ္ႀကဳိးစားေန။

– ခ်န္ပီယံလိဂ္ကို ၂၀၀၆ ဖိုင္နယ္မွာ ရွဳံးနိမ့္ခဲ့ရတာဟာ သူ႕ရဲ႕ အႀကီးမားဆုံး ေနာင္တတစ္ခုျဖစ္ၿပီး လဲလုိ႔ ရမယ္ဆုိရင္ ဒီအသင္းေကာင္းရဲ႕ ထိုက္တန္တဲ့ ဆုဖလားကို ရွဳံးပြဲမရွိ ေရႊဖလားနဲ႔ေတာင္ လဲျဖစ္လိမ့္မယ္လုိ႔ အာဆင္ဝင္းဂါးေျပာၾကား။

– မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ ကြင္းလယ္ကစားသမားသစ္ ေသာမတ္စ္ ပါေတးကို ပြဲထြက္အသုံးျပဳတာ ေတြ႕ျမင္ရဖို႔ အာဆင္နယ္ပရိသတ္ေတြ အလိုရွိေနၾကၿပီး တြစ္တာမွာ ေတာင္းဆိုေနၾက။

– ၿပီးခဲ့တဲ့ အဂၤလန္အသင္းရဲ႕ လက္ေရြးစင္ပြဲေတြမွာ ပါဝင္ခဲ့ရမွဳေၾကာင့္ အာဆင္နယ္အသင္းရဲ႕ စြယ္စုံသုံးကစားသမား အိန္းစလီ မိတ္လန္းႏုိင္းလ္စ္အေနနဲ႔ ႏုိင္ငံတကာပြဲကစားခြင့္ ေဘာနပ္စ္ကို ရရွိခံစားရဖြယ္ရွိေန။

– ဟာသာဘာလင္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနတဲ့ အာဆင္နယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီက သူ႕အေနနဲ႔ ကံမေကာင္းလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတာပဲလို႔ သေဘာထားေၾကာင္းနဲ႔ အျမန္ဆုံး ႀကံ့ခုိင္တဲ့ ပုံစံနဲ႔ ျပန္လာမယ္လို႔ တြစ္တာမွာ ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းကို ကိုယ်တိုင် တိုးတက်အောင်လုပ်နိုင်မှ စာချုပ်သစ်ကို လက်ခံနိုင်လိမ့်မယ်လို့ ပြောလိုက်တဲ့ အာတီတာကြောင့် အာဆင်နယ် ပရိသတ်တွေ တွစ်တာမှာ သဘောကျကြောင်း ထောက်ခံမှုတွေ ပြုလုပ်နေပြီး စာချုပ်ကို ၁၀ နှစ် အနည်းဆုံး ချုပ်ဆိုဖို့ တိုက်တွန်း။

– အိုဇေးလ်ရဲ့ ယူရိုပါလိဂ် လူစာရင်းမှာ ပါဝင်မလာမှုအတွက် နည်းပြ အာတီတာက အသင်းရဲ့ လက်ရှိ နိုင်ငံခြားသားကစားသမားတွေ များပြားနေတဲ့ အခြေအနေကြောင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရတာဖြစ်ပြီး နားလည်ပေးဖို့ပြောကြား။

– အသင်းကနေ မထွက်ခွာနိုင်ဘဲ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်းနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့တဲ့ နောက်ခံလူ ကိုလာစီနက်ချ်ကို လာမယ့်ဇန်နဝါရီမှာ စီးရီးအေ ရိုးမားအသင်းကို ပို့ဆောင်သွားဖို့ အာဆင်နယ်ကြိုးစားနေ။

– ချန်ပီယံလိဂ်ကို ၂၀၀၆ ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ အကြီးမားဆုံး နောင်တတစ်ခုဖြစ်ပြီး လဲလို့ ရမယ်ဆိုရင် ဒီအသင်းကောင်းရဲ့ ထိုက်တန်တဲ့ ဆုဖလားကို ရှုံးပွဲမရှိ ရွှေဖလားနဲ့တောင် လဲဖြစ်လိမ့်မယ်လို့ အာဆင်ဝင်းဂါးပြောကြား။

– မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ကွင်းလယ်ကစားသမားသစ် သောမတ်စ် ပါတေးကို ပွဲထွက်အသုံးပြုတာ တွေ့မြင်ရဖို့ အာဆင်နယ်ပရိသတ်တွေ အလိုရှိနေကြပြီး တွစ်တာမှာ တောင်းဆိုနေကြ။

– ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ပွဲတွေမှာ ပါဝင်ခဲ့ရမှုကြောင့် အာဆင်နယ်အသင်းရဲ့ စွယ်စုံသုံးကစားသမား အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေနဲ့ နိုင်ငံတကာပွဲကစားခွင့် ဘောနပ်စ်ကို ရရှိခံစားရဖွယ်ရှိနေ။

– ဟာသာဘာလင်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက သူ့အနေနဲ့ ကံမကောင်းလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာပဲလို့ သဘောထားကြောင်းနဲ့ အမြန်ဆုံး ကြံ့ခိုင်တဲ့ ပုံစံနဲ့ ပြန်လာမယ်လို့ တွစ်တာမှာ ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.