Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၅.၁၀.၂၀၂၀

– စေနေန႔မွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္ကို မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား လြဲေခ်ာ္ဖို႔ မ်ားေနၿပီး ဒီေနာက္ပုိင္းပြဲစဥ္ေတြမွာေတာ့ ပါဝင္လာဖြယ္ရွိေန။

– အသင္းရဲ႕ စိုးရိမ္ေနရတဲ့ ဘယ္ျခမ္းခံစစ္အတြက္ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ေပၚတူဂီလက္ေရြးစင္အသင္းမွာ ကစားႏိုင္ခဲ့ၿပီးျဖစ္တဲ့ ဂ်ာအို ကန္ဆယ္လိုကို ထည့္သြင္းအသုံးျပဳသြားဖြယ္ရွိေနၿပီး ႏိုင္ငံအသင္းေဖာ္ ဘာနာဒို ေဆးလ္ဗားလည္း စေနေန႔မွာ ပြဲထြက္ႏုိင္ေျခရွိ။

– ဥေရာပရဲ႕ လူငယ္အေကာင္းဆုံးဆုတစ္ခုျဖစ္တဲ့ Golden Boy ဆုအတြက္ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဖီးလ္ ဖိုဒန္နဲ႔ ေတာင္ပံကစားသမား ဖယ္ရန္ ေတာရက္စ္တုိ႔ ဆန္ကာတင္ ေရြးခ်ယ္ခဲ့တဲ့ အေယာက္ ၂၀ အတြင္း ပါဝင္လာ။

– မန္ခ်က္စတာစီးတီးအသင္းက လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ခ်ိတ္ဆက္ထားခဲ့တဲ့ တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီအေနနဲ႔ အသင္းမေျပာင္းဘဲ ဘာစီလိုနာမွာ ကစားသမားဘဝကို ကုန္ဆုံးဖို႔ ကြင္းလယ္လူေဟာင္း မင္ဒီေယတာ တုိက္တြန္း။

– အေဂြ႐ိုကို အစားထိုးဖို႔ ခက္ခဲတယ္လို႔ နည္းျပ ဂြါဒီယိုလာက ညည္းတြားလုိက္ၿပီး ေဂ်ဆူးစ္ဟာလည္း ဒီေနရာအတြက္ ေကာင္းမြန္ေပမယ့္ အေဂြ႐ိုေတာ့ မဟုတ္ဘူးလို႔ ဆုိခဲ့သလို ခံစစ္ပုိင္းကိုေတာ့ ပုိမုိျပင္ဆင္သြားဖို႔ ရွိတယ္လို႔လည္းေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ အေဝးကြင္းပြဲစဥ္မွာ မလိုအပ္ဘဲ ကြာရန္တင္းဝင္ေနခဲ့ရတဲ့ ေနာက္ခံလူ ကီရန္ တီယာနီနဲ႔ ကစားသမားသစ္ ေသာမတ္စ္ ပါေတးတုိ႔ကို ထည့္သြင္းကစားႏုိင္ဖို႔ တြန္းအားေပး လုပ္ေဆာင္ေန။

– နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီဘက္က မန္ခ်က္စတာစီးတီးအသင္းကို ေရာက္ေတာ့မယ္လုိ႔ ထင္ခဲ့ေပမယ့္ ေနာက္ဆုံး အေျခအေနမွာ ေပါင္ ၇၂ သန္းနဲ႔ သေဘာမတူညီႏိုင္တဲ့ ႏွစ္ဖက္အသင္းေတြေၾကာင့္ ကစားသမား စိတ္ပ်က္ခဲ့ရတယ္လို႔ သည္ဆန္း ထုတ္ေဖာ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– စနေနေ့မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်ကို မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား လွဲချော်ဖို့ များနေပြီး ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ ပါဝင်လာဖွယ်ရှိနေ။

– အသင်းရဲ့ စိုးရိမ်နေရတဲ့ ဘယ်ခြမ်းခံစစ်အတွက် နည်းပြ ဂွါဒီယိုလာအနေနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ကစားနိုင်ခဲ့ပြီးဖြစ်တဲ့ ဂျာအို ကန်ဆယ်လိုကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေပြီး နိုင်ငံအသင်းဖော် ဘာနာဒို ဆေးလ်ဗားလည်း စနေနေ့မှာ ပွဲထွက်နိုင်ခြေရှိ။

– ဥရောပရဲ့ လူငယ်အကောင်းဆုံးဆုတစ်ခုဖြစ်တဲ့ Golden Boy ဆုအတွက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်နဲ့ တောင်ပံကစားသမား ဖယ်ရန် တောရက်စ်တို့ ဆန်ကာတင် ရွေးချယ်ခဲ့တဲ့ အယောက် ၂၀ အတွင်း ပါဝင်လာ။

– မန်ချက်စတာစီးတီးအသင်းက လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်ထားခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ အသင်းမပြောင်းဘဲ ဘာစီလိုနာမှာ ကစားသမားဘဝကို ကုန်ဆုံးဖို့ ကွင်းလယ်လူဟောင်း မင်ဒီယေတာ တိုက်တွန်း။

– အဂွေရိုကို အစားထိုးဖို့ ခက်ခဲတယ်လို့ နည်းပြ ဂွါဒီယိုလာက ညည်းတွားလိုက်ပြီး ဂျေဆူးစ်ဟာလည်း ဒီနေရာအတွက် ကောင်းမွန်ပေမယ့် အဂွေရိုတော့ မဟုတ်ဘူးလို့ ဆိုခဲ့သလို ခံစစ်ပိုင်းကိုတော့ ပိုမိုပြင်ဆင်သွားဖို့ ရှိတယ်လို့လည်းပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာ မလိုအပ်ဘဲ ကွာရန်တင်းဝင်နေခဲ့ရတဲ့ နောက်ခံလူ ကီရန် တီယာနီနဲ့ ကစားသမားသစ် သောမတ်စ် ပါတေးတို့ကို ထည့်သွင်းကစားနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေ။

– နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီဘက်က မန်ချက်စတာစီးတီးအသင်းကို ရောက်တော့မယ်လို့ ထင်ခဲ့ပေမယ့် နောက်ဆုံး အခြေအနေမှာ ပေါင် ၇၂ သန်းနဲ့ သဘောမတူညီနိုင်တဲ့ နှစ်ဖက်အသင်းတွေကြောင့် ကစားသမား စိတ်ပျက်ခဲ့ရတယ်လို့ သည်ဆန်း ထုတ်ဖော်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.