Premier League

၁၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလကြယ္၊ ေသာၾကာေန႔။

၁၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလကြယ္၊ ေသာၾကာေန႔၊ ျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၀၀ အထိ တိထီ ၁၅ လုံး။ ေက်ာ္လွ်င္ ၁ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၅:၅၇ အထိ ဟႆတနကၡတ္။ ေက်ာ္လွ်င္ စိၾတနကၡတ္။ နံနက္ ၇:၀၆ အထိ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၄၄ အထိ ေဝဒရိယုဂ္၊ အားနည္းျခင္း၊ လႊမ္းမိုးခံရျခင္း၊ ခ်င့္ခ်ိန္ေနရျခင္း၊ မိမိဆႏၵကို ဦးစားမေပးဘဲ သူတပါးအရိပ္အေျခကို ၾကည့္၍ ခ်င့္ခ်ိန္လုပ္ေဆာင္ပါ။ ေက်ာ္လွ်င္ ဝိသကုမၻယုဂ္၊ ၾကြယ္ဝျခင္း၊ အေထာက္အပံ့ရရွိျခင္း၊ သူတပါးအကူအညီ ရယူ၍ လုပ္ေဆာင္ရမည့္ကိစၥမ်ားအတြက္ အထူးလုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၅၇ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ နံနက္ ၂:၄၄ အထိ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။ ေက်ာ္လွ်င္ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၀၀ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၆.၁၀.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလကွယ်၊ သောကြာနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၀၀ အထိ တိထီ ၁၅ လုံး။ ကျော်လျှင် ၁ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၅:၅၇ အထိ ဟဿတနက္ခတ်။ ကျော်လျှင် စိတြနက္ခတ်။ နံနက် ၇:၀၆ အထိ ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၄၄ အထိ ဝေဒရိယုဂ်၊ အားနည်းခြင်း၊ လွှမ်းမိုးခံရခြင်း၊ ချင့်ချိန်နေရခြင်း၊ မိမိဆန္ဒကို ဦးစားမပေးဘဲ သူတပါးအရိပ်အခြေကို ကြည့်၍ ချင့်ချိန်လုပ်ဆောင်ပါ။ ကျော်လျှင် ဝိသကုမ္ဘယုဂ်၊ ကြွယ်ဝခြင်း၊ အထောက်အပံ့ရရှိခြင်း၊ သူတပါးအကူအညီ ရယူ၍ လုပ်ဆောင်ရမည့်ကိစ္စများအတွက် အထူးလုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၅၇ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ နံနက် ၂:၄၄ အထိ နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။ ကျော်လျှင် ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၀၀ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)