Serie A

ရိုနာလ်ဒိုနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ အိမ်မက်မက်လို့ ဇလာတန်ကို ချော့မော့ခဲ့ရတဲ့ မူတူး

ဇလာတန် အီဘရာဟီမိုဗစ်ဟာ တစ်ခါတုန်းက ဘရာဇီးလ်ဂန္တဝင် ရိုနာလ်ဒို နာဇာရီယိုက ၎င်းထက် ပိုမိုကောင်းမွန်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်လို့ ဂျူဗင်တပ်အသင်းဖော်ဟောင်း အက်ဒရီယန် မူတူးက ပြောကြားခဲ့ပါတယ်။

ဆွီဒင်ဂန္တဝင်ကစားသမားဟာ အေစီမီလန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်တို့လို အသင်းတွေအတွက် ကစားပေးခဲ့ပြီး ယခုနှစ်အစောပိုင်းမှာ ကစားသမားဘဝကနေ အနားမယူခင် ကလပ်အသင်းပွဲပေါင်း ၈၂၇ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၄၉၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၀၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ၎င်းရဲ့ ယုံကြည်မှုလွန်ကဲပြီး မာန်မာန ထောင်လွှားတဲ့ စရိုက်ကြောင့် လူသိများကျော်ကြားခဲ့ပေမယ့်လည်း ကစားသမားဘဝ အစောပိုင်းတုန်းက ဘရာဇီးလ်ဂန္တဝင် ရိုလ်နာဒိုကို အနည်းငယ် ကျွတ်ကြဲခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်သူရဲကောင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ကလပ်အသင်းမှာရော နိုင်ငံတကာအဆင့်မှာပါ ကြောက်မက်ဖွယ် ခြေစွမ်းကောင်း ပြသနိုင်ခဲ့တာဖြစ်ပြီး ဆွီဒင်တသက်တာထိပ်တန်းဂိုးသွင်းရှင်က ဂျူဗင်တပ်မှာ ၂ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း ကြောက်မက်ဖွယ် အိပ်မက်ဆိုးကို မက်ခဲ့တယ်လို့ အသင်းဖော်ဟောင်း မူတူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မူတူးရဲ့ ပြောကြားချက်အရ အသင်းဖော်ဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ဟာ ရီးရဲလ်မက်ဒရစ်ဂန္တဝင်က ၎င်းထက် ပိုမို ကောင်းမွန်တယ်လို့ အိပ်မက်မက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဂျူဗင်တပ်မှာ အသင်းဖော်တွေအဖြစ် ရှိနေခဲ့တဲ့အချိန်မှာ ပွဲမတိုင်ခင်ဆို တစ်ခန်းတည်း အတူတူအိပ်နေကျပါ။ တစ်ညကျတော့ သူ နိုးလာတယ်။ အီဘရာက ကျွန်တော့်ကို အဒီ ထစမ်းပါဦးကွ။ ငါ အိပ်မက်ဆိုးမက်လို့။ ရိုလ်နာဒိုက ငါ့ထက် ပိုကောင်းနေတယ်လို့ အိပ်မက်မက်ခဲ့တယ်ဆိုပြီး ပြောခဲ့တယ်။”

မူတူးက အီဘရာဟီ မိုဗစ်ကို နောက်ဆုံးမှာ စိတ်အေးလက်အေးနဲ့ ပြန်အိပ်လို့ရအောင် ဆွီဒင်တိုက်စစ်မှူးကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါလို့ ချော့မော့ပြောဆိုခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်က မဟုတ်ပါဘူး။ ဇလာတန်။ မကောင်းပါဘူး။ မင်းကသာ ကမ္ဘာပေါ်က အကောင်းဆုံးပါ။ စိတ်လျှော့ပြီး ပြန်အိပ်ပါလို့ ပြောတော့မှ သူ ပြန်အိပ်သွားခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

အီဘရာဟီ မိုဗစ်ဟာ ကစားသမားအများစု အိပ်မက်သာ မက်နိုင်တဲ့ တောက်ပတဲ့ ကစားသမားဘဝမျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့မှာ ဆုဖလားတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီဘရာဟီမိုဗစ်ဟာ အိပ်ပျော်နေချိန်မှာတောင် ဘောလုံးအကြောင်းကိုပဲ တွေးနေသေးပုံပေါ်ပြီး ရိုနာလ်ဒိုဟာ ကလပ်အသင်းပွဲ ၄၅၅ ပွဲမှာ သွင်းဂိုး ၂၉၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၆ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ မယုံနိုင်စရာ ကစားသမားဖြစ်ခဲ့သလို ၁၉၉၇ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တို့မှာလည်း ဘလွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇလာတန္ အီဘရာဟီမိုဗစ္ဟာ တစ္ခါတုန္းက ဘရာဇီးလ္ဂႏၲဝင္ ႐ိုနာလ္ဒို နာဇာရီယိုက ၎ထက္ ပိုမိုေကာင္းမြန္သြားတယ္လို႔ အိပ္မက္မက္ခဲ့တယ္လို႔ ဂ်ဴဗင္တပ္အသင္းေဖာ္ေဟာင္း အက္ဒရီယန္ မူတူးက ေျပာၾကားခဲ့ပါတယ္။

ဆြီဒင္ဂႏၲဝင္ကစားသမားဟာ ေအစီမီလန္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္တို႔လို အသင္းေတြအတြက္ ကစားေပးခဲ့ၿပီး ယခုႏွစ္အေစာပိုင္းမွာ ကစားသမားဘဝကေန အနားမယူခင္ ကလပ္အသင္းပြဲေပါင္း ၈၂၇ ပြဲ ကစားခဲ့ရာမွာ သြင္းဂိုး ၄၉၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၀၅ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ၎ရဲ႕ ယုံၾကည္မႈလြန္ကဲၿပီး မာန္မာန ေထာင္လႊားတဲ့ စ႐ိုက္ေၾကာင့္ လူသိမ်ားေက်ာ္ၾကားခဲ့ေပမယ့္လည္း ကစားသမားဘဝ အေစာပိုင္းတုန္းက ဘရာဇီးလ္ဂႏၲဝင္ ႐ိုလ္နာဒိုကို အနည္းငယ္ ကြၽတ္ႀကဲခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္သူရဲေကာင္းဟာ ၂၀၀၂ ကမာၻ႔ဖလား ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ကလပ္အသင္းမွာေရာ ႏိုင္ငံတကာအဆင့္မွာပါ ေၾကာက္မက္ဖြယ္ ေျခစြမ္းေကာင္း ျပသႏိုင္ခဲ့တာျဖစ္ၿပီး ဆြီဒင္တသက္တာထိပ္တန္းဂိုးသြင္းရွင္က ဂ်ဴဗင္တပ္မွာ ၂ ႏွစ္ၾကာ ကစားခဲ့တဲ့ကာလအတြင္း ေၾကာက္မက္ဖြယ္ အိပ္မက္ဆိုးကို မက္ခဲ့တယ္လို႔ အသင္းေဖာ္ေဟာင္း မူတူးရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက မူတူးရဲ႕ ေျပာၾကားခ်က္အရ အသင္းေဖာ္ေဟာင္း ဇလာတန္ အီဘရာဟီမိုဗစ္ဟာ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္က ၎ထက္ ပိုမို ေကာင္းမြန္တယ္လို႔ အိပ္မက္မက္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ေတြ ဂ်ဴဗင္တပ္မွာ အသင္းေဖာ္ေတြအျဖစ္ ရွိေနခဲ့တဲ့အခ်ိန္မွာ ပြဲမတိုင္ခင္ဆို တစ္ခန္းတည္း အတူတူအိပ္ေနက်ပါ။ တစ္ညက်ေတာ့ သူ ႏိုးလာတယ္။ အီဘရာက ကြၽန္ေတာ့္ကို အဒီ ထစမ္းပါဦးကြ။ ငါ အိပ္မက္ဆိုးမက္လို႔။ ႐ိုလ္နာဒိုက ငါ့ထက္ ပိုေကာင္းေနတယ္လို႔ အိပ္မက္မက္ခဲ့တယ္ဆိုၿပီး ေျပာခဲ့တယ္။”

မူတူးက အီဘရာဟီ မိုဗစ္ကို ေနာက္ဆုံးမွာ စိတ္ေအးလက္ေအးနဲ႔ ျပန္အိပ္လို႔ရေအာင္ ဆြီဒင္တိုက္စစ္မႉးကသာ ကမာၻ႔အေကာင္းဆုံးကစားသမားပါလို႔ ေခ်ာ့ေမာ့ေျပာဆိုခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္က မဟုတ္ပါဘူး။ ဇလာတန္။ မေကာင္းပါဘူး။ မင္းကသာ ကမာၻေပၚက အေကာင္းဆုံးပါ။ စိတ္ေလွ်ာ့ၿပီး ျပန္အိပ္ပါလို႔ ေျပာေတာ့မွ သူ ျပန္အိပ္သြားခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အီဘရာဟီ မိုဗစ္ဟာ ကစားသမားအမ်ားစု အိပ္မက္သာ မက္ႏိုင္တဲ့ ေတာက္ပတဲ့ ကစားသမားဘဝမ်ိဳးကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အီတလီ၊ စပိန္နဲ႔ ျပင္သစ္တို႔မွာ ဆုဖလားေတြ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီဘရာဟီမိုဗစ္ဟာ အိပ္ေပ်ာ္ေနခ်ိန္မွာေတာင္ ေဘာလုံးအေၾကာင္းကိုပဲ ေတြးေနေသးပုံေပၚၿပီး ႐ိုနာလ္ဒိုဟာ ကလပ္အသင္းပြဲ ၄၅၅ ပြဲမွာ သြင္းဂိုး ၂၉၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၆ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တဲ့ မယုံႏိုင္စရာ ကစားသမားျဖစ္ခဲ့သလို ၁၉၉၇ ခုႏွစ္နဲ႔ ၂၀၀၂ ခုႏွစ္တို႔မွာလည္း ဘလြန္ေဒါဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.