UCL&UEL

အသင်းဟောင်း မန်ယူနိုက်တက်နဲ့ ပြန်လည်မတွေ့ဆုံမီ သတိပေးလိုက်တဲ့ ဇာဟာ

ဝီးလ်ဖရက်ဒ် ဇာဟာက လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မန်ချက်စတာယူနိုက်တက်ကို ပြန်သွားခဲံတာက ကစားသမားဘဝကို သေဆုံးစေခဲ့တယ်ဆိုတဲ့ပြောဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စု A ပွဲစဉ်အဖြစ် ဂလာတာဆာရေးနဲ့အတူ မန်ချက်စတာကို ပြန်လာရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရှပ်နဲ့ စိတ်ပျက်ဖွယ်ကာလတွေအကြောင်းကို မမေ့နိုင်သေးတာဖြစ်နိုင်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် မန်ယူနိုက်တက်အတွက် ၄ ပွဲသာ ကစားခဲ့ရတဲ့အပေါ်မှာ စိတ်ပျက်နေဆဲလား ဒါမှမဟုတ် မကျေမနပ်ဖြစ်နေဆဲလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ။ ခင်ဗျား ကျွန်တော့်မျက်နှာကို ကြည့်လိုက်လေ။ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံပေါ်တယ်ထင်လား။ လက်တွေ့ကျကျ ပြောရရင် ကျွန်တော်က သေဆုံးမလား ဒါမှမဟုတ် အဲဒီကနေ ပြန်တည်ဆောက်မလားဆိုတဲ့ အဆင့်ကို ဖြတ်သန်းခဲ့ရတယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ဘယ်တုန်းကမှ အဲဒီမှာ မသေဆုံးခဲ့ပါဘူး။ အဲဒါက ကျွန်တော့်ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် စိတ်ဓာတ်ကို တည်ဆောက်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားဘဝကို သေဆုံးခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားလို့ပါ။ ဘာလို့လဲဆိုရင် ကျွန်တော် တစ်နေရာကို သွားခဲ့ပြီး အဲဒါက အလုပ်မဖြစ်ခဲ့လို့ပါ။ ကျွန်တော် ရောက်ရှိချင်တဲ့နေရာကို ရောက်ရှိဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးသားမို့လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီမှာ ရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဇာဟာဟာ အိုးထရက်ဖို့ဒ်က စိတ်ပျက်ဖွယ်ရာသီအပြီးကတည်းက မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာက အထူးအဆန်းမဟုတ်တော့ဘဲ ၂၀၂၁ ခုနှစ်တုန်းက ခရစ္စတယ် ပဲလေ့စ်က ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့သလို ရန်းနစ်ခ်ရဲ့ ယာယီနည်းပြဘဝ နောက်ဆုံးပွဲဖြစ်တဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က ပွဲမှာလည်း ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရာမှာ နောက်ထပ် စိတ်ဓာတ်ခွန်အားအဖြစ် လှုံ့ဆောက်မှုတွေ ထပ်ဖြည့်ခဲ့သလားလို့ မေးမြန်းခဲ့ရာမှာ ဇာဟာက ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒါက ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရတဲ့ သာမန်လိဂ်ပွဲပါ။ သူတို့တွေ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။ ကျွန်တော် အသက် ၁၉၊ ၂၀ လောက်တုန်းက ဒီမှာ အတိတ်တွေရှိခဲ့တယ်။ ကျွန်တော် ပဲလေ့စ်ကို ပြန်သွားခဲ့ပြီး သူတို့နဲ့ လိဂ်မှာ ရင်ဆိုင်ကစားခဲ့တယ်။ ကျွန်တော် သူတို့နဲ့ အလုပ်သဘောအတိုင်းပဲ ရင်ဆိုင်ကစားခဲ့တာပါ။ မန်ယူနိုက်တက်က ဟိုးအရင့်အရင်တုန်းက ကျွန်တော် ကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။ ၁၀ နှစ် ရှေ့ကို ပြန်ကျော်လိုက်ရင် ကျွန်တော်က အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး တော်တော်လေး ရင့်ကျက်နေခဲ့ပြီလို့ ခံစားရပါတယ်။ ကျွန်တော်က ဂလာတာဆာရေးလို အသင်းကြီးတစ်သင်းမှာရှိနေတာပါ။ ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ သူတို့ကို နာကျင်အောင်လုပ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲကို စောင့်မျှော်နေပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝီးလ္ဖရက္ဒ္ ဇာဟာက လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္က မန္ခ်က္စတာယူႏိုက္တက္ကို ျပန္သြားခဲံတာက ကစားသမားဘဝကို ေသဆုံးေစခဲ့တယ္ဆိုတဲ့ေျပာဆိုမႈကို ျငင္းဆန္ခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ေတာင္ပံကစားသမားဟာ ယေန႔ညမွာ ခ်န္ပီယံလိဂ္အုပ္စု A ပြဲစဥ္အျဖစ္ ဂလာတာဆာေရးနဲ႔အတူ မန္ခ်က္စတာကို ျပန္လာရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရွပ္နဲ႔ စိတ္ပ်က္ဖြယ္ကာလေတြအေၾကာင္းကို မေမ့ႏိုင္ေသးတာျဖစ္ႏိုင္ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းက ေပါင္ ၁၀ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ မန္ယူႏိုက္တက္အတြက္ ၄ ပြဲသာ ကစားခဲ့ရတဲ့အေပၚမွာ စိတ္ပ်က္ေနဆဲလား ဒါမွမဟုတ္ မေက်မနပ္ျဖစ္ေနဆဲလားလို႔ ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္းပဲ ေျပာမယ။ ခင္ဗ်ား ကြၽန္ေတာ့္မ်က္ႏွာကို ၾကည့္လိုက္ေလ။ စိတ္အေႏွာင့္အယွက္ျဖစ္ေနတဲ့ပုံေပၚတယ္ထင္လား။ လက္ေတြ႕က်က် ေျပာရရင္ ကြၽန္ေတာ္က ေသဆုံးမလား ဒါမွမဟုတ္ အဲဒီကေန ျပန္တည္ေဆာက္မလားဆိုတဲ့ အဆင့္ကို ျဖတ္သန္းခဲ့ရတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ကေတာ့ ဘယ္တုန္းကမွ အဲဒီမွာ မေသဆုံးခဲ့ပါဘူး။ အဲဒါက ကြၽန္ေတာ့္ကစားသမားဘဝကို ေရွ႕ဆက္ႏိုင္ဖို႔အတြက္ စိတ္ဓာတ္ကို တည္ေဆာက္ေပးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ကစားသမားဘဝကို ေသဆုံးခြင့္မေပးႏိုင္ဘူးလို႔ ဆုံးျဖတ္ထားလို႔ပါ။ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္ တစ္ေနရာကို သြားခဲ့ၿပီး အဲဒါက အလုပ္မျဖစ္ခဲ့လို႔ပါ။ ကြၽန္ေတာ္ ေရာက္ရွိခ်င္တဲ့ေနရာကို ေရာက္ရွိဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့ၿပီးသားမို႔လို႔ပါ။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ ဒီေန႔ ဒီမွာ ရွိေနပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဇာဟာဟာ အိုးထရက္ဖို႔ဒ္က စိတ္ပ်က္ဖြယ္ရာသီအၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရတာက အထူးအဆန္းမဟုတ္ေတာ့ဘဲ ၂၀၂၁ ခုႏွစ္တုန္းက ခရစၥတယ္ ပဲေလ့စ္က ၃-၁ နဲ႔ အေဝးကြင္းႏိုင္ပြဲရရွိခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္းယူခဲ့သလို ရန္းနစ္ခ္ရဲ႕ ယာယီနည္းျပဘဝ ေနာက္ဆုံးပြဲျဖစ္တဲ့ ဆဲလ္ဟတ္စ္ပါ့ခ္က ပြဲမွာလည္း ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ျပန္လည္ရင္ဆိုင္ရာမွာ ေနာက္ထပ္ စိတ္ဓာတ္ခြန္အားအျဖစ္ လႈံ႕ေဆာက္မႈေတြ ထပ္ျဖည့္ခဲ့သလားလို႔ ေမးျမန္းခဲ့ရာမွာ ဇာဟာက ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

“အဲဒါက ယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားရတဲ့ သာမန္လိဂ္ပြဲပါ။ သူတို႔ေတြ ယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားခဲ့ရတာပါ။ ကြၽန္ေတာ္ အသက္ ၁၉၊ ၂၀ ေလာက္တုန္းက ဒီမွာ အတိတ္ေတြရွိခဲ့တယ္။ ကြၽန္ေတာ္ ပဲေလ့စ္ကို ျပန္သြားခဲ့ၿပီး သူတို႔နဲ႔ လိဂ္မွာ ရင္ဆိုင္ကစားခဲ့တယ္။ ကြၽန္ေတာ္ သူတို႔နဲ႔ အလုပ္သေဘာအတိုင္းပဲ ရင္ဆိုင္ကစားခဲ့တာပါ။ မန္ယူႏိုက္တက္က ဟိုးအရင့္အရင္တုန္းက ကြၽန္ေတာ္ ကစားခဲ့ဖူးတဲ့ အသင္းတစ္သင္းပါ။ ၁၀ ႏွစ္ ေရွ႕ကို ျပန္ေက်ာ္လိုက္ရင္ ကြၽန္ေတာ္က အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္ၿပီး ေတာ္ေတာ္ေလး ရင့္က်က္ေနခဲ့ၿပီလို႔ ခံစားရပါတယ္။ ကြၽန္ေတာ္က ဂလာတာဆာေရးလို အသင္းႀကီးတစ္သင္းမွာရွိေနတာပါ။ ကြၽန္ေတာ္တို႔မွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္တို႔မွာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္တို႔ မနက္ျဖန္အတြက္ အဆင္သင့္ျဖစ္ၿပီလို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ သူတို႔ကို နာက်င္ေအာင္လုပ္ႏိုင္တဲ့ ကစားသမားေတြ ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီပြဲကို ေစာင့္ေမွ်ာ္ေနပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.