La Liga

ဆိုစီဒက်ကို အနိုင်ယူပြီး ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲဆက်တဲ့ ဟာလာ မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့ညနေက ဘာနေဗျူးမှာ ရီးရဲလ်ဆိုစီဒက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုရာသီ ၅ ပွဲကစားခဲ့ရာမှာ ၅ ပွဲအနိုင်နဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နယူးကာဆယ်နဲ့ စတုတ်စီးတီးတိုက်စစ်မှူးဟောင်း ဂျိုဆေးလူက ရီးရဲလ်မက်ဒရစ်အတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ဖရန် ဂါစီယာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း ဘရာဟင် ဒီယက်ဇ်ရဲ့ ဖြတ်တင်ပေးပို့မှုကို အဆုံးသတ်ခဲ့ပေမယ့်လည်း အဲလက်စ် ရာမီရိုက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်း ၅ မိနစ်မှာပဲ အံ့အားသင့်ဖွယ် ဂိုးခွင့်ပြုခဲ့ရပြီးနောက် ၄၆ မိနစ်မှာ ဖက်ဒရီကို ဗယ်လ်ဗာဒီက ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်ဟာ ပထမပိုင်းမှာ ဦးဆောင်နိုင်ပြီးနောက် လိဂ် ၄၆ ပွဲအထိ ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကျိုးပျက်ခဲ့ရပြီဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အဓိကပြိုင်ဘက် ဘာစီလိုနာထက် ၂ မှတ်အသာနဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကနေရာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ယူနီယံဘာလင်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ပြင်ဆင်သွားတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ တနဂၤေႏြေန႔ညေနက ဘာေနဗ်ဴးမွာ ရီးရဲလ္ဆိုစီဒက္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ယခုရာသီ ၅ ပြဲကစားခဲ့ရာမွာ ၅ ပြဲအႏိုင္နဲ႔ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။

နယူးကာဆယ္နဲ႔ စတုတ္စီးတီးတိုက္စစ္မႉးေဟာင္း ဂ်ိဳေဆးလူက ရီးရဲလ္မက္ဒရစ္အတြက္ သူရဲေကာင္းျဖစ္ခဲ့ၿပီး ဖရန္ ဂါစီယာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္သြင္းယူၿပီး အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းယူဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္လည္း ဘရာဟင္ ဒီယက္ဇ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို အဆုံးသတ္ခဲ့ေပမယ့္လည္း အဲလက္စ္ ရာမီ႐ိုက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပထမပိုင္း ၅ မိနစ္မွာပဲ အံ့အားသင့္ဖြယ္ ဂိုးခြင့္ျပဳခဲ့ရၿပီးေနာက္ ၄၆ မိနစ္မွာ ဖက္ဒရီကို ဗယ္လ္ဗာဒီက ေခ်ပဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ရီးရဲလ္ ဆိုစီဒက္ဟာ ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ၿပီးေနာက္ လိဂ္ ၄၆ ပြဲအထိ ရႈံးပြဲမရွိခဲ့တဲ့ စံခ်ိန္က်ိဳးပ်က္ခဲ့ရၿပီျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ အဓိကၿပိဳင္ဘက္ ဘာစီလိုနာထက္ ၂ မွတ္အသာနဲ႔ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးကေနရာကို ဆက္လက္ ထိန္းသိမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ယူနီယံဘာလင္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားဖို႔ ျပင္ဆင္သြားေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.