Premier League

ဟာဗတ်ဇ်နဲ့ အာဆင်နယ်က သူ့ရည်းစားကို အဝှာပြုဖို့ ချုပ်တုန်းကလိုပဲဆိုတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ကွင်းလယ်လူသစ် ခိုင် ဟာဗတ်ဇ်အနေနဲ့ လက်ရှိအချိန်အထိ အံဝင်ဖို့ မဖြစ်နိုင်သေးတဲ့အပေါ်မှာ ပြက်လုံးထုတ်သွားခဲ့ပြီး ဂျာမန်သားကို မြင်နေရတာ သူနဲ့ သူ့မိန်းမတို့ ငယ်စဉ် သမီးရည်းစားဘဝကနေ တစ်ဆင့်ချင်းတက်ဖို့ ကြိုးစားရပုံကိုတောင် သွားပြီး သတိရမိသေးတယ်လို့ ဆိုသွားခဲ့ပါတယ်။

ဟာဗတ်ဇ်အနေနဲ့ ဒီနေ့ မန်ယူနဲ့ပွဲမှာလည်း အပိုင်ဂိုးတစ်ဂိုးကို လွဲချော်ခဲ့သလို သူ့ရဲ့ အန္တရာယ်များတဲ့ ပေးပို့မှုကနေ တစ်ဖက်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ဆီ ဘောလုံးဆုံးရှုံးခဲ့ပြီး ဒီကနေ မားကပ်စ် ရက်ရှ်ဖို့ဒ် အဖွင့်ဂိုးသွင်းယူရာမှာ မြစ်ဖျားခံခဲ့လို့ အာဆင်နယ်ဖန်တွေရဲ့ ငြိုငြင်ခြင်းကို ရင်ဆိုင်နေခဲ့ရတာပါ။

အာတီတာက “ကျွန်တော့် မိန်းမနဲ့ စတွေ့တုန်း အချိန်တွေကပေါ့ဗျာ… အမျိုးမျိုး ကြိုးစားရ၊ မက်ဆေ့တွေ ပို့ရနဲ့ ဂရုတွေ စိုက်လိုက်ရတာ… တစ်နေ့ကျတော့ သူက ‘အတူနေချင်ပြီ မီခယ်လ်ရယ်’လို့ ပြောလာတဲ့အထိပေါ့လေ… အဲ့ဒီအခိုက်အတန့်ကတော့ တကယ်ကို လှပတဲ့ အချိန်မျိုးပဲဗျို့…”

“ဒါပေမယ့် ပထမဆုံးနေ့မှာ ဒီလို သူ့ဘက်က ခွင့်ပြုပြီး ခေါင်းညိတ်ခဲ့လို့ အားလုံးက အပေါက်လမ်းတည့်ပြီး လျောလျောလျူလျူဖြစ်သွားတယ်လို့ မထင်လိုက်နဲ့ဦး… ရှေ့ဆက်ပြီး အပေးအယူတည့်အောင် ကြိုးစားရသေးတာဗျ။ အခု ခိုင်လည်း ဒီလိုပါပဲ။ သူ့ကို မနေ့က အဲဒီအကြောင်း ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်… အရာအားလုံးဟာ အစမှာ ခက်ခဲတယ်လို့ပေါ့”ဆိုပြီး အာတီတာက ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

အာတီတာက သူ့မိန်းမ လိုရီနာ ဘာနယ်လ်ကို ဘယ်လိုအောင်မြင်ခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ အမြဲတမ်း မဆုတ်မနစ် တစ်သမတ်တည်း ကြိုးစားပြီး ပေးဆပ်လိုစိတ် ရှိနေဖို့ပဲ အရေးကြီးကြောင်း အာဆင်နယ်မှာ ဟာဗတ်ဇ် လုပ်ဆောင်ရမယ့် တာဝန်၊ အခန်းကဏ္ဍနဲ့ စိတ်ထားအကြောင်းကို စကိုင်းစပို့စ်နဲ့ တွေ့ဆုံမေးမြန်းရာမှာ ဖွင့်ဟသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ကြင္းလယ္လူသစ္ ခိုင္ ဟာဗတ္ဇ္အေနနဲ႔ လက္ရွိအခ်ိန္အထိ အံဝင္ဖို႔ မျဖစ္ႏိုင္ေသးတဲ့အေပၚမွာ ျပက္လုံးထုတ္သြားခဲ့ၿပီး ဂ်ာမန္သားကို ျမင္ေနရတာ သူနဲ႔ သူ႔မိန္းမတို႔ ငယ္စဥ္ သမီးရည္းစားဘဝကေန တစ္ဆင့္ခ်င္းတက္ဖို႔ ႀကိဳးစားရပုံကိုေတာင္ သြားၿပီး သတိရမိေသးတယ္လို႔ ဆိုသြားခဲ့ပါတယ္။

ဟာဗတ္ဇ္အေနနဲ႔ ဒီေန႔ မန္ယူနဲ႔ပြဲမွာလည္း အပိုင္ဂိုးတစ္ဂိုးကို လြဲေခ်ာ္ခဲ့သလို သူ႔ရဲ႕ အႏၲရာယ္မ်ားတဲ့ ေပးပို႔မႈကေန တစ္ဖက္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ဆီ ေဘာလုံးဆုံးရႈံးခဲ့ၿပီး ဒီကေန မားကပ္စ္ ရက္ရွ္ဖို႔ဒ္ အဖြင့္ဂိုးသြင္းယူရာမွာ ျမစ္ဖ်ားခံခဲ့လို႔ အာဆင္နယ္ဖန္ေတြရဲ႕ ၿငိဳျငင္ျခင္းကို ရင္ဆိုင္ေနခဲ့ရတာပါ။

အာတီတာက “ကြၽန္ေတာ့္ မိန္းမနဲ႔ စေတြ႕တုန္း အခ်ိန္ေတြကေပါ့ဗ်ာ… အမ်ိဳးမ်ိဳး ႀကိဳးစားရ၊ မက္ေဆ့ေတြ ပို႔ရနဲ႔ ဂ႐ုေတြ စိုက္လိုက္ရတာ… တစ္ေန႔က်ေတာ့ သူက ‘အတူေနခ်င္ၿပီ မီခယ္လ္ရယ္’လို႔ ေျပာလာတဲ့အထိေပါ့ေလ… အဲ့ဒီအခိုက္အတန႔္ကေတာ့ တကယ္ကို လွပတဲ့ အခ်ိန္မ်ိဳးပဲဗ်ိဳ႕…”

“ဒါေပမယ့္ ပထမဆုံးေန႔မွာ ဒီလို သူ႔ဘက္က ခြင့္ျပဳၿပီး ေခါင္းညိတ္ခဲ့လို႔ အားလုံးက အေပါက္လမ္းတည့္ၿပီး ေလ်ာေလ်ာလ်ဴလ်ဴျဖစ္သြားတယ္လို႔ မထင္လိုက္နဲ႔ဦး… ေရွ႕ဆက္ၿပီး အေပးအယူတည့္ေအာင္ ႀကိဳးစားရေသးတာဗ်။ အခု ခိုင္လည္း ဒီလိုပါပဲ။ သူ႔ကို မေန႔က အဲဒီအေၾကာင္း ကြၽန္ေတာ္ ေျပာျဖစ္ခဲ့ပါတယ္… အရာအားလုံးဟာ အစမွာ ခက္ခဲတယ္လို႔ေပါ့”ဆိုၿပီး အာတီတာက ရွင္းျပသြားခဲ့တာျဖစ္ပါတယ္။

အာတီတာက သူ႔မိန္းမ လိုရီနာ ဘာနယ္လ္ကို ဘယ္လိုေအာင္ျမင္ခဲ့သလဲဆိုတဲ့ ေမးခြန္းကိုေတာ့ အၿမဲတမ္း မဆုတ္မနစ္ တစ္သမတ္တည္း ႀကိဳးစားၿပီး ေပးဆပ္လိုစိတ္ ရွိေနဖို႔ပဲ အေရးႀကီးေၾကာင္း အာဆင္နယ္မွာ ဟာဗတ္ဇ္ လုပ္ေဆာင္ရမယ့္ တာဝန္၊ အခန္းက႑နဲ႔ စိတ္ထားအေၾကာင္းကို စကိုင္းစပို႔စ္နဲ႔ ေတြ႕ဆုံေမးျမန္းရာမွာ ဖြင့္ဟသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.