Match Report Premier League

နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ အမ်းမရိတ်မှာ မန်ယူတို့ကို ကြေကွဲစေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာလည်း မန်ချက်စတာယူနိုက်တက်တို့ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန်အတွင်းမှာ ဖြုန်းတီးမှုနဲ့ အလုပ်မဖြစ်မှုတွေ များခဲ့ပေမယ့် နာကျင်အချိန်ပိုသွင်းဂိုး နှစ်ဂိုးနဲ့ အလဲထိုးခဲ့သလို အမ်းမရိတ်က နောက်ဆုံး ၅ နှစ် တွေ့ဆုံမှုမှာ တစ်မှတ်သာ ရခဲ့တဲ့ ဧည့်သည်တွေကို ၆ နှစ်မြောက်မှာလည်း ဒဏ်ရာတွေ ပေးပြီး အသည်းခွဲခဲ့တာဖြစ်ပါတယ်။

နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ လူစာရင်းကို ပြောင်းလဲသွားခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို ပြန်သုံးခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်ခဲ့တာပါ။

ဧည့်သည် မန်ယူတို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို နေရာချခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်တို့က ဘောလုံးကိုင်ကစားခဲ့သလို မန်ယူတို့က ကောင်တာအားပြုတဲ့ ပုံစံနဲ့ ပရိသတ်တွေကို အံ့ဩစရာတော့ မရှိဘဲ ဖြစ်စေခဲ့ပြီး တန်ဟတ်ရဲ့ ဒါလော့ကို ဘယ်ခြမ်းမှာ ထားတဲ့ ဗျူဟာမှာ ဆာကာက အပိတ်ခံခဲ့ရချိန်မှာ မာတီနယ်လီကတော့ ဟာဗတ်ဇ်နဲ့ အတွဲမမိခဲ့ဘဲ ဂျာမန်သားကလည်း အပိုင်တစ်လုံးကို ဖြုန်းခဲ့သေးတာကြောင့် အိမ်ရှင်တွေ အလုပ်မဖြစ်ဘဲ ရှိနေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ထုံးစံအတိုင်း မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟာဗတ်ဇ်ရဲ့ ပေးပို့မှုအမှားကို အဲရစ်ဆန်က ဖြတ်ယူသွားခဲ့ပြီး ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ဝတ်ကျေတန်းကျေပုံစံနဲ့ တားဆီးခဲ့တဲ့ ဘန်ဝှိုက်နဲ့ ဆာလီဘာကို ကျော်ပြီး အဝေးတိုင်ကို ကန်သွင်းနိုင်ခဲ့တာကြောင့် ဂိုးသမား ရမ်းစ်ဒေးလ် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အာဆင်နယ်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဂါဘရီယယ်လ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ စခဲ့တဲ့ ဘောလုံးကို နကီးတီးယားနဲ့ တွဲဖက်ပြီး ဧရိယာထဲမှာ ပြန်ရခဲ့တဲ့ မာတီနယ်လီက အလယ်ကို ပြန်ခင်းပေးရာမှာ အော်ဒီဂွါဒ်က လွတ်လွတ်ကျွတ်ကျွတ် အပိုင် ကန်သွင်းရယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ အာဆင်နယ်တို့ တွဲလုံးတွေ အပျက်များခဲ့သလို ဘူကာယို ပေပေလို့ နာမည်ပြောင်းပေးဖို့ကောင်းတဲ့ ဆာကာကလည်း ဘာမှ မလုပ်နိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အပြောင်းအလဲမလုပ်ခဲ့တဲ့ အာတီတာကြောင့် မန်ယူတို့ခံစစ်က ရှင်းထုတ်ဖို့ လွယ်ကူခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် VAR ပြန်ကြည့်ရမှာတော့ ဝန်ဘစ်ဆာကာရဲ့ ဖျက်ထုတ်မှုက ဟာဗတ်ဇ်ရဲ့ ခြေထောက်ကို မထိခဲ့ဘဲ လေဟပ်တာနဲ့ လဲသွားသလိုဖြစ်ခဲ့တာကြောင့် ဒိုင်လူကြီး အန်ထော်နီ တေလာကိုယ်တိုင် ကွင်းဘေး မော်နီတာကို သွားကြည့်အပြီးမှာ ပယ်ဖျက်ခဲ့တာကြောင့် ဆုံးဖြတ်ချက်က မျှမျှတတ ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ မန်ယူတို့ဘက်က လီဆန်ဒရို မာတီနက်ဇ်နဲ့ မာစီယယ်လ်တို့အစား မက်ဂွိုင်းယားနဲ့ ဟွိုင်လွန်းကို ထည့်သွင်းခဲ့ပြီး ဒီကြားထဲမှာ မာတီနယ်လီက ခေါင်းကြီးငုံ့ပြီး လျှောက်ပတ်ပြေးနေပေမယ့် အာတီတာကတော့ သူ့တပည့်ရင်းကို လက်ရှောင်ခဲ့သလို ဇင်ချန်ကို၊ ဟာဗတ်ဇ်နဲ့ နကီးတီးယားတို့အစား တိုမီယာစု၊ ဖာဘီယို ဗီယာရာနဲ့ ဂျေဆူးစ်တို့ကို ပွဲချိန် ၇၆ မိနစ်မှာ ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဘန်ဝှိုက်ရဲ့ အနိမ့်ဘော ဖြတ်ပို့မှုကနေ ဂိုးရှေ့တည့်တည့်မှာ တုတ်နဲ့ထိုးရင်တောင် ဝင်နိုင်တဲ့ ဘောလုံးကို ဘူကာယို ပေပေက ဂိုးသမား အိုနာနာရဲ့ ခြေထောက်ထဲ တည့်တည့်ကန်ခဲ့တာကြောင့် ပရိသတ်တွေ လောင်ခဲ့ရအပြီး ပွဲချိန် ၈၈ မိနစ်မှာ ကောင်တာကနေ ဂါနာချိုက ဖုန်းတစ်ဂိုး ရမ်းစ်ဒေးလ်ကို အနိုင်ယူပြီး ဂိုးသွင်းခဲ့ပေမယ့် VAR ကယ်လို့ အာဆင်နယ်တို့ လူကျွံဘောနဲ့ သက်သာရာရခဲ့တာပါ။

နာကျင်အချိန်ပို ၈ မိနစ်ပေးခဲ့တဲ့ ပွဲရဲ့ ပွဲချိန်မိနစ် ၉၀ မှာတော့ မာတီနယ်လီကို နယ်လ်ဆန်နဲ့ လဲခဲ့လို့ အာဆင်နယ် ဘယ်တောင်ပံက ပိုလှုပ်လာခဲ့ပြီး နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ဆာကာရဲ့ ထောင့်ကန်ဘောက ဘယ်သူနဲ့မှ မထိဘဲ အဝေးတိုင်ဘက် ကျလာခဲ့တာကို ဒက်ကလန် ရိုက်စ်က ထိန်းပြီး အလျင်အမြန်ကန်သွင်းခဲ့ရာမှာ အီဗန်စ်၊ မက်ဂွိုင်းယားတို့နဲ့ ရှပ်ထိပြီး ဂိုးထဲ ဝင်သွားတာကြောင့် အိုနာနာ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁၁ မိနစ်မှာတော့ အာဆင်နယ်တို့ မန်ယူကို အပြီးသတ် ဦးချိုးသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နယ်လ်ဆန် လုယူပေးခဲ့တဲ့ ဘောလုံးကို ဖာဘီယို ဗီယာရာက တစ်ဖက်ခံစစ်ကွက်လပ်ကြားကို လှမ်းခင်းပြီး ကောင်တာဝင်ခဲ့ချိန်မှာ ဂျေဆူးစ်က ဝင်ဖျက်တဲ့ ဒါလော့ကို တစ်ချက် ခေါက်ပြီးမှ ဂိုးသမား အိုနာနာရဲ့ ညာဘက်ကို ကြိုးတုပ်ရိုက်သလို ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က မန်ယူတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ စပါးစ်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နိုင်ခဲ့ကြချိန်မှာ နာကျင်အချိန်ပိုမှာ ကြေကွဲခဲ့တဲ့ ဧည့်သည်တွေကတော့ အဆင့် ၁၁ ဆီ ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာလည္း မန္ခ်က္စတာယူႏိုက္တက္တို႔ကို အသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္အတြင္းမွာ ျဖဳန္းတီးမႈနဲ႔ အလုပ္မျဖစ္မႈေတြ မ်ားခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုသြင္းဂိုး ႏွစ္ဂိုးနဲ႔ အလဲထိုးခဲ့သလို အမ္းမရိတ္က ေနာက္ဆုံး ၅ ႏွစ္ ေတြ႕ဆုံမႈမွာ တစ္မွတ္သာ ရခဲ့တဲ့ ဧည့္သည္ေတြကို ၆ ႏွစ္ေျမာက္မွာလည္း ဒဏ္ရာေတြ ေပးၿပီး အသည္းခြဲခဲ့တာျဖစ္ပါတယ္။

နည္းျပ အာတီတာအေနနဲ႔ သူ႔ရဲ႕ လူစာရင္းကို ေျပာင္းလဲသြားခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို ျပန္သုံးခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္ခဲ့တာပါ။

ဧည့္သည္ မန္ယူတို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို ေနရာခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ပြဲစတာနဲ႔ အာဆင္နယ္တို႔က ေဘာလုံးကိုင္ကစားခဲ့သလို မန္ယူတို႔က ေကာင္တာအားျပဳတဲ့ ပုံစံနဲ႔ ပရိသတ္ေတြကို အံ့ဩစရာေတာ့ မရွိဘဲ ျဖစ္ေစခဲ့ၿပီး တန္ဟတ္ရဲ႕ ဒါေလာ့ကို ဘယ္ျခမ္းမွာ ထားတဲ့ ဗ်ဴဟာမွာ ဆာကာက အပိတ္ခံခဲ့ရခ်ိန္မွာ မာတီနယ္လီကေတာ့ ဟာဗတ္ဇ္နဲ႔ အတြဲမမိခဲ့ဘဲ ဂ်ာမန္သားကလည္း အပိုင္တစ္လုံးကို ျဖဳန္းခဲ့ေသးတာေၾကာင့္ အိမ္ရွင္ေတြ အလုပ္မျဖစ္ဘဲ ရွိေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ထုံးစံအတိုင္း မန္ယူတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဟာဗတ္ဇ္ရဲ႕ ေပးပို႔မႈအမွားကို အဲရစ္ဆန္က ျဖတ္ယူသြားခဲ့ၿပီး ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က ဝတ္ေက်တန္းေက်ပုံစံနဲ႔ တားဆီးခဲ့တဲ့ ဘန္ဝႈိက္နဲ႔ ဆာလီဘာကို ေက်ာ္ၿပီး အေဝးတိုင္ကို ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ဂိုးသမား ရမ္းစ္ေဒးလ္ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ အာဆင္နယ္တို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂါဘရီယယ္လ္ရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကေန စခဲ့တဲ့ ေဘာလုံးကို နကီးတီးယားနဲ႔ တြဲဖက္ၿပီး ဧရိယာထဲမွာ ျပန္ရခဲ့တဲ့ မာတီနယ္လီက အလယ္ကို ျပန္ခင္းေပးရာမွာ ေအာ္ဒီဂြါဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ ကန္သြင္းရယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ အာဆင္နယ္တို႔ တြဲလုံးေတြ အပ်က္မ်ားခဲ့သလို ဘူကာယို ေပေပလို႔ နာမည္ေျပာင္းေပးဖို႔ေကာင္းတဲ့ ဆာကာကလည္း ဘာမွ မလုပ္ႏိုင္ခဲ့တာေၾကာင့္ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း အေျပာင္းအလဲမလုပ္ခဲ့တဲ့ အာတီတာေၾကာင့္ မန္ယူတို႔ခံစစ္က ရွင္းထုတ္ဖို႔ လြယ္ကူခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာဆင္နယ္တို႔ ပင္နယ္တီရခဲ့ေပမယ့္ VAR ျပန္ၾကည့္ရမွာေတာ့ ဝန္ဘစ္ဆာကာရဲ႕ ဖ်က္ထုတ္မႈက ဟာဗတ္ဇ္ရဲ႕ ေျခေထာက္ကို မထိခဲ့ဘဲ ေလဟပ္တာနဲ႔ လဲသြားသလိုျဖစ္ခဲ့တာေၾကာင့္ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကိုယ္တိုင္ ကြင္းေဘး ေမာ္နီတာကို သြားၾကည့္အၿပီးမွာ ပယ္ဖ်က္ခဲ့တာေၾကာင့္ ဆုံးျဖတ္ခ်က္က မွ်မွ်တတ ျဖစ္ခဲ့တယ္လို႔ပဲ ဆိုရမွာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ မန္ယူတို႔ဘက္က လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ မာစီယယ္လ္တို႔အစား မက္ဂြိဳင္းယားနဲ႔ ဟြိဳင္လြန္းကို ထည့္သြင္းခဲ့ၿပီး ဒီၾကားထဲမွာ မာတီနယ္လီက ေခါင္းႀကီးငုံ႔ၿပီး ေလွ်ာက္ပတ္ေျပးေနေပမယ့္ အာတီတာကေတာ့ သူ႔တပည့္ရင္းကို လက္ေရွာင္ခဲ့သလို ဇင္ခ်န္ကို၊ ဟာဗတ္ဇ္နဲ႔ နကီးတီးယားတို႔အစား တိုမီယာစု၊ ဖာဘီယို ဗီယာရာနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲခ်ိန္ ၇၆ မိနစ္မွာ ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဘန္ဝႈိက္ရဲ႕ အနိမ့္ေဘာ ျဖတ္ပို႔မႈကေန ဂိုးေရွ႕တည့္တည့္မွာ တုတ္နဲ႔ထိုးရင္ေတာင္ ဝင္ႏိုင္တဲ့ ေဘာလုံးကို ဘူကာယို ေပေပက ဂိုးသမား အိုနာနာရဲ႕ ေျခေထာက္ထဲ တည့္တည့္ကန္ခဲ့တာေၾကာင့္ ပရိသတ္ေတြ ေလာင္ခဲ့ရအၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာ ေကာင္တာကေန ဂါနာခ်ိဳက ဖုန္းတစ္ဂိုး ရမ္းစ္ေဒးလ္ကို အႏိုင္ယူၿပီး ဂိုးသြင္းခဲ့ေပမယ့္ VAR ကယ္လို႔ အာဆင္နယ္တို႔ လူကြၽံေဘာနဲ႔ သက္သာရာရခဲ့တာပါ။

နာက်င္အခ်ိန္ပို ၈ မိနစ္ေပးခဲ့တဲ့ ပြဲရဲ႕ ပြဲခ်ိန္မိနစ္ ၉၀ မွာေတာ့ မာတီနယ္လီကို နယ္လ္ဆန္နဲ႔ လဲခဲ့လို႔ အာဆင္နယ္ ဘယ္ေတာင္ပံက ပိုလႈပ္လာခဲ့ၿပီး နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ ဆာကာရဲ႕ ေထာင့္ကန္ေဘာက ဘယ္သူနဲ႔မွ မထိဘဲ အေဝးတိုင္ဘက္ က်လာခဲ့တာကို ဒက္ကလန္ ႐ိုက္စ္က ထိန္းၿပီး အလ်င္အျမန္ကန္သြင္းခဲ့ရာမွာ အီဗန္စ္၊ မက္ဂြိဳင္းယားတို႔နဲ႔ ရွပ္ထိၿပီး ဂိုးထဲ ဝင္သြားတာေၾကာင့္ အိုနာနာ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ မန္ယူကို အၿပီးသတ္ ဦးခ်ိဳးသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ နယ္လ္ဆန္ လုယူေပးခဲ့တဲ့ ေဘာလုံးကို ဖာဘီယို ဗီယာရာက တစ္ဖက္ခံစစ္ကြက္လပ္ၾကားကို လွမ္းခင္းၿပီး ေကာင္တာဝင္ခဲ့ခ်ိန္မွာ ေဂ်ဆူးစ္က ဝင္ဖ်က္တဲ့ ဒါေလာ့ကို တစ္ခ်က္ ေခါက္ၿပီးမွ ဂိုးသမား အိုနာနာရဲ႕ ညာဘက္ကို ႀကိဳးတုပ္႐ိုက္သလို ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က မန္ယူတို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ စပါးစ္၊ လီဗာပူးလ္၊ ဝက္စ္ဟမ္းတို႔နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ရပ္တည္ႏိုင္ခဲ့ၾကခ်ိန္မွာ နာက်င္အခ်ိန္ပိုမွာ ေၾကကြဲခဲ့တဲ့ ဧည့္သည္ေတြကေတာ့ အဆင့္ ၁၁ ဆီ က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.