Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၂.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာထြက္ခြာသြားႏုိင္တဲ့ ကြက္လပ္နဲ႔ က်ဆင္းလာတဲ့ နီမန္ဂ်ာ မာတစ္တုိ႔အတြက္ အစားထိုးမွဳအျဖစ္ စဥ္းစားထားတဲ့ လိုင္လီကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးအေနနဲ႔ သူ႕ရဲ႕ ကစားခ်င္တဲ့အသင္းက ယူႏုိက္တက္လို႔ ဆုိလုိက္ၿပီး က်န္တဲ့ ကမ္းလွမ္းမွဳေတြကို ပယ္ခ်ထား။

– လာမယ့္ ဇန္နဝါရီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အေျပာင္းအလဲအခ်ဳိ႕ကို ထပ္မံျမင္ေတြ႕ရႏိုင္ၿပီး ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေရာင္းခ်သြားဖို႔နဲ႔ ဘာစီလိုနာက အူစမန္ ဒမ္ဘီလီကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔ ႀကဳိးစားလာႏုိင္ေၾကာင္း သတင္းေတြ ေဖာ္ျပ။

– အဲလက္စ္ တဲလက္စ္ ေရာက္ရွိလာအၿပီးမွာ ဘယ္ေနာက္ခံမွာ ေနရာမရႏုိင္ေတာ့တဲ့ လူငယ္ေနာက္ခံလူ ဘရန္ဒန္ ဝီလီယမ္စ္ကို အသင္းကေန အငွားနဲ႔ ထြက္ခြာဖို႔ ေအးဂ်င့္တုိက္တြန္းထားၿပီး ဒီလ ၁၆ ရက္ေန႔ မတုိင္ခင္ ခ်န္ပီယံရွစ္ကို သြားေရာက္ဖြယ္ရွိေန။

– အသင္းရဲ႕ ဝါရင့္တုိက္စစ္မွဴးသစ္ အက္ဒင္ဆန္ ကာဗာနီက ႏုိင္ငံတူအသင္းေဖာ္ လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီရဲ႕ ေတာင္အေမရိသားပီပီ လွည့္စားတတ္တဲ့ ကစားပုံကို ႏွစ္သက္မိေၾကာင္း ခ်ီးက်ဴး။

– ပူပူေႏြးေႏြး MBE ဆုရွင္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က အစိုးရအေနနဲ႔ ႏုိင္ငံအတြင္းမွာ လက္ရွိစစ္တမ္းေကာက္ယူခ်က္ေတြအရ ေတြ႕ရွိရတဲ့ ဆင္းရဲခ်ဳိ႕တဲ့ေနတဲ့ ကေလးငယ္ ကိုးသိန္းေက်ာ္အတြက္ အစားအစာ ေထာက္ပံ့ေပးဖို႔ ဥပေဒသစ္ကို ေရးဆြဲသင့္ၿပီလုိ႔ တုိက္တြန္း။

– လာမယ့္ေႏြရာသီမွာ ယူႏုိက္တက္အေနနဲ႔ သူတုိ႔ရဲ႕ စိတ္ဝင္စားေနတဲ့ ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ အူပါမီကာႏုိနဲ႔ ဗာရြန္းတုိ႔ထဲက တစ္ဦးကုိ ရရွိႏုိင္ၿပီး ရီးရဲလ္မက္ဒရစ္အေနနဲ႔ RB လုိက္ပ္ဇစ္ေနာက္ခံလူကို ေခၚယူခဲ့ရင္ ဗာရြန္းကို အုိးလ္ထရက္ဖုိ႔ဒ္ဆီ ဆြဲေဆာင္ႏုိင္ဖြယ္ရွိ။

– ၿပီးခဲ့တဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ ေခ်ပဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ေနာက္ဆုံးေလးပြဲမွာ ေလးဂိုး သြင္းယူႏုိင္တဲ့ စံခ်ိန္ကို ရရွိသြားခဲ့ၿပီး ယူႏုိက္တက္ရဲ႕ အဂၤလန္ဂႏၴဝင္ေတြျဖစ္ၾကတဲ့ ေဘာ္ဘီ ခ်ာလ္တန္၊ ေဒးဗစ္ ဘက္ခမ္း၊ ဝိန္းရြန္နီတုိ႔နဲ႔ တူညီႏုိင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာထွက်ခွာသွားနိုင်တဲ့ ကွက်လပ်နဲ့ ကျဆင်းလာတဲ့ နီမန်ဂျာ မာတစ်တို့အတွက် အစားထိုးမှုအဖြစ် စဉ်းစားထားတဲ့ လိုင်လီကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးအနေနဲ့ သူ့ရဲ့ ကစားချင်တဲ့အသင်းက ယူနိုက်တက်လို့ ဆိုလိုက်ပြီး ကျန်တဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထား။

– လာမယ့် ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအလဲအချို့ကို ထပ်မံမြင်တွေ့ရနိုင်ပြီး ဒန်နီယယ်လ် ဂျိမ်းစ်ကို ရောင်းချသွားဖို့နဲ့ ဘာစီလိုနာက အူစမန် ဒမ်ဘီလီကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သတင်းတွေ ဖော်ပြ။

– အဲလက်စ် တဲလက်စ် ရောက်ရှိလာအပြီးမှာ ဘယ်နောက်ခံမှာ နေရာမရနိုင်တော့တဲ့ လူငယ်နောက်ခံလူ ဘရန်ဒန် ဝီလီယမ်စ်ကို အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ အေးဂျင့်တိုက်တွန်းထားပြီး ဒီလ ၁၆ ရက်နေ့ မတိုင်ခင် ချန်ပီယံရှစ်ကို သွားရောက်ဖွယ်ရှိနေ။

– အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးသစ် အက်ဒင်ဆန် ကာဗာနီက နိုင်ငံတူအသင်းဖော် လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီရဲ့ တောင်အမေရိသားပီပီ လှည့်စားတတ်တဲ့ ကစားပုံကို နှစ်သက်မိကြောင်း ချီးကျူး။

– ပူပူနွေးနွေး MBE ဆုရှင် မားကပ်စ် ရက်ရှ်ဖို့ဒ်က အစိုးရအနေနဲ့ နိုင်ငံအတွင်းမှာ လက်ရှိစစ်တမ်းကောက်ယူချက်တွေအရ တွေ့ရှိရတဲ့ ဆင်းရဲချို့တဲ့နေတဲ့ ကလေးငယ် ကိုးသိန်းကျော်အတွက် အစားအစာ ထောက်ပံ့ပေးဖို့ ဥပဒေသစ်ကို ရေးဆွဲသင့်ပြီလို့ တိုက်တွန်း။

– လာမယ့်နွေရာသီမှာ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ စိတ်ဝင်စားနေတဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ အူပါမီကာနိုနဲ့ ဗာရွန်းတို့ထဲက တစ်ဦးကို ရရှိနိုင်ပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ RB လိုက်ပ်ဇစ်နောက်ခံလူကို ခေါ်ယူခဲ့ရင် ဗာရွန်းကို အိုးလ်ထရက်ဖို့ဒ်ဆီ ဆွဲဆောင်နိုင်ဖွယ်ရှိ။

– ပြီးခဲ့တဲ့ ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ ချေပဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ နောက်ဆုံးလေးပွဲမှာ လေးဂိုး သွင်းယူနိုင်တဲ့ စံချိန်ကို ရရှိသွားခဲ့ပြီး ယူနိုက်တက်ရဲ့ အင်္ဂလန်ဂန္ထဝင်တွေဖြစ်ကြတဲ့ ဘော်ဘီ ချာလ်တန်၊ ဒေးဗစ် ဘက်ခမ်း၊ ဝိန်းရွန်နီတို့နဲ့ တူညီနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.