Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၂.၁၀.၂၀၂၀

– တိုက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုနဲ႔ လာမယ့္ရာသီမွာ ဘာစီလိုနာအသင္းကေန ေျပာင္းေရႊ႕လာႏုိင္တဲ့ လီယြန္နယ္ မက္ဆီတုိ႔ ႏုိင္ငံ့ အသင္းေဖာ္ခ်င္း ျပန္လည္ေတြ႕ဆုံခြင့္က ေတာ္ေတာ္ေလး နည္းပါးေနၿပီး ဘဏၰာေရး ထိန္းညႇိမွဳအရ မန္စီးတီးဂိုးသြင္းဘုရင္ကို သက္တမ္းတုိးႏုိင္ေျခနည္းေန။

– လာမယ့္ ဇန္နဝါရီမွာ အင္တာမီလန္အသင္းအေနနဲ႔ အေဂြ႐ိုကို ကမ္းလွမ္းဖို႔ စတင္ႀကဳိးစားသြားမွာျဖစ္ၿပီး တစ္ႏွစ္လုပ္ခ ေပါင္ ၇.၃ သန္း (ယူ႐ို ၈ သန္း)နဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားဖို႔ အီတလီကလပ္တာဝန္ရွိသူေတြ အလိုရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လုပ္ငန္းလည္ပတ္ေရးအရာရွိခ်ဳပ္ စီစီအို အိုမာ ဘယ္ရာဒါက ဘာစီလုိနာအသင္းဘက္က ေနာက္ခံလူ အဲရစ္ ဂါစီယာကို ကမ္းလွမ္းတဲ့ ပမာဏဟာ ဒီရာသီမွာ သူ႕ကို ျပန္လည္အစားထိုးရင္ ကုန္က်မယ့္ ပမာဏထက္ နည္းပါးေနလို႔ ျငင္းပယ္ၿပီး ကစားသမားဘက္က သက္တမ္းမတုိးလဲ ဆက္လက္ထိန္းသိမ္းဖို႔ ဆုံးျဖတ္ခဲ့တာလုိ႔ဆုိ။

– လက္ရွိနည္းျပ ပက္ပ္ ဂြါဒီယိုလာကို မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြက သက္တမ္းတုိးဖို႔ အလိုရွိေနေပမယ့္ ပရိသတ္ေတြၾကားမွာေတာ့ အေျပာင္းအလဲလုပ္ခ်ိန္တန္ၿပီလို႔ ယူဆေနၿပီး ေမာ္ရီစီယို ပုိခ်က္တီႏိုကို ေတြ႕ျမင္လိုသူေတြ တုိးလာ။

– မိုးရြာေနရင္ေတာင္မွ အျမဲတမ္း ထရိန္နင္ကို သြားၿပီး ထပ္ကစားၾကဦးစို႔လို႔ ဆုိတတ္တဲ့ မိမိရဲ႕သားဟာ ဘင္ဖီကာအသင္းအတြက္ အခြင့္အေရးရခဲ့ၿပီးတဲ့ေနာက္ မန္ခ်က္စတာစီးတီးအသင္းကို ေရာက္လာခဲ့တာေတာ့ သူ႕ရဲ႕ အေကာင္းဆုံးႀကဳိးစားမွဳရလဒ္လုိ႔ ႐ူဘင္ ဒီယက္စ္ရဲ႕ ဖခင္ခ်ီးက်ဴး။

– အာဆင္နယ္အသင္းအေနနဲ႔ စေကာ့တလန္ဘက္က ထုတ္ျပန္မွဳေတြေၾကာင့္ ေနာက္ခံလူ ကီရန္ တီယာနီကို အခ်ိန္မီ ထည့္သြင္းဖို႔ မျဖစ္နုိင္ဖို႔မ်ားေနလို႔ ကစားသမားသစ္ ေသာမတ္စ္ ပါေတးကို ပြဲထုတ္သုံးစြဲလာႏုိင္။

– တုိက္စစ္မွဴးေတြျဖစ္တဲ့ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တုိ႔ကို မၾကာခင္မွာ လမ္းခြဲဖို႔ မ်ားေနၿပီး ဥေရာပအသင္းေတြရဲ႕ ဘဏၰာေရးအေျခအေန ျပန္လည္တည္ၿငိမ္လာတာနဲ႔ ေရာင္းထုတ္သြားႏုိင္တဲ့ စီးတီးအေနနဲ႔ ေဒါ့မြန္ရဲ႕ ယူ႐ို ၇၅ သန္းတန္ တိုက္စစ္မွဴး အာလင္း ဟားလန္းကို ဂ်ဴဗင္တပ္စ္နဲ႔အၿပဳိင္ ႀကဳိးစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာနိုင်တဲ့ လီယွန်နယ် မက်ဆီတို့ နိုင်ငံ့ အသင်းဖော်ချင်း ပြန်လည်တွေ့ဆုံခွင့်က တော်တော်လေး နည်းပါးနေပြီး ဘဏ္ဏာရေး ထိန်းညှိမှုအရ မန်စီးတီးဂိုးသွင်းဘုရင်ကို သက်တမ်းတိုးနိုင်ခြေနည်းနေ။

– လာမယ့် ဇန်နဝါရီမှာ အင်တာမီလန်အသင်းအနေနဲ့ အဂွေရိုကို ကမ်းလှမ်းဖို့ စတင်ကြိုးစားသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၇.၃ သန်း (ယူရို ၈ သန်း)နဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုသွားဖို့ အီတလီကလပ်တာဝန်ရှိသူတွေ အလိုရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် စီစီအို အိုမာ ဘယ်ရာဒါက ဘာစီလိုနာအသင်းဘက်က နောက်ခံလူ အဲရစ် ဂါစီယာကို ကမ်းလှမ်းတဲ့ ပမာဏဟာ ဒီရာသီမှာ သူ့ကို ပြန်လည်အစားထိုးရင် ကုန်ကျမယ့် ပမာဏထက် နည်းပါးနေလို့ ငြင်းပယ်ပြီး ကစားသမားဘက်က သက်တမ်းမတိုးလဲ ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ဆို။

– လက်ရှိနည်းပြ ပက်ပ် ဂွါဒီယိုလာကို မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေက သက်တမ်းတိုးဖို့ အလိုရှိနေပေမယ့် ပရိသတ်တွေကြားမှာတော့ အပြောင်းအလဲလုပ်ချိန်တန်ပြီလို့ ယူဆနေပြီး မော်ရီစီယို ပိုချက်တီနိုကို တွေ့မြင်လိုသူတွေ တိုးလာ။

– မိုးရွာနေရင်တောင်မှ အမြဲတမ်း ထရိန်နင်ကို သွားပြီး ထပ်ကစားကြဦးစို့လို့ ဆိုတတ်တဲ့ မိမိရဲ့သားဟာ ဘင်ဖီကာအသင်းအတွက် အခွင့်အရေးရခဲ့ပြီးတဲ့နောက် မန်ချက်စတာစီးတီးအသင်းကို ရောက်လာခဲ့တာတော့ သူ့ရဲ့ အကောင်းဆုံးကြိုးစားမှုရလဒ်လို့ ရူဘင် ဒီယက်စ်ရဲ့ ဖခင်ချီးကျူး။

– အာဆင်နယ်အသင်းအနေနဲ့ စကော့တလန်ဘက်က ထုတ်ပြန်မှုတွေကြောင့် နောက်ခံလူ ကီရန် တီယာနီကို အချိန်မီ ထည့်သွင်းဖို့ မဖြစ်နိုင်ဖို့များနေလို့ ကစားသမားသစ် သောမတ်စ် ပါတေးကို ပွဲထုတ်သုံးစွဲလာနိုင်။

– တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွေရိုနဲ့ ဂျေဆူးစ်တို့ကို မကြာခင်မှာ လမ်းခွဲဖို့ များနေပြီး ဥရောပအသင်းတွေရဲ့ ဘဏ္ဏာရေးအခြေအနေ ပြန်လည်တည်ငြိမ်လာတာနဲ့ ရောင်းထုတ်သွားနိုင်တဲ့ စီးတီးအနေနဲ့ ဒေါ့မွန်ရဲ့ ယူရို ၇၅ သန်းတန် တိုက်စစ်မှူး အာလင်း ဟားလန်းကို ဂျူဗင်တပ်စ်နဲ့အပြိုင် ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.