Premier League

အာတီတာရဲ့ ဝဲစားကွက်နဲ့ ဖူလ်ဟမ်ကို သရေကျတဲ့ စိတ်ကုန်စရာ အာဆင်နယ်

မန်စီးတီးကော်ပီ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ပုံမလာ ပန်းမလာ ၃-၂-၄-၁ ကစားကွက်ကိုပဲ ဆက်သုံးခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဘန်ဝှိုက်၊ ပါတေးနဲ့ ကီဗီယာတို့ကို ပွဲထုတ်ခဲ့သလို ကွင်းလယ်မှာတော့ ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ထရော့ဆတ်၊ မာတီနယ်လီနဲ့ ဆာကာတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဒီယော့ပ်၊ ဘက်ဆီ၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ လူကစ်ချ်၊ အန်ဒရီးယက်စ် ပါရဲရား၊ ဝီလ်ဆန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်ကို တစ်ယောက်တည်းကို တင်ထားခဲ့တာပါ။

ပွဲချိန် ၁ မိနစ်မှာကတည်းက ဖူလ်ဟမ်တို့ အဖွင့်ဂိုးသွင်းသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ကြပ်နေတဲ့ ကစားကွက်ထဲက ဆာကာ နောက်ပြန်ပေးရာမှာ ဗဟိုခံစစ်နေရာမှာ ဘယ်သူမှ ရှိမနေခဲ့တဲ့အတွက် ဧည့်သည်ကွင်းလယ်လူ ပါရဲရားက ပြန်ရသွားပြီး တစ်ယောက်တည်း ဘယ်နေရာ ရောက်လို့ ရောက်နေမှန်း GPS တပ်ပေးထားရမယ့်ပုံပေါ်နေတဲ့ ရမ်းစ်ဒေးလ်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကနေ အိမ်စာလုပ်ဖို့ လွှတ်ထားတဲ့ ပေါပေါတောတော အာတီတာအနေနဲ့ ကိုယ့်အသင်းရဲ့ အားသာချက်က ၄-၃-၃ Winger တွေနဲ့ တောင်ပံက တွဲလုံးတွေဆိုတာ နားမလည်ဘဲ Half-Space တွေကို အားပြုကစားရမယ့် ၃-၂-၄-၁ ကို အတင်းရိုက်သွင်းခဲ့ချိန်မှာ Independent Winger တွေ မဟုတ်ကြတဲ့ ဆာကာနဲ့ မာတီနယ်လီတို့ မကစားတတ်ဘဲ ပိတ်မိနေခဲ့ကြသလို တက်ကူမယ့် Wing Back မရှိချိန်မှာ ဘာမှ မလုပ်တတ်ခဲ့ကြတာပါ။

ဂွါဒီယိုလာရဲ့ မန်စီးတီး ကစားကွက်ပြောင်းတိုင်း ငါလည်း လုပ်တတ်ပါတယ်ဆိုတဲ့ တလွဲမာနကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသနေပြီဖြစ်တဲ့ အာတီတာအနေနဲ့ ၃-၂-၄-၁ ကစားကွက်ကို ရာသီကြိုမှာတောင် စမ်းမထားဘဲ ငါတကောကောပြီး သုံးခဲ့သလို မာတီနယ်လီ၊ အော်ဒီဂွါဒ်၊ ဆာကာနဲ့ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂရီးလစ်ရှ်တို့ မတူမှန်း နားမလည်ဘဲ အင်အင်းမှန်း ငှက်ပျောမှန်းမသိ စားခဲ့တာက နည်းပြတစ်ယောက်အတွက် ဦးနှောက်မဲ့ရာ ကျလွန်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ကံကောင်းလို့ နောက်တစ်ဂိုးထပ်မပေးခဲ့ရတာဖြစ်သလို တစ်ဂိုး-ဂိုးမရှိနဲ့ ပွဲတဝက် ကုန်အပြီးမှာတော့ ထရော့ဆတ်အစား နကီးတီးယားကို စထည့်ခဲ့ပြီး ကွင်းလယ်က ခဲဆွဲထားတဲ့ ဟာဗတ်ဇ်နဲ့ ညာနောက်ခံမှာ အဖြစ်မရှိတဲ့ ပါတေးတို့ကို သုံးမရလို့ ဖာဘီယို ဗီယာရာနဲ့ ဇင်ချန်ကိုတို့ကို ထပ်လဲခဲ့ရတာပါ။

ဒီတော့မှပဲ Half-Space မသုံးဘဲ Wing Play သုံးတဲ့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ရဲ့ ပုံစံက ပြန်ပေါ်လာခဲ့ပြီး ဖူလ်ဟမ်တို့ကို ပက်ပက်စက်စက် ဖိအားပေးလာနိုင်ခဲ့သလို ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် ရှေ့မကြည့်နောက်မကြည့် ကန်သွင်းချင်နေတဲ့ အော်ဒီဂွါဒ်ရဲ့ ဖြုန်းတီးမှုတွေကို ဂန်းနားဟောင်း လီနိုကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖမ်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံတွဲလုံးကနေ ဧရိယာထဲ ပြေးဝင်တဲ့ ဖာဘီယို ဗီယာရာရဲ့ ခြေထောက်ကို လျှောထိုးဖျက်မိခဲ့တဲ့ ဖူလ်ဟမ်နောက်ခံလူ တီတီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆာကာက အမှားအယွင်းမရှိ ကန်သွင်းရယူနိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာမှာပဲ အာဆင်နယ်တို့ အရှုံးနဲ့ သရေကနေ အနိုင်ပြန်ပြောင်းနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဆာကာက ဧရိယာထိပ်မှာ ပြန်ရယူပြီး ဘယ်ခြမ်းကို
ခင်းပေးရာမှာ ဖာဘီယို ဗီယာရာကပဲ ဧရိယာထဲကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ နကီးတီးယားက ဒီယော့ပ်ရဲ့ ရှေ့ကနေ ပိတ်သွင်းပြီး ဖူလ်ဟမ်ဂိုးသမား လီနိုကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုး-တစ်ဂိုးဖြစ်နေချိန်မှာတော့ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ အာဆင်နယ်တို့ရဲ့ အောက်တန်းစား အကျင့်က ပြန်ပေါ်လာခဲ့ပြီး ဖူလ်ဟမ် ကွင်းခြမ်းမှာ No Pressing, No Blocking နဲ့ လွှတ်ထားခဲ့သလို ကိုယ့်ကွင်းဘက် ပြန်ထိုင်ပြီး ဖိတ်ခေါ်ဖို့ ကြိုးစားလာခဲ့ပြီး ကစားအားကို လျှော့ချခဲ့သလို ချန်ပီယံလိဂ်မှာ အမုန်းကြိတ်ခံရမယ့် ကလေးအထာတွေ လုပ်လာခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ တန်ပြန်တိုက်စစ်က ပြေးဖို့ ကြိုးစားတဲ့ နကီးတီးယားကို ဘောလုံးမပါဘဲ ဘော်ဒီတိုက်လှဲတဲ့ နောက်ခံလူ ဘက်ဆီ ဒုတိယ အဝါနဲ့ အထုတ်ခံခဲ့ရတာကြောင့် အာဆင်နယ်တို့ စိတ်အေးရပြီ ထင်နေတုန်းမှာပဲ အရေးဟဲ့ အကြောင်းဟဲ့ဆို ဝက်ရူးပြန်သလို ပိုလီယိုထသလိုဖြစ်တတ်တဲ့ ဇင်ချန်ကိုရဲ့ လူပေးမှားမှုကနေ ထောင့်ကန်ဘော ပေးခဲ့ရချိန်မှာ ပယ်လင်ညာက ပွဲချိန် ၈၇ မိနစ်မှာ ကန်သွင်းယူသွားနိုင်ခဲ့လို့ သရေကျနေခဲ့ပါတယ်။

နှစ်ဂိုးစီသရေဖြစ်သွားချိန်မှာတော့ အာဆင်နယ်တို့ ခေါင်းပူသွားပြီး နာကျင်အချိန်ပို ၉ မိနစ်အထိ ရခဲ့တာကိုလည်း အသုံးမချနိုင်ခဲ့သလို ကိုယ့်ရဲ့ တွဲလုံးတွေနဲ့ တောင်ပံကနေ ဧရိယာထဲ တိုးဝင်ပြီး ဂိုးမဟုတ်ရင် ပင်နယ်တီ ရှာရမယ့်အစား ခွေးပစ်တဲ့ တုတ်လောက် အရပ်တွေနဲ့ ရှေ့တန်းတွေဆီ ဖြတ်တင်ဖို့ချည်းလုပ်နေခဲ့လို့ ဘာမှ ဖြစ်မလာနိုင်တော့ဘဲ အိမ်ကွင်းမှာ သုံးမှတ်နဲ့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ရာသီအစမှာကတည်းက ခြေချော်လို့ ရပြီဖြစ်ကြောင်း အာဆင်နယ်တို့ စတင်ပြသွားခဲ့သလို နည်းပြ အာတီတာအနေနဲ့ သွေးနားထင်ရောက်ပြီး ကိုယ်နဲ့မတန်၊ ကိုယ့်ကစားသမားတွေနဲ့ မကိုက်တဲ့ ကစားကွက်မျိုးကို ဇွတ်အတင်း သွတ်သွင်းနေတာ ရပ်သင့်ပြီဖြစ်ကြောင်းလည်း လယ်ပြင်မှာ ဆင်သွားသလို သိသာထင်ရှားခဲ့ပြီး အချိန်မီ မာန်မချနိုင်ရင်တော့ ပရီးမီးယားလိဂ်ဖလားနဲ့ မသက်ဆိုင်သောသူတွေလို့ နာမည်တပ်ရတော့မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးေကာ္ပီ အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ပုံမလာ ပန္းမလာ ၃-၂-၄-၁ ကစားကြက္ကိုပဲ ဆက္သုံးခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဘန္ဝႈိက္၊ ပါေတးနဲ႔ ကီဗီယာတို႔ကို ပြဲထုတ္ခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ထေရာ့ဆတ္၊ မာတီနယ္လီနဲ႔ ဆာကာတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ဒီေယာ့ပ္၊ ဘက္ဆီ၊ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ လူကစ္ခ်္၊ အန္ဒရီးယက္စ္ ပါရဲရား၊ ဝီလ္ဆန္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ရာအူးလ္ ဟီမီနက္ဇ္ကို တစ္ေယာက္တည္းကို တင္ထားခဲ့တာပါ။

ပြဲခ်ိန္ ၁ မိနစ္မွာကတည္းက ဖူလ္ဟမ္တို႔ အဖြင့္ဂိုးသြင္းသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းက ၾကပ္ေနတဲ့ ကစားကြက္ထဲက ဆာကာ ေနာက္ျပန္ေပးရာမွာ ဗဟိုခံစစ္ေနရာမွာ ဘယ္သူမွ ရွိမေနခဲ့တဲ့အတြက္ ဧည့္သည္ကြင္းလယ္လူ ပါရဲရားက ျပန္ရသြားၿပီး တစ္ေယာက္တည္း ဘယ္ေနရာ ေရာက္လို႔ ေရာက္ေနမွန္း GPS တပ္ေပးထားရမယ့္ပုံေပၚေနတဲ့ ရမ္းစ္ေဒးလ္ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးကေန အိမ္စာလုပ္ဖို႔ လႊတ္ထားတဲ့ ေပါေပါေတာေတာ အာတီတာအေနနဲ႔ ကိုယ့္အသင္းရဲ႕ အားသာခ်က္က ၄-၃-၃ Winger ေတြနဲ႔ ေတာင္ပံက တြဲလုံးေတြဆိုတာ နားမလည္ဘဲ Half-Space ေတြကို အားျပဳကစားရမယ့္ ၃-၂-၄-၁ ကို အတင္း႐ိုက္သြင္းခဲ့ခ်ိန္မွာ Independent Winger ေတြ မဟုတ္ၾကတဲ့ ဆာကာနဲ႔ မာတီနယ္လီတို႔ မကစားတတ္ဘဲ ပိတ္မိေနခဲ့ၾကသလို တက္ကူမယ့္ Wing Back မရွိခ်ိန္မွာ ဘာမွ မလုပ္တတ္ခဲ့ၾကတာပါ။

ဂြါဒီယိုလာရဲ႕ မန္စီးတီး ကစားကြက္ေျပာင္းတိုင္း ငါလည္း လုပ္တတ္ပါတယ္ဆိုတဲ့ တလြဲမာနေၾကာင့္ စိတ္ေရာဂါကုဆရာဝန္နဲ႔ ျပသေနၿပီျဖစ္တဲ့ အာတီတာအေနနဲ႔ ၃-၂-၄-၁ ကစားကြက္ကို ရာသီႀကိဳမွာေတာင္ စမ္းမထားဘဲ ငါတေကာေကာၿပီး သုံးခဲ့သလို မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္၊ ဆာကာနဲ႔ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဂရီးလစ္ရွ္တို႔ မတူမွန္း နားမလည္ဘဲ အင္အင္းမွန္း ငွက္ေပ်ာမွန္းမသိ စားခဲ့တာက နည္းျပတစ္ေယာက္အတြက္ ဦးေႏွာက္မဲ့ရာ က်လြန္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ကံေကာင္းလို႔ ေနာက္တစ္ဂိုးထပ္မေပးခဲ့ရတာျဖစ္သလို တစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲတဝက္ ကုန္အၿပီးမွာေတာ့ ထေရာ့ဆတ္အစား နကီးတီးယားကို စထည့္ခဲ့ၿပီး ကြင္းလယ္က ခဲဆြဲထားတဲ့ ဟာဗတ္ဇ္နဲ႔ ညာေနာက္ခံမွာ အျဖစ္မရွိတဲ့ ပါေတးတို႔ကို သုံးမရလို႔ ဖာဘီယို ဗီယာရာနဲ႔ ဇင္ခ်န္ကိုတို႔ကို ထပ္လဲခဲ့ရတာပါ။

ဒီေတာ့မွပဲ Half-Space မသုံးဘဲ Wing Play သုံးတဲ့ ၿပီးခဲ့တဲ့ ရာသီက အာဆင္နယ္ရဲ႕ ပုံစံက ျပန္ေပၚလာခဲ့ၿပီး ဖူလ္ဟမ္တို႔ကို ပက္ပက္စက္စက္ ဖိအားေပးလာႏိုင္ခဲ့သလို ထိုးေဖာက္မႈေတြ လုပ္ႏိုင္ခဲ့ေပမယ့္ ေရွ႕မၾကည့္ေနာက္မၾကည့္ ကန္သြင္းခ်င္ေနတဲ့ ေအာ္ဒီဂြါဒ္ရဲ႕ ျဖဳန္းတီးမႈေတြကို ဂန္းနားေဟာင္း လီႏိုကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ဖမ္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံတြဲလုံးကေန ဧရိယာထဲ ေျပးဝင္တဲ့ ဖာဘီယို ဗီယာရာရဲ႕ ေျခေထာက္ကို ေလွ်ာထိုးဖ်က္မိခဲ့တဲ့ ဖူလ္ဟမ္ေနာက္ခံလူ တီတီေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဆာကာက အမွားအယြင္းမရွိ ကန္သြင္းရယူႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာမွာပဲ အာဆင္နယ္တို႔ အရႈံးနဲ႔ သေရကေန အႏိုင္ျပန္ေျပာင္းႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဆာကာက ဧရိယာထိပ္မွာ ျပန္ရယူၿပီး ဘယ္ျခမ္းကို
ခင္းေပးရာမွာ ဖာဘီယို ဗီယာရာကပဲ ဧရိယာထဲကို အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ နကီးတီးယားက ဒီေယာ့ပ္ရဲ႕ ေရွ႕ကေန ပိတ္သြင္းၿပီး ဖူလ္ဟမ္ဂိုးသမား လီႏိုကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခ်ိန္မွာေတာ့ ကိုယ့္အလုပ္ကိုယ္မလုပ္တဲ့ အာဆင္နယ္တို႔ရဲ႕ ေအာက္တန္းစား အက်င့္က ျပန္ေပၚလာခဲ့ၿပီး ဖူလ္ဟမ္ ကြင္းျခမ္းမွာ No Pressing, No Blocking နဲ႔ လႊတ္ထားခဲ့သလို ကိုယ့္ကြင္းဘက္ ျပန္ထိုင္ၿပီး ဖိတ္ေခၚဖို႔ ႀကိဳးစားလာခဲ့ၿပီး ကစားအားကို ေလွ်ာ့ခ်ခဲ့သလို ခ်န္ပီယံလိဂ္မွာ အမုန္းႀကိတ္ခံရမယ့္ ကေလးအထာေတြ လုပ္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ တန္ျပန္တိုက္စစ္က ေျပးဖို႔ ႀကိဳးစားတဲ့ နကီးတီးယားကို ေဘာလုံးမပါဘဲ ေဘာ္ဒီတိုက္လွဲတဲ့ ေနာက္ခံလူ ဘက္ဆီ ဒုတိယ အဝါနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ အာဆင္နယ္တို႔ စိတ္ေအးရၿပီ ထင္ေနတုန္းမွာပဲ အေရးဟဲ့ အေၾကာင္းဟဲ့ဆို ဝက္႐ူးျပန္သလို ပိုလီယိုထသလိုျဖစ္တတ္တဲ့ ဇင္ခ်န္ကိုရဲ႕ လူေပးမွားမႈကေန ေထာင့္ကန္ေဘာ ေပးခဲ့ရခ်ိန္မွာ ပယ္လင္ညာက ပြဲခ်ိန္ ၈၇ မိနစ္မွာ ကန္သြင္းယူသြားႏိုင္ခဲ့လို႔ သေရက်ေနခဲ့ပါတယ္။

ႏွစ္ဂိုးစီသေရျဖစ္သြားခ်ိန္မွာေတာ့ အာဆင္နယ္တို႔ ေခါင္းပူသြားၿပီး နာက်င္အခ်ိန္ပို ၉ မိနစ္အထိ ရခဲ့တာကိုလည္း အသုံးမခ်ႏိုင္ခဲ့သလို ကိုယ့္ရဲ႕ တြဲလုံးေတြနဲ႔ ေတာင္ပံကေန ဧရိယာထဲ တိုးဝင္ၿပီး ဂိုးမဟုတ္ရင္ ပင္နယ္တီ ရွာရမယ့္အစား ေခြးပစ္တဲ့ တုတ္ေလာက္ အရပ္ေတြနဲ႔ ေရွ႕တန္းေတြဆီ ျဖတ္တင္ဖို႔ခ်ည္းလုပ္ေနခဲ့လို႔ ဘာမွ ျဖစ္မလာႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ သုံးမွတ္နဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရာသီအစမွာကတည္းက ေျခေခ်ာ္လို႔ ရၿပီျဖစ္ေၾကာင္း အာဆင္နယ္တို႔ စတင္ျပသြားခဲ့သလို နည္းျပ အာတီတာအေနနဲ႔ ေသြးနားထင္ေရာက္ၿပီး ကိုယ္နဲ႔မတန္၊ ကိုယ့္ကစားသမားေတြနဲ႔ မကိုက္တဲ့ ကစားကြက္မ်ိဳးကို ဇြတ္အတင္း သြတ္သြင္းေနတာ ရပ္သင့္ၿပီျဖစ္ေၾကာင္းလည္း လယ္ျပင္မွာ ဆင္သြားသလို သိသာထင္ရွားခဲ့ၿပီး အခ်ိန္မီ မာန္မခ်ႏိုင္ရင္ေတာ့ ပရီးမီးယားလိဂ္ဖလားနဲ႔ မသက္ဆိုင္ေသာသူေတြလို႔ နာမည္တပ္ရေတာ့မွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.