Premier League

သရဲဘောလုံးလုတာ ခံခဲ့ရတဲ့ ချဲလ်ဆီးရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်

ချဲလ်ဆီးရဲ့ ပေါင် ၁၁၅ သန်းတန် ကစားသမားခေါ်ယူမှုဖြစ်တဲ့ မွိုက်စ် ကိုင်ဆေဒိုဟာ သောကြာနေ့ညမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲချိန်ပြည့် ပွဲဦးထွက်ပါဝင်ကစားခွင့်ပေးအပ်ခြင်းခံခဲ့ရပေမယ့်လည်း အကောင်းဆုံးစတင်မှုတော့မဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အီကွေဒေါကွင်းလယ်ကစားသမားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘရိုက်တန်ကတော့ ၂၀၂၁ ခုနှစ်မှာ အင်ဒီပန်ဒီယန်တီ ဒယ် ဗဲလေကနေ ခေါ်ယူခဲ့တုန်းကထက် ကြီးမားတဲ့အကျိုးအမြတ် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဒုတိယပိုင်းမှာ ပါဝင်ကစားခွင့်ရရှိခဲ့ချိန်မှာ ပင်နယ်တီပေးခဲ့ရတဲ့အမှားကို ကျူးလွန်ခဲ့ပြီးနောက် ဆိုးရွားတဲ့စတင်မှုကို ပြုလုပ်ခဲ့မိတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ကိုင်ဆေဒိုအတွက် ပေါင် ၁၁၅ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏက ဖိအားကြီးတစ်ခု ဖြစ်နေခဲ့တာဖြစ်ပြီး လူတန်တောင်းကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ပရိသတ်တွေရဲ့ ခွင့်လွှတ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုင်ဆေဒိုဟာ ထူးဆန်းတဲ့အခိုက်အတန့်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီး ပြိုင်ဘက်ကစားသမားဆီကနေ ဖိအားအနည်းငယ်သာ ရှိနေချိန်မှာ သရဲက ဘောလုံးကို လုယူလိုက်သလို အံ့အားသင့်ဖွယ် လဲကျသွားခဲ့ပြီးနောက် တာဟစ် ချုံက ဘောလုံးကို ရယူပြီး လူတန်တောင်းတိုက်စစ်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးက ကိုင်ဆေဒိုကို ဟန်ဆောင်လှဲချမှုအဖြစ်နဲ့ အပြစ်ပေးခဲ့ခြင်းမရှိဘဲ ချဲလ်ဆီးဟာ စတားလင်းနဲ့ နီကိုလတ်စ် ဂျက်ဆင်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပိုချက်တီနိုလက်ထက် ပထမဆုံးနိုင်ပွဲကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးရဲ႕ ေပါင္ ၁၁၅ သန္းတန္ ကစားသမားေခၚယူမႈျဖစ္တဲ့ မြိဳက္စ္ ကိုင္ေဆဒိုဟာ ေသာၾကာေန႔ညမွာ ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္ပြဲခ်ိန္ျပည့္ ပြဲဦးထြက္ပါဝင္ကစားခြင့္ေပးအပ္ျခင္းခံခဲ့ရေပမယ့္လည္း အေကာင္းဆုံးစတင္မႈေတာ့မျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ အီေကြေဒါကြင္းလယ္ကစားသမားကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ အင္ဒီပန္ဒီယန္တီ ဒယ္ ဗဲေလကေန ေခၚယူခဲ့တုန္းကထက္ ႀကီးမားတဲ့အက်ိဳးအျမတ္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘ႐ိုက္တန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ ဒုတိယပိုင္းမွာ ပါဝင္ကစားခြင့္ရရွိခဲ့ခ်ိန္မွာ ပင္နယ္တီေပးခဲ့ရတဲ့အမွားကို က်ဴးလြန္ခဲ့ၿပီးေနာက္ ဆိုး႐ြားတဲ့စတင္မႈကို ျပဳလုပ္ခဲ့မိတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ကိုင္ေဆဒိုအတြက္ ေပါင္ ၁၁၅ သန္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးပမာဏက ဖိအားႀကီးတစ္ခု ျဖစ္ေနခဲ့တာျဖစ္ၿပီး လူတန္ေတာင္းကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာေတာ့ ပရိသတ္ေတြရဲ႕ ခြင့္လႊတ္မႈကို ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုင္ေဆဒိုဟာ ထူးဆန္းတဲ့အခိုက္အတန႔္တစ္ခုမွာ ပါဝင္ပတ္သက္ခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားဆီကေန ဖိအားအနည္းငယ္သာ ရွိေနခ်ိန္မွာ သရဲက ေဘာလုံးကို လုယူလိုက္သလို အံ့အားသင့္ဖြယ္ လဲက်သြားခဲ့ၿပီးေနာက္ တာဟစ္ ခ်ဳံက ေဘာလုံးကို ရယူၿပီး လူတန္ေတာင္းတိုက္စစ္ကို ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီးက ကိုင္ေဆဒိုကို ဟန္ေဆာင္လွဲခ်မႈအျဖစ္နဲ႔ အျပစ္ေပးခဲ့ျခင္းမရွိဘဲ ခ်ဲလ္ဆီးဟာ စတားလင္းနဲ႔ နီကိုလတ္စ္ ဂ်က္ဆင္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ပိုခ်က္တီႏိုလက္ထက္ ပထမဆုံးႏိုင္ပြဲကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.