Premier League Transfer News

7 June နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းက ရောင်းချမယ့် နောက်ခံလူ ဂျာအို ကန်ဆယ်လိုအတွက် အာဆင်နယ်တို့ရဲ့ ဆွေးနွေးမှု စတင်နေပြီဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်လူအဖြစ်ပါ အသုံးပြုနိုင်တဲ့ ၂၉ နှစ်အရွယ် ပေါ်တူဂီသားအတွက် နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုကတော့ ကွာဟနေသေးကြောင်း သိရ။

– အမေရိကန်လက်ရွေးစင်အသင်းမှာ အသင်းဖော်အဖြစ် တွဲကစားရတော့မယ့် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ဟာ အာဆင်နယ်ကို ပြန်လာခဲ့ရင် တိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ အင်အားဖြစ်လာလိမ့်မယ်လို့ ဂိုးသမား မတ် တာနာက တစ်ပေးလိုက်ပြီး ပြင်သစ်ကလပ် ရင်းမ်စ်အသင်းနဲ့ ၃၇ ပွဲမှာ ၂၁ ဂိုး သွင်းယူခဲ့မှုကို သဘောကျနေ။

– ဒက်ကလန် ရိုက်စ်က ဘာတွေ ဝေဝါးနေတာလဲလို့ မေးခွန်းထုတ်လိုက်ပြီး အင်္ဂလန်မှာ ဆက်နေမယ်ဆိုရင် မန်ယူကို သွားမယ့်အစား အာဆင်နယ်ကသာ သူ့အတွက် အသင့်တော်ဆုံးပဲလို့ ဆန်ဒါးလန်းနဲ့ ရိန်းဂျားစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အယ်လီ မက်ကွိုက်စ်က တိုက်တွန်းသွား။

– အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ယူရီ တီးလီးမန်းစ်နဲ့ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့က သိပ်တော့ လွယ်ကူမှာ မဟုတ်ဘဲ လက်စတာကွင်းလယ်လူကို နယူးကာဆယ်လ်နဲ့ အက်စ်တန်ဗီလာတို့က ချဉ်းကပ်နေသလို မန်စီးတီးကွင်းလယ်လူကိုလည်း ဘာစီလိုနာက ဆွဲဆောင်စည်းရုံးနေ။

– မွိုက်ဆက်စ် ကိုင်စီဒိုအတွက် ပြိုင်ပွဲမှာ ချဲလ်ဆီးကို အာဆင်နယ်တို့ ရှုံးနိမ့်သွားနိုင်ပြီး လန်ဒန်ပြိုင်ဘက်တွေအနေနဲ့ မူဒရစ်ခ်တုန်းကလိုမျိုးပဲ လုပ်ခလစာ ပိုပေးမှုနဲ့ ဆွဲဆောင်စည်းရုံးသွားနိုင်သလို နောက်ခံလူ လီဗီ ကောလ်ဝီလ်ကိုလည်း ဘရိုက်တန်ဘက်က တစ်ရာသီငှားသုံးအပြီးမှာ အပြီးသတ်ခေါ်ယူဖို့ အလိုရှိနေတာကြောင့် ကစားသမားအလဲအထပ် ငွေထပ်ဆောင်းပေးမှုနဲ့ ပွဲဖြစ်လာဖို့ နီးစပ်နေ။

– အာဆင်နယ်နဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်းကြီး ကီဗင် ကမ်းဘဲလ်က အသင်းအနေနဲ့ သံယောဇဉ်တွေ များမနေဘဲ Project အတိုင်း စိတ်ဖြောင့်ဖြောင့်နဲ့ ရှေ့ဆက်သွားပြီး ကိုင်စီဒို၊ ရိုက်စ်တို့ကို ခေါ်ယူချင်တယ်ဆိုရင် နောက်ခံလူ ကီရန် တီယာနီနဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်တို့ကို ရောင်းချငွေရှာဖို့ တိုက်တွန်းသွား။

– တိုက်စစ်ပိုင်းမှာ အကောင်အထည် မရှိဘဲ ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့လိုက်တိုင်း တိုင်ပတ်နေတဲ့ ပြဿနာအတွက် အာဆင်နယ်တို့အနေနဲ့ အတ္တလန်တာ အသင်းရဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လွန်းကို ခေါ်ယူဖို့ ကြိုးစားနေပြီး အသက် ၂၀ အရွယ် ဒိန်းမတ်သားက အာလင်း ဟားလန်းနဲ့ ဆင်တူသူလို့ သတ်မှတ်ခံထားရလို့ မန်စီးတီး ကော်ပီလုပ်ဖို့ ပိုမိုအဆင်ပြေနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.