Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၉.၁၀.၂၀၂၀

– ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခ်င္ေနၿပီး စာခ်ဳပ္သက္တမ္းတုိးဖို႔ ကမ္းလွမ္းမွဳေတြကို လက္ခံေဆြးေႏြးျခင္းမရွိတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အျမန္ဆုံးေရာင္းခ်ပစ္ဖို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ အလိုရွိေနၾက။

– အဲလက္စ္ တဲလက္စ္နဲ႔ ဒြန္နီ ဗန္ဒဘိခ္တုိ႔ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေတာင့္တင္းဆုံးလူစာရင္းကို ပုံေဖာ္ေပးႏုိင္မယ့္သူေတြ ျဖစ္ၾကၿပီး ကာဗာနီ ေရာက္ရွိလာတဲ့ တုိက္စစ္မွာ အေကာင္းဆုံး လုိက္ပါပံ့ပုိးႏုိင္မယ့္သူေတြျဖစ္တယ္လုိ႔ ကၽြမ္းက်င္သူေတြ သုံးသပ္ထား။

– လင္ဒီေလာ့ဖ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ သူ႕ထက္ အနည္းငယ္ပုိသာမယ္လုိ႔ ပရိသတ္ေတြ ယုံၾကည္ေနခဲ့ၾကတဲ့ အဲရစ္ ဘုိင္လီကေတာ့ ဒဏ္ရာထပ္ရသြားျပန္ၿပီျဖစ္ၿပီး အိုင္ဗရီကို႔စ္အသင္းတာဝန္မွာ ေပါင္ေနာက္ေၾကာဒဏ္ရာရရွိခဲ့တာေၾကာင့္ အနားယူရဖို႔ ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အတြက္ ေဆးစစ္ခဲ့တဲ့ အတၱလန္တာေတာင္ပံကစားသမား အာမက္ ဂ်ယ္လို ထရာအိုေရးကေတာ့ အဆင္ေျပ ေအာင္ျမင္ခဲ့တယ္လုိ႔ သိရၿပီး ဇန္နဝါရီမွာ ငယ္စဥ္ကတည္းက ေနထိုင္လာခဲ့တဲ့ အီတလီႏိုင္ငံရဲ႕ ပတ္စ္ပုိ႔ ရရွိႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေန။

– အသင္းအတြက္ အရန္ခုံမွာ အျမဲတမ္း အဆင္သင့္ ရွိခဲ့တဲ့ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးအတြက္ ပရိသတ္ေတြက အားနာေနၾကၿပီး တာဝန္ရွိသူေတြအေနနဲ႔ သူ႕ကို မေလးမစား ဆက္ဆံတာမ်ဳိး မလုပ္ဘဲ ေျပာင္းေရႊ႕ခြင့္ ျပဳသင့္သလို ခ်န္ပီယံလိဂ္လူစာရင္းက ခ်န္လွပ္ခဲ့တာကိုလည္း စိတ္မေကာင္းျဖစ္ေနၾက။

– သူ႕ရဲ႕ စာခ်ဳပ္သစ္ထဲက အခ်က္အလက္အရ လာမယ့္ေႏြရာသီမွာ ေပါင္ ၃၆ သန္းနဲ႔ ေခၚယူႏုိင္မယ့္ ေနာက္ခံလူ ဒါယို အူပါမီကာႏုိကို အခ်ိန္ေရာက္တာနဲ႔ RB လိုက္ပ္ဇစ္ဆီ အျမန္ဆုံးလက္ဦးမွဳယူၿပီး ကမ္းလွမ္းႏုိင္ဖို႔ ယူႏုိက္တက္ ျပင္ဆင္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္း ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္နဲ႔ တာဝန္ရွိသူေတြဟာ နည္းျပ ဆုိးလ္ရွားကို တစ္လသာ အခ်ိန္ေပးေတာ့မွာျဖစ္ၿပီး လာမယ့္ ႏိုဝင္ဘာလထဲမွာ ရလဒ္ေတြ ျပန္ေကာင္းမလာဘူးဆုိရင္ စပါးစ္နည္းျပေဟာင္း ပုိခ်က္တီႏိုနဲ႔ အစားထိုးဖို႔ စီစဥ္ထား။

– အဲလက္စ္ တဲလက္စ္ကို ေရာင္းခ်ေပးထားတဲ့ ေပၚတုိအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေအာက္တုိဘာ ၂၅ ရက္ေန႔မွာမွ ပိတ္သိမ္းမယ့္ ေပၚတူဂီ အေျပာင္းအေရႊ႕ကာလ မကုန္ဆုံးခင္ ယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို ေခၚယူသြားလုိေန။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်နေပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကို လက်ခံဆွေးနွေးခြင်းမရှိတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အမြန်ဆုံးရောင်းချပစ်ဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ အလိုရှိနေကြ။

– အဲလက်စ် တဲလက်စ်နဲ့ ဒွန်နီ ဗန်ဒဘိခ်တို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အတောင့်တင်းဆုံးလူစာရင်းကို ပုံဖော်ပေးနိုင်မယ့်သူတွေ ဖြစ်ကြပြီး ကာဗာနီ ရောက်ရှိလာတဲ့ တိုက်စစ်မှာ အကောင်းဆုံး လိုက်ပါပံ့ပိုးနိုင်မယ့်သူတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထား။

– လင်ဒီလော့ဖ်ရဲ့ နေရာမှာ အစားထိုးဖို့ သူ့ထက် အနည်းငယ်ပိုသာမယ်လို့ ပရိသတ်တွေ ယုံကြည်နေခဲ့ကြတဲ့ အဲရစ် ဘိုင်လီကတော့ ဒဏ်ရာထပ်ရသွားပြန်ပြီဖြစ်ပြီး အိုင်ဗရီကို့စ်အသင်းတာဝန်မှာ ပေါင်နောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အနားယူရဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်အတွက် ဆေးစစ်ခဲ့တဲ့ အတ္တလန်တာတောင်ပံကစားသမား အာမက် ဂျယ်လို ထရာအိုရေးကတော့ အဆင်ပြေ အောင်မြင်ခဲ့တယ်လို့ သိရပြီး ဇန်နဝါရီမှာ ငယ်စဉ်ကတည်းက နေထိုင်လာခဲ့တဲ့ အီတလီနိုင်ငံရဲ့ ပတ်စ်ပို့ ရရှိနိုင်ဖို့အတွက် လုပ်ဆောင်နေ။

– အသင်းအတွက် အရန်ခုံမှာ အမြဲတမ်း အဆင်သင့် ရှိခဲ့တဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုးအတွက် ပရိသတ်တွေက အားနာနေကြပြီး တာဝန်ရှိသူတွေအနေနဲ့ သူ့ကို မလေးမစား ဆက်ဆံတာမျိုး မလုပ်ဘဲ ပြောင်းရွှေ့ခွင့် ပြုသင့်သလို ချန်ပီယံလိဂ်လူစာရင်းက ချန်လှပ်ခဲ့တာကိုလည်း စိတ်မကောင်းဖြစ်နေကြ။

– သူ့ရဲ့ စာချုပ်သစ်ထဲက အချက်အလက်အရ လာမယ့်နွေရာသီမှာ ပေါင် ၃၆ သန်းနဲ့ ခေါ်ယူနိုင်မယ့် နောက်ခံလူ ဒါယို အူပါမီကာနိုကို အချိန်ရောက်တာနဲ့ RB လိုက်ပ်ဇစ်ဆီ အမြန်ဆုံးလက်ဦးမှုယူပြီး ကမ်းလှမ်းနိုင်ဖို့ ယူနိုက်တက် ပြင်ဆင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်း ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်နဲ့ တာဝန်ရှိသူတွေဟာ နည်းပြ ဆိုးလ်ရှားကို တစ်လသာ အချိန်ပေးတော့မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလထဲမှာ ရလဒ်တွေ ပြန်ကောင်းမလာဘူးဆိုရင် စပါးစ်နည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးဖို့ စီစဉ်ထား။

– အဲလက်စ် တဲလက်စ်ကို ရောင်းချပေးထားတဲ့ ပေါ်တိုအသင်းအနေနဲ့ သူတို့ရဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာမှ ပိတ်သိမ်းမယ့် ပေါ်တူဂီ အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူသွားလိုနေ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.