Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၉.၁၀.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးက ကြင္းလယ္လူေတြျဖစ္ၾကတဲ့ လူးကပ္စ္ ေတာ္ရဲရားနဲ႔ မက္တီယို ဂန္ဒူဇီတုိ႔ကို အသင္းက ထြက္ခြာဖို႔ ဘယ္သူမွ ဖိအားေပးတာမ်ဳိး မရွိခဲ့ေၾကာင္းနဲ႔ ကစားသမားေတြက ပုိမိုကစားခြင့္ကို ရွာေဖြသြားခဲ့တာျဖစ္ၿပီး သူတုိ႔ အတြက္ အသင္းမွာ ျပန္ကစားေစဖို႔ တံခါးဖြင့္ထားေသးေၾကာင္းဆို။

– အာဆင္နယ္ပရိသတ္ေတြက သူ႕ကို ခ်စ္ၾကတာကို အရမ္းေက်းဇူးတင္ေၾကာင္းနဲ႔ ဒီလိုအသင္းမ်ဳိးရဲ႕ အစိတ္အပုိင္းတစ္ခု ျဖစ္လာရမွာကို မေစာင့္ႏုိင္ေတာ့ေၾကာင္းနဲ႔ No Thomas, No Partey လို႔ ပရိသတ္ေတြကို ပါေတး ႏွဳတ္ခြန္းဆက္။

– အာဆင္နယ္အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းဟာ ဂါဘြန္အသင္းရဲ႕ ဘီနင္နဲ႔ ကစားမယ့္ ေျခစမ္းပြဲ လူစာရင္းကေန ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ႏုတ္ထြက္သြားခဲ့ၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာကေန မသက္သာေသး။

– အဂၤလန္အသင္းႀကီးကို ေခၚယူခံခဲ့ရၿပီး ဒီေန႔မွာ ပြဲထြက္ခဲ့ရတဲ့ မက္ေဆ့ကို ရရွိခဲ့တုန္းက သူ႕အေနနဲ႔ ဖုန္းကို မယုံႏုိင္ဘဲ ငါးမိနစ္ေလာက္ ေၾကာင္ၾကည့္ေနခဲ့မိတယ္လို႔ ဘူကာယို ဆာကာက ေျပာလိုက္ၿပီး ေလယာဥ္ေပၚက ဆင္းဖို႔ လာကာဇက္က ေခါင္းကို လာ႐ိုက္ေတာ့မွ သတိျပန္ဝင္လာခဲ့ရေၾကာင္း ဝန္ခံသြား။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းႀကီးေတြက စိတ္ဝင္စားေနခဲ့တဲ့ မိတ္လန္းႏုိင္းလ္စ္ကို ဆက္လက္ထိန္းသိမ္းထားႏုိင္ခဲ့တာဟာ ေကာင္းမြန္မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္လို႔ ဂုဏ္ယူေၾကာင္း ဖက္ဘရီဇီယို ႐ိုမာႏုိေျပာၾကား။

– စေကာ့တလန္အသင္းရဲ႕ လက္ေရြးစင္ဂ်ဴတီမွာ Q ထိသြားခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီက သူ႕အေနနဲ႔ သတ္မွတ္ထားတဲ့ အကြာအေဝး ၂ မီတာမက ၃ မီတာေလာက္အထိ ေပါ့စတစ္ကစားသမား အမ္းစ္ထေရာင္းနဲ႔ ကြာေဝးခဲ့တယ္လို႔ ေျပာလုိက္ၿပီး အာဆင္နယ္အသင္းကလည္း နေဂးတစ္ပဲ ရလဒ္ထြက္ခဲ့တဲ့ သူတုိ႔ကစားသမားကို မန္စီးတီးနဲ႔ပြဲမွာ ပါဝင္ႏုိင္ဖို႔ ႀကဳိးစားေန။

– အာဆင္နယ္အသင္းအေနနဲ႔ လခႀကီးႀကီးမားမား ေပးေနရသလို သူ႕အတြက္ အခ်ိန္ေတြ ေနရာေတြ ပုပ္ေနတဲ့ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္အတြက္ လက္က်န္စာခ်ဳပ္ မကုန္ခင္ နစ္နာေၾကးတစ္ရပ္ေပးၿပီး စာခ်ဳပ္ဖ်က္သိမ္းႏုိင္ဖို႔ လုပ္ေဆာင္ေန။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးက ကွင်းလယ်လူတွေဖြစ်ကြတဲ့ လူးကပ်စ် တော်ရဲရားနဲ့ မက်တီယို ဂန်ဒူဇီတို့ကို အသင်းက ထွက်ခွာဖို့ ဘယ်သူမှ ဖိအားပေးတာမျိုး မရှိခဲ့ကြောင်းနဲ့ ကစားသမားတွေက ပိုမိုကစားခွင့်ကို ရှာဖွေသွားခဲ့တာဖြစ်ပြီး သူတို့ အတွက် အသင်းမှာ ပြန်ကစားစေဖို့ တံခါးဖွင့်ထားသေးကြောင်းဆို။

– အာဆင်နယ်ပရိသတ်တွေက သူ့ကို ချစ်ကြတာကို အရမ်းကျေးဇူးတင်ကြောင်းနဲ့ ဒီလိုအသင်းမျိုးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရမှာကို မစောင့်နိုင်တော့ကြောင်းနဲ့ No Thomas, No Partey လို့ ပရိသတ်တွေကို ပါတေး နှုတ်ခွန်းဆက်။

– အာဆင်နယ်အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ ဂါဘွန်အသင်းရဲ့ ဘီနင်နဲ့ ကစားမယ့် ခြေစမ်းပွဲ လူစာရင်းကနေ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကနေ မသက်သာသေး။

– အင်္ဂလန်အသင်းကြီးကို ခေါ်ယူခံခဲ့ရပြီး ဒီနေ့မှာ ပွဲထွက်ခဲ့ရတဲ့ မက်ဆေ့ကို ရရှိခဲ့တုန်းက သူ့အနေနဲ့ ဖုန်းကို မယုံနိုင်ဘဲ ငါးမိနစ်လောက် ကြောင်ကြည့်နေခဲ့မိတယ်လို့ ဘူကာယို ဆာကာက ပြောလိုက်ပြီး လေယာဉ်ပေါ်က ဆင်းဖို့ လာကာဇက်က ခေါင်းကို လာရိုက်တော့မှ သတိပြန်ဝင်လာခဲ့ရကြောင်း ဝန်ခံသွား။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းကြီးတွေက စိတ်ဝင်စားနေခဲ့တဲ့ မိတ်လန်းနိုင်းလ်စ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဟာ ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လို့ ဂုဏ်ယူကြောင်း ဖက်ဘရီဇီယို ရိုမာနိုပြောကြား။

– စကော့တလန်အသင်းရဲ့ လက်ရွေးစင်ဂျူတီမှာ Q ထိသွားခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီက သူ့အနေနဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး ၂ မီတာမက ၃ မီတာလောက်အထိ ပေါ့စတစ်ကစားသမား အမ်းစ်ထရောင်းနဲ့ ကွာဝေးခဲ့တယ်လို့ ပြောလိုက်ပြီး အာဆင်နယ်အသင်းကလည်း နဂေးတစ်ပဲ ရလဒ်ထွက်ခဲ့တဲ့ သူတို့ကစားသမားကို မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေ။

– အာဆင်နယ်အသင်းအနေနဲ့ လခကြီးကြီးမားမား ပေးနေရသလို သူ့အတွက် အချိန်တွေ နေရာတွေ ပုပ်နေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အတွက် လက်ကျန်စာချုပ် မကုန်ခင် နစ်နာကြေးတစ်ရပ်ပေးပြီး စာချုပ်ဖျက်သိမ်းနိုင်ဖို့ လုပ်ဆောင်နေ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.