Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၈.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္အတြက္ လူစာရင္းကို ဒီေန႔မွာ တင္သြင္းလုိက္ၿပီျဖစ္ၿပီး စီနီယာကစားသမား အစုံအလင္ကို ထည့္သြင္းထားခဲ့သလို လူငယ္ဂိုးသမား စတက္ဖင္နဲ႔ ေနာက္ခံလူသစ္ ဒီယက္စ္တုိ႔လည္း ပါဝင္လာ။

– ပရီးမီးယားလိဂ္ရဲ႕ လူစားလဲမွဳ ၅ ေယာက္ကေန ၃ ေယာက္ကို ျပန္လည္ ေျပာင္းလဲသတ္မွတ္လိုက္တဲ့အေပၚ မန္ခ်က္စတာစီးတီး စီအီးအို ဖယ္ရန္ ဆုိရီယာႏိုက ေဒါသထြက္ေနၿပီး ဒါဟာ ကစားသမားေတြနဲ႔ လက္ရွိ ကုိဗစ္ကာလရဲ႕ သက္ေရာက္မွဳေတြ၊ ပြဲစဥ္ ေရးဆြဲမွဳ စိပ္ေနတာေတြကို မစာမနာလုပ္တာျဖစ္တယ္လုိ႔ ေပါက္ကြဲ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာက ၿပီးခဲ့တဲ့ အပတ္က ကစားခဲ့တဲ့ ၿပဳိင္ဘက္ လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို တကယ္ပဲ အံ့အားသင့္ခဲ့ရေၾကာင္း ဝန္ခံေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လူငယ္တုိက္စစ္မွဴး ႐ိုရီ ဒီလက္ပ္ကို အသင္းႀကီးမွာ ဆက္လက္သုံးစြဲ ေနရာေပးသြားဖြယ္ရွိၿပီး အရန္အသင္းက သူ႕ရဲ႕ေနရာအတြက္ အစားထိုးတုိက္စစ္မွဴးတစ္ဦးကိုေတာင္ ေခၚယူထားခဲ့တယ္လို႔ သိရ။

– အေျပာင္းအေရႊ႕ေဈးကြက္မွာ ဘဏၰာေရးအေျခအေနကို ထိန္းညႇိျခင္းဟာလည္း အေရးပါၿပီး ဒါေၾကာင့္လည္း မန္စီးတီးအသင္းအေနနဲ႔ လီရြဳိင္း ဆာေနးနဲ႔ ေအာ့တာမန္ဒီတုိ႔လို ကစားသမားေတြကို ေရာင္းခ်ခဲ့တာျဖစ္တယ္လုိ႔ ဆုိရီယာႏို ေျပာၾကား။

– ျပန္လည္ေခၚယူခြင့္ Buy Back Clause ေၾကာင့္ အစ္တီဟတ္ကို ျပန္မယ္လုိ႔ အသံထြက္ေနတဲ့ ကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က သူအခုလို အက္စ္တန္ဗီလာမွာ ေျခစြမ္းျပႏိုင္တာဟာ မန္ခ်က္စတာစီးတီးရဲ႕ ေက်းဇူးမကင္းဘဲ သူတုိ႔က ဘရာဇီးလ္ကေန စတင္ေခၚေဆာင္လာခဲ့လို႔ျဖစ္ေၾကာင္း ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘိုဒို/ဂလင့္မ္အသင္းကေန ကြင္းလယ္လူ ဂ်င္းစ္ ပက္တာ ဟိုဂီကို ေခၚယူဖို႔ ေအစီမီလန္နဲ႔အၿပဳိင္ ႀကဳိးစားခဲ့ေပမယ့္လည္း ကစားသမားရဲ႕ ေရြးခ်ယ္မွဳက အီတလီကလပ္ကိုပဲျဖစ္ေနလုိ႔ လက္ေလွ်ာ့ခဲ့ရတယ္လုိ႔ ႐ိုမာႏုိ ထုတ္ေဖာ္သြား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် လူစာရင်းကို ဒီနေ့မှာ တင်သွင်းလိုက်ပြီဖြစ်ပြီး စီနီယာကစားသမား အစုံအလင်ကို ထည့်သွင်းထားခဲ့သလို လူငယ်ဂိုးသမား စတက်ဖင်နဲ့ နောက်ခံလူသစ် ဒီယက်စ်တို့လည်း ပါဝင်လာ။

– ပရီးမီးယားလိဂ်ရဲ့ လူစားလဲမှု ၅ ယောက်ကနေ ၃ ယောက်ကို ပြန်လည် ပြောင်းလဲသတ်မှတ်လိုက်တဲ့အပေါ် မန်ချက်စတာစီးတီး စီအီးအို ဖယ်ရန် ဆိုရီယာနိုက ဒေါသထွက်နေပြီး ဒါဟာ ကစားသမားတွေနဲ့ လက်ရှိ ကိုဗစ်ကာလရဲ့ သက်ရောက်မှုတွေ၊ ပွဲစဉ် ရေးဆွဲမှု စိပ်နေတာတွေကို မစာမနာလုပ်တာဖြစ်တယ်လို့ ပေါက်ကွဲ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာက ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကို တကယ်ပဲ အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ရိုရီ ဒီလက်ပ်ကို အသင်းကြီးမှာ ဆက်လက်သုံးစွဲ နေရာပေးသွားဖွယ်ရှိပြီး အရန်အသင်းက သူ့ရဲ့နေရာအတွက် အစားထိုးတိုက်စစ်မှူးတစ်ဦးကိုတောင် ခေါ်ယူထားခဲ့တယ်လို့ သိရ။

– အပြောင်းအရွှေ့ဈေးကွက်မှာ ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိခြင်းဟာလည်း အရေးပါပြီး ဒါကြောင့်လည်း မန်စီးတီးအသင်းအနေနဲ့ လီရွိုင်း ဆာနေးနဲ့ အော့တာမန်ဒီတို့လို ကစားသမားတွေကို ရောင်းချခဲ့တာဖြစ်တယ်လို့ ဆိုရီယာနို ပြောကြား။

– ပြန်လည်ခေါ်ယူခွင့် Buy Back Clause ကြောင့် အစ်တီဟတ်ကို ပြန်မယ်လို့ အသံထွက်နေတဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က သူအခုလို အက်စ်တန်ဗီလာမှာ ခြေစွမ်းပြနိုင်တာဟာ မန်ချက်စတာစီးတီးရဲ့ ကျေးဇူးမကင်းဘဲ သူတို့က ဘရာဇီးလ်ကနေ စတင်ခေါ်ဆောင်လာခဲ့လို့ဖြစ်ကြောင်း ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘိုဒို/ဂလင့်မ်အသင်းကနေ ကွင်းလယ်လူ ဂျင်းစ် ပက်တာ ဟိုဂီကို ခေါ်ယူဖို့ အေစီမီလန်နဲ့အပြိုင် ကြိုးစားခဲ့ပေမယ့်လည်း ကစားသမားရဲ့ ရွေးချယ်မှုက အီတလီကလပ်ကိုပဲဖြစ်နေလို့ လက်လျှော့ခဲ့ရတယ်လို့ ရိုမာနို ထုတ်ဖော်သွား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.