Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၈.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို ေရာင္းခ်ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဆြးေႏြးမွဳ ရွိခဲ့ၿပီး အဲလက္စ္ တဲလက္စ္ကို ေခၚယူမွဳ အဆင္ေျပသြားခဲ့လို႔သာ မေရာင္းခ်ျဖစ္ခဲ့တာလုိ႔ သိရ။

– ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ ကြင္းလယ္မွာ အထိုင္ခ်ဖို႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ မီရာလမ္ ပ်ာနစ္ခ်္ကို ေဂ်ာ္ဂ်င္ညဳိနဲ႔ အလဲအထပ္လုပ္ဖို႔ အလိုရွိေနခဲ့ေပမယ့္ ကစားသမားရဲ႕ ေရြးခ်ယ္မွဳက ဘာစီလိုနာျဖစ္သြားခဲ့လို႔ ပ်က္ျပယ္ခဲ့ရ။

– ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့တဲ့ ဟာကင္မ္ ဇီယက္ရွ္ကေတာ့ နည္းျပ လမ္းပတ္ကို ေကာင္းေကာင္း ေခါင္းကိုက္ေစေတာ့မွာ ျဖစ္ၿပီး လူေရြးခ်ယ္မွဳအတြက္ ေတာင္ပံကစားသမား အင္အားေတြ မ်ားျပားေနခ်ိန္မွာ ဟဒ္ဆန္-အိုဒြဳိင္းကိုပဲ ခ်န္လွပ္ထားရဖို႔ ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းတင္သြင္းရာမွာ အသင္းနဲ႔ အဆင္မေျပျဖစ္ေနတဲ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အန္တိုနီယို ႐ူဒီဂါ၊ မားကို႔စ္ အလြန္ဆုိနဲ႔ အီမာဆန္ ပယ္လ္မီယာရီတုိ႔ ပါဝင္လာခဲ့ၾကေပမယ့္ ဗစ္တာ မုိးဆက္စ္၊ ဒန္နီ ဒရင့္ခ္ဝါးတားနဲ႔ ဘာဘာ ရာမန္တုိ႔ ခ်န္လွပ္ခံခဲ့ရ။

– အသင္းကို ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေျပာင္းေရႊ႕လာခဲ့ၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္နဲ႔ အၿပဳိင္လုၿပီး ေခၚယူခဲ့ရတဲ့ ဂါနာေနာက္ခံလူ ဘာဘာ ရာမန္ရဲ႕ အေနအထားကေတာ့ ဒီရာသီမွာ ပုိမိုနိမ့္က်လာခဲ့ၿပီး ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့ကို အငွားနဲ႔ သြားေရာက္ရဖြယ္ရွိေန။

– ေဝဖန္မွဳေတြ ရွိေနေပမယ့္ အသင္းရဲ႕ အကယ္ဒမီကစားသမားေတြကိုလည္း ခ်ဲလ္ဆီးအေနနဲ႔ ေနရာေပးႏုိင္ေၾကာင္း ျပသမွဳအေနနဲ႔ ခ်န္ပီယံလိဂ္လူစာရင္းတင္သြင္းရာမွာ ေမဆန္ေမာင့္၊ ရီးစ္ ဂ်ိမ္းစ္၊ ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းနဲ႔ ဘီလီ ဂီးလ္မိုးရ္တုိ႔ကို ငယ္ေမြးၿခံေပါက္ (ခ)စာရင္းမွာ ထည့္သြင္းထား။

– ယူကရိန္းနဲ႔ ကစားခဲ့တဲ့ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ သူ႕ရဲ႕ ရာျပည့္ပြဲမွာ ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ဂ်ီ႐ူးအေနနဲ႔ ဂိုးသြင္း အမ်ားဆုံးစာရင္းမွာ ဂႏၴဝင္ ပလာတီနီကို ၄၂ ဂိုးနဲ႔ ေက်ာ္တက္ႏိုင္ခဲ့ၿပီး သီယာရီ အြန္နရီတစ္ဦးကိုပဲ လုိက္မီဖို႔ ၉ ဂိုးနဲ႔ ႀကဳိးစားရဦးမွာျဖစ္ေၾကာင္း သိရ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းကို နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို ရောင်းချဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ဆွေးနွေးမှု ရှိခဲ့ပြီး အဲလက်စ် တဲလက်စ်ကို ခေါ်ယူမှု အဆင်ပြေသွားခဲ့လို့သာ မရောင်းချဖြစ်ခဲ့တာလို့ သိရ။

– ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ကွင်းလယ်မှာ အထိုင်ချဖို့ ဂျူဗင်တပ်စ်အသင်းရဲ့ မီရာလမ် ပျာနစ်ချ်ကို ဂျော်ဂျင်ညိုနဲ့ အလဲအထပ်လုပ်ဖို့ အလိုရှိနေခဲ့ပေမယ့် ကစားသမားရဲ့ ရွေးချယ်မှုက ဘာစီလိုနာဖြစ်သွားခဲ့လို့ ပျက်ပြယ်ခဲ့ရ။

– ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဟာကင်မ် ဇီယက်ရှ်ကတော့ နည်းပြ လမ်းပတ်ကို ကောင်းကောင်း ခေါင်းကိုက်စေတော့မှာ ဖြစ်ပြီး လူရွေးချယ်မှုအတွက် တောင်ပံကစားသမား အင်အားတွေ များပြားနေချိန်မှာ ဟဒ်ဆန်-အိုဒွိုင်းကိုပဲ ချန်လှပ်ထားရဖို့ ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းတင်သွင်းရာမှာ အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ အန်တိုနီယို ရူဒီဂါ၊ မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီတို့ ပါဝင်လာခဲ့ကြပေမယ့် ဗစ်တာ မိုးဆက်စ်၊ ဒန်နီ ဒရင့်ခ်ဝါးတားနဲ့ ဘာဘာ ရာမန်တို့ ချန်လှပ်ခံခဲ့ရ။

– အသင်းကို မျှော်လင့်ချက်တွေနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ အပြိုင်လုပြီး ခေါ်ယူခဲ့ရတဲ့ ဂါနာနောက်ခံလူ ဘာဘာ ရာမန်ရဲ့ အနေအထားကတော့ ဒီရာသီမှာ ပိုမိုနိမ့်ကျလာခဲ့ပြီး ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အငှားနဲ့ သွားရောက်ရဖွယ်ရှိနေ။

– ဝေဖန်မှုတွေ ရှိနေပေမယ့် အသင်းရဲ့ အကယ်ဒမီကစားသမားတွေကိုလည်း ချဲလ်ဆီးအနေနဲ့ နေရာပေးနိုင်ကြောင်း ပြသမှုအနေနဲ့ ချန်ပီယံလိဂ်လူစာရင်းတင်သွင်းရာမှာ မေဆန်မောင့်၊ ရီးစ် ဂျိမ်းစ်၊ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဘီလီ ဂီးလ်မိုးရ်တို့ကို ငယ်မွေးခြံပေါက် (ခ)စာရင်းမှာ ထည့်သွင်းထား။

– ယူကရိန်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ ရာပြည့်ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးအနေနဲ့ ဂိုးသွင်း အများဆုံးစာရင်းမှာ ဂန္ထဝင် ပလာတီနီကို ၄၂ ဂိုးနဲ့ ကျော်တက်နိုင်ခဲ့ပြီး သီယာရီ အွန်နရီတစ်ဦးကိုပဲ လိုက်မီဖို့ ၉ ဂိုးနဲ့ ကြိုးစားရဦးမှာဖြစ်ကြောင်း သိရ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.