Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၈.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းက ေက်ာနံပါတ္ ၂၇ ေပးအပ္လုိက္တဲ့ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို မရရွိႏုိင္ခဲ့ခ်ိန္ အခ်ိန္မီ အစားထိုးႏုိင္ဖို႔ ေစာင့္ၾကည့္ထားသူက ခ်ဲလ္ဆီးေနာက္ခံလူ အီမာဆန္ျဖစ္တယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ။

– အုိးလ္ထရက္ဖို႔ဒ္ကို အေျပာင္းအေရႊ႕ပိတ္ရက္ ေနာက္ဆုံးေန႔မွာ ေရာက္ရွိလာခဲ့တဲ့ ဥ႐ုေဂြးသားႏွစ္ဦးျဖစ္တဲ့ ကာဗာနီနဲ႔ ပယ္လစၥထရီတုိ႔က အသင္းရဲ႕ လွပတဲ့ အက်ႌကို ဂုဏ္ယူစြာနဲ႔ ဝတ္ဆင္ခြင့္ရခဲ့ၿပီလုိ႔ ေျပာၾကားခဲ့ၾက။

– ႐ိုးမားအသင္းကို ေရာင္းခ်လုိက္တဲ့ ေနာက္ခံလူ ခရစၥ စေမာလင္းအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၃ သန္းအျပင္ ထပ္မံခံစားခြင့္ရရွိမယ့္ ေပါင္ ၅ သန္းကို ရရွိႏုိင္ဖို႔ကေတာ့ လြယ္ကူမွာမဟုတ္ဘဲ ဒီထပ္ေဆာင္း ပမာဏကို ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္တုိက္ဝင္မွ ေပးေခ်ရမွာလို႔ သိရ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဝတ္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို ျပည္တြင္းအေျပာင္းအေရႊ႕ မပိတ္ခင္ ေခၚယူဖို႔ စဥ္းစားခဲ့ေပမယ့္ ခ်န္ပီယံလိဂ္လူစာရင္းကို တင္သြင္းလုိက္ၿပီျဖစ္လို႔ ေခၚယူဖို႔နဲ႔ သုံးစြဲဖို႔အတြက္ သိပ္အဆင္မေျပေတာ့တာမို႔ ဇန္နဝါရီမွာ ေရာက္လာမယ့္ အာမက္ ဂ်ယ္လို ထရာအုိေရးကပဲ အေျဖျဖစ္ႏုိင္။

– လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းဂႏၴဝင္တစ္ဦးျဖစ္တဲ့ ေဒးဗစ္ ဘက္ခမ္းရဲ႕ လူငယ္ဘဝနံပါတ္ျဖစ္တဲ့ ေက်ာနံပါတ္ ၂၈ ကို ဝတ္ဆင္မွာျဖစ္ေၾကာင္းသိရ။

– အာဂ်င္တီးနားေနာက္ခံလူ မားကို႔စ္ ႐ိုဟိုအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ လက္က်န္စာခ်ဳပ္ တစ္ႏွစ္ကို ပယ္ဖ်က္ေပးဖို႔ ေတာင္းဆုိခဲ့ေပမယ့္ ယူႏုိက္တက္ အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္က ပယ္ခ်သြားခဲ့။

– ၿပီးခဲ့တဲ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ပြဲက တုိက္စစ္မွဴး အန္တုိနီ မာစီယယ္လ္ရဲ႕ အနီကတ္အတြက္ တစ္သင္းလုံး ကန္႔ကြက္ေနၾကေပမယ့္ သေဘာတူတဲ့ ပုံစံကို ျပသေနခဲ့တဲ့ ဟာရီ မက္ဂြဳိင္းယားရဲ႕ အသင္းေခါင္းေဆာင္စိတ္ဓာတ္အတြက္ ေမးခြန္းထုတ္ေနၾက။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းက ကျောနံပါတ် ၂၇ ပေးအပ်လိုက်တဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်ကို မရရှိနိုင်ခဲ့ချိန် အချိန်မီ အစားထိုးနိုင်ဖို့ စောင့်ကြည့်ထားသူက ချဲလ်ဆီးနောက်ခံလူ အီမာဆန်ဖြစ်တယ်လို့ ဖာဘရီဇီယို ရိုမာနို ဖော်ပြ။

– အိုးလ်ထရက်ဖို့ဒ်ကို အပြောင်းအရွှေ့ပိတ်ရက် နောက်ဆုံးနေ့မှာ ရောက်ရှိလာခဲ့တဲ့ ဥရုဂွေးသားနှစ်ဦးဖြစ်တဲ့ ကာဗာနီနဲ့ ပယ်လစ္စထရီတို့က အသင်းရဲ့ လှပတဲ့ အင်္ကျီကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ခွင့်ရခဲ့ပြီလို့ ပြောကြားခဲ့ကြ။

– ရိုးမားအသင်းကို ရောင်းချလိုက်တဲ့ နောက်ခံလူ ခရစ္စ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းအပြင် ထပ်မံခံစားခွင့်ရရှိမယ့် ပေါင် ၅ သန်းကို ရရှိနိုင်ဖို့ကတော့ လွယ်ကူမှာမဟုတ်ဘဲ ဒီထပ်ဆောင်း ပမာဏကို ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက်ဝင်မှ ပေးချေရမှာလို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို ပြည်တွင်းအပြောင်းအရွှေ့ မပိတ်ခင် ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့် ချန်ပီယံလိဂ်လူစာရင်းကို တင်သွင်းလိုက်ပြီဖြစ်လို့ ခေါ်ယူဖို့နဲ့ သုံးစွဲဖို့အတွက် သိပ်အဆင်မပြေတော့တာမို့ ဇန်နဝါရီမှာ ရောက်လာမယ့် အာမက် ဂျယ်လို ထရာအိုရေးကပဲ အဖြေဖြစ်နိုင်။

– လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ လူငယ်ဘဝနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၂၈ ကို ဝတ်ဆင်မှာဖြစ်ကြောင်းသိရ။

– အာဂျင်တီးနားနောက်ခံလူ မားကို့စ် ရိုဟိုအနေနဲ့ အသင်းပြောင်းရွှေ့ဖို့အတွက် လက်ကျန်စာချုပ် တစ်နှစ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက် အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်က ပယ်ချသွားခဲ့။

– ပြီးခဲ့တဲ့ တော့တင်ဟမ် ဟော့စပါးစ်နဲ့ပွဲက တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့ အနီကတ်အတွက် တစ်သင်းလုံး ကန့်ကွက်နေကြပေမယ့် သဘောတူတဲ့ ပုံစံကို ပြသနေခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင်စိတ်ဓာတ်အတွက် မေးခွန်းထုတ်နေကြ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.