Premier League

အသင်းစံချိန်တင် ငွေကြေးသုံးစွဲဖို့ ၁၀ ဦးအထိ ရောင်းထုတ်မယ့် အာတီတာ

အာတီတာဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲမှာ လက်တကမ်းအလိုမှာ ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို အင်အားတိုးမြှင့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲခွင့် ပေးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်ရဲ့ မန်ချက်စတာစီးတီးအသင်းကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက်ဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းမြင်တတ်သူတွေကတော့ ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးအထိ တက်ရောက်နိုင်ပြီးမှ ရှုံးနိမ့်သွားခဲ့တာက အာတီတာရဲ့ ငယ်ရွယ်တဲ့လူစာရင်းဟာ ဂွါဒီယိုလာရဲ့ တစ်ရာသီ ၃၈ ပွဲအတွင်း နိုင်ပွဲတွေ ရရှိဖို့ မဆုတ်မနစ် ကြိုးပမ်းတတ်တဲ့ မန်စီးတီးနဲ့ ယှဉ်နိုင်ဖို့ လိုသေးတယ်ဆိုတာကို ရှင်းလင်းသွားတယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။

အဲဒါကြောင့် အာဆင်နယ်ဘုတ်အဖွဲ့ဟာ ယခုနွေရာသီမှာ နည်းပြကို ထောက်ခံသွားမှာဖြစ်တယ်လို့ The Times က ဖော်ပြခဲ့ပြီး အဓိကပစ်မှတ်တွေဖြစ်တဲ့ ဒီကလန် ရိုက်စ်နဲ့ မွိုက်စ် ကိုင်ဆေဒိုတို့ကို ခေါ်ယူဖို့အတွက် မီးစိမ်းပြခြင်းခံခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို အဖွင့်ကမ်းလှမ်းမှုပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပြီး အင်္ဂလန်ကွင်းလယ်ကစားသမားကို ခေါ်ယူမှုက ဘရိုက်တန်ကနေ ကိုင်ဆေဒိုကို ခေါ်ယူဖို့ အားထုတ်မှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ အီကွေဒေါကွင်းလယ်ကစားသမားကို ဇန်နဝါရီလတုန်းက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ၂ ခုအထိ ပြုလုပ်ခဲ့ပေမယ့်လည်း ဘရိုက်တန်အသင်းက ပယ်ချခဲ့ပြီး ကိုင်ဆေဒိုနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ခံစစ်ပိုင်းကိုလည်း အင်အားဖြည့်တင်းသွားဖို့များနေပြီး နောက်ခံတောင်ပံ ၂ နေရာစလုံးနဲ့ ဗဟိုခံစစ်၊ ဆာကာအတွက် ယှဉ်ပြိုင်မှုပေးနိုင်တဲ့ တောင်ပံကစားသမားနဲ့ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် အာဆင်နယ်အသင်းဟာ အဝတ်လဲခန်းထဲက ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားအချို့ကို ရောင်းထုတ်ရာကနေ ပေါင်သန်း ၁၀၀ ဝန်းကျင် ရရှိမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ချာကာဟာ ယခုရာသီမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဘွန်ဒက်စ်လီဂါကို ပြန်သွားနိုင်ခြေရှိနေပြီး အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ နေရာမရဖြစ်ခဲ့တဲ့ စမစ် ရိုးအတွက်လည်း ကမ်းလှမ်းမှုတွေ နားထောင်သွားချင်နေတာဖြစ်ပါတယ်။

နီကိုလာ ပေပေ၊ မိတ်လန်း-နိုင်းစ်၊ ဘာလိုဂန်၊ လိုကွန်ဂါ၊ ဆိုအာရက်စ်၊ တာဗာရက်စ်တို့ကိုလည်း ရောင်းထုတ်မယ့်စာရင်းထဲမှာ ထည့်သွင်းထားပြီး ကာလရှည် အသင်းအတွက် ကစားပေးခဲ့တဲ့ ရော့ဘ် ဟိုးဒင်းကလည်း အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့ရပြီးဖြစ်ဖို့များနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နယူးကာဆယ်ဆီကနေ စိတ်ဝင်စားမှု ခံနေရတဲ့ ကီရန် တီယာနီကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာတီတာဟာ ပရီးမီးယားလိဂ္ဖလားအတြက္ ၿပိဳင္ပြဲမွာ လက္တကမ္းအလိုမွာ ရႈံးနိမ့္ခဲ့တဲ့ လူစာရင္းကို အင္အားတိုးျမႇင့္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ယခုေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲခြင့္ ေပးျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

အာဆင္နယ္ရဲ႕ မန္ခ်က္စတာစီးတီးအသင္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ဟာ တနဂၤေႏြေန႔မွာ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းက အဲဗာတန္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အေကာင္းျမင္တတ္သူေတြကေတာ့ ဂန္းနားေတြဟာ အမွတ္ေပးဇယားထိပ္ဆုံးအထိ တက္ေရာက္ႏိုင္ၿပီးမွ ရႈံးနိမ့္သြားခဲ့တာက အာတီတာရဲ႕ ငယ္႐ြယ္တဲ့လူစာရင္းဟာ ဂြါဒီယိုလာရဲ႕ တစ္ရာသီ ၃၈ ပြဲအတြင္း ႏိုင္ပြဲေတြ ရရွိဖို႔ မဆုတ္မနစ္ ႀကိဳးပမ္းတတ္တဲ့ မန္စီးတီးနဲ႔ ယွဥ္ႏိုင္ဖို႔ လိုေသးတယ္ဆိုတာကို ရွင္းလင္းသြားတယ္လို႔ ထင္ျမင္ေနၾကတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အာဆင္နယ္ဘုတ္အဖြဲ႕ဟာ ယခုေႏြရာသီမွာ နည္းျပကို ေထာက္ခံသြားမွာျဖစ္တယ္လို႔ The Times က ေဖာ္ျပခဲ့ၿပီး အဓိကပစ္မွတ္ေတြျဖစ္တဲ့ ဒီကလန္ ႐ိုက္စ္နဲ႔ မြိဳက္စ္ ကိုင္ေဆဒိုတို႔ကို ေခၚယူဖို႔အတြက္ မီးစိမ္းျပျခင္းခံခဲ့ရၿပီးျဖစ္တယ္လို႔ သိရပါတယ္။

တနလၤာေန႔မွာ ထြက္ေပၚလာတဲ့သတင္းေတြအရ အာဆင္နယ္ဟာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ကို အဖြင့္ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သိရၿပီး အဂၤလန္ကြင္းလယ္ကစားသမားကို ေခၚယူမႈက ဘ႐ိုက္တန္ကေန ကိုင္ေဆဒိုကို ေခၚယူဖို႔ အားထုတ္မႈကို ထိခိုက္ေစမွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္ဟာ အီေကြေဒါကြင္းလယ္ကစားသမားကို ဇန္နဝါရီလတုန္းက အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈ ၂ ခုအထိ ျပဳလုပ္ခဲ့ေပမယ့္လည္း ဘ႐ိုက္တန္အသင္းက ပယ္ခ်ခဲ့ၿပီး ကိုင္ေဆဒိုနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ခံစစ္ပိုင္းကိုလည္း အင္အားျဖည့္တင္းသြားဖို႔မ်ားေနၿပီး ေနာက္ခံေတာင္ပံ ၂ ေနရာစလုံးနဲ႔ ဗဟိုခံစစ္၊ ဆာကာအတြက္ ယွဥ္ၿပိဳင္မႈေပးႏိုင္တဲ့ ေတာင္ပံကစားသမားနဲ႔ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားႏိုင္တဲ့ တိုက္စစ္မႉးတစ္ဦးကိုလည္း ေခၚယူဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။ ဒီလို ႀကီးမားတဲ့ ေခၚယူမႈေတြ ျပဳလုပ္ဖို႔အတြက္ အာဆင္နယ္အသင္းဟာ အဝတ္လဲခန္းထဲက ထင္ေပၚေက်ာ္ၾကားတဲ့ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ရာကေန ေပါင္သန္း ၁၀၀ ဝန္းက်င္ ရရွိမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ခ်ာကာဟာ ယခုရာသီမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဘြန္ဒက္စ္လီဂါကို ျပန္သြားႏိုင္ေျခရွိေနၿပီး အာဆင္နယ္ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အာတီတာရဲ႕ ပြဲထြက္လူစာရင္းမွာ ေနရာမရျဖစ္ခဲ့တဲ့ စမစ္ ႐ိုးအတြက္လည္း ကမ္းလွမ္းမႈေတြ နားေထာင္သြားခ်င္ေနတာျဖစ္ပါတယ္။

နီကိုလာ ေပေပ၊ မိတ္လန္း-ႏိုင္းစ္၊ ဘာလိုဂန္၊ လိုကြန္ဂါ၊ ဆိုအာရက္စ္၊ တာဗာရက္စ္တို႔ကိုလည္း ေရာင္းထုတ္မယ့္စာရင္းထဲမွာ ထည့္သြင္းထားၿပီး ကာလရွည္ အသင္းအတြက္ ကစားေပးခဲ့တဲ့ ေရာ့ဘ္ ဟိုးဒင္းကလည္း အသင္းအတြက္ ေနာက္ဆုံးပြဲစဥ္ကို ကစားေပးခဲ့ရၿပီးျဖစ္ဖို႔မ်ားေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ နယူးကာဆယ္ဆီကေန စိတ္ဝင္စားမႈ ခံေနရတဲ့ ကီရန္ တီယာနီကို တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ ထြက္ခြာခြင့္ေပးသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.