Premier League

အာဆင်နယ်နဲ့ ဖောရက်စ်ပွဲကို ဟောကိန်းထုတ်ခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ပွဲအပါအဝင် ဂန်းနားတွေရဲ့ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာ အာတီတာရဲ့အသင်းက အနိုင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ မန်ချက်စတာစီးတီးထက် ၁ မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယနေ့မှာ ဘရိုက်တန်အသင်းကို အနိုင်ကစားပြီး အနည်းဆုံးတော့ နာရီပိုင်းအနည်းငယ်အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြန်လည် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ပြီးတဲ့နောက် တနင်္ဂနွေနေ့ညနေခင်းမှာ တန်းဆင်းရမယ့်အန္တရာယ်ရှိနေတဲ့ အဲဗာတန်နဲ့ ရင်ဆိုင်ရာမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်မာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ဖောရက်စ် ပရိသတ်တွေ စောင့်ကြည့်နေမယ့်ပွဲစဉ်ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ဖို့ စီးတီးဂရောင်းကို သွားရောက်ရမှာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ဟာ လက်ရှိမှာ တန်းဆင်းဇုန်ရဲ့အထက် ၃ မှတ်မှာ ရပ်တည်နေတာကြောင့် အဲဒီပွဲစဉ်က အမှတ်ပေးဇယား အပေါ်ဆုံးနဲ့ အောက်ဆုံးအပိုင်းတွေမှာ အကျိုးသက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

အဲဗာတန်နဲ့ ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အာတီတာရဲ့အသင်းဟာ လက်ကျန်ကစားဖို့ရှိနေတဲ့ ၃ ပွဲစလုံးကနေ ရမှတ် အများဆုံးရယူနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပေမယ့်လည်း ၎င်းရဲ့ ဟောကိန်းက မှားယွင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

“ကျိန်းသေပေါက် သူတို့က ၃ ပွဲစလုံးကို အနိုင်ကစားသွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို အနိုင်ရဖို့ လုပ်ဖို့လိုတာ ဘာလဲဆိုတာ သိပါတယ်။ သူတို့တွေ ဘရိုက်တန်၊ နော်တင်ဟမ်၊ ဝုလ်ဗ်စ်တို့နဲ့ ကစားနေတဲ့အချိန်မှာ ကျွန်တော်လည်း ပွဲစဉ်ထဲမှာပဲ ရှိချင်ပါတယ်။ ကျွန်တော် သူတို့ကို ရမှတ်တွေ လျော့ကျစေချင်တယ်။ ကျွန်တော် ရိုးရိုးသားသားပဲ ပြောမှာပါ။ ဒါပေမယ့် သူတို့တွေ ၉ မှတ်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပက္ ဂြါဒီယိုလာက အာဆင္နယ္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ပြဲအပါအဝင္ ဂန္းနားေတြရဲ႕ လက္က်န္ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲစလုံးမွာ အာတီတာရဲ႕အသင္းက အႏိုင္ရလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာ မန္ခ်က္စတာစီးတီးထက္ ၁ မွတ္ေလ်ာ့နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက တစ္ပြဲကစားဖို႔ က်န္ေနေသးတာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ယေန႔မွာ ဘ႐ိုက္တန္အသင္းကို အႏိုင္ကစားၿပီး အနည္းဆုံးေတာ့ နာရီပိုင္းအနည္းငယ္အထိ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ျပန္လည္ ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးက ၿပီးတဲ့ေနာက္ တနဂၤေႏြေန႔ညေနခင္းမွာ တန္းဆင္းရမယ့္အႏၲရာယ္ရွိေနတဲ့ အဲဗာတန္နဲ႔ ရင္ဆိုင္ရာမွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္မာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ ေဖာရက္စ္ ပရိသတ္ေတြ ေစာင့္ၾကည့္ေနမယ့္ပြဲစဥ္ျဖစ္ပါတယ္။

ဘ႐ိုက္တန္နဲ႔ ပြဲအၿပီးမွာ အာဆင္နယ္အသင္းက ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ယွဥ္ၿပိဳင္ဖို႔ စီးတီးဂေရာင္းကို သြားေရာက္ရမွာျဖစ္ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္ဟာ လက္ရွိမွာ တန္းဆင္းဇုန္ရဲ႕အထက္ ၃ မွတ္မွာ ရပ္တည္ေနတာေၾကာင့္ အဲဒီပြဲစဥ္က အမွတ္ေပးဇယား အေပၚဆုံးနဲ႔ ေအာက္ဆုံးအပိုင္းေတြမွာ အက်ိဳးသက္ေရာက္မႈ ရွိလာမွာ ျဖစ္ပါတယ္။

အဲဗာတန္နဲ႔ ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက အာတီတာရဲ႕အသင္းဟာ လက္က်န္ကစားဖို႔ရွိေနတဲ့ ၃ ပြဲစလုံးကေန ရမွတ္ အမ်ားဆုံးရယူႏိုင္လိမ့္မယ္လို႔ ေထာက္ခံခဲ့ေပမယ့္လည္း ၎ရဲ႕ ေဟာကိန္းက မွားယြင္းဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

“က်ိန္းေသေပါက္ သူတို႔က ၃ ပြဲစလုံးကို အႏိုင္ကစားသြားလိမ့္မယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္အမွတ္ေပးဖလားကို အႏိုင္ရဖို႔ လုပ္ဖို႔လိုတာ ဘာလဲဆိုတာ သိပါတယ္။ သူတို႔ေတြ ဘ႐ိုက္တန္၊ ေနာ္တင္ဟမ္၊ ဝုလ္ဗ္စ္တို႔နဲ႔ ကစားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္လည္း ပြဲစဥ္ထဲမွာပဲ ရွိခ်င္ပါတယ္။ ကြၽန္ေတာ္ သူတို႔ကို ရမွတ္ေတြ ေလ်ာ့က်ေစခ်င္တယ္။ ကြၽန္ေတာ္ ႐ိုး႐ိုးသားသားပဲ ေျပာမွာပါ။ ဒါေပမယ့္ သူတို႔ေတြ ၉ မွတ္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.