Premier League

တန်ဟက် ရောင်းထုတ်ရမယ့်သူကို ပြောပြခဲ့တဲ့ အလန် ရှီးယား

အလန် ရှီးယားရားက မန်ချက်စတာယူနိုက်တက်အနေနဲ့ အန်သိုနီ မာစီယယ်လ်ကို ရောင်းထုတ်သင့်တယ်လို့ ယုံကြည်နေပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးအတွက် ကောင်းသင့်သလောက် မကောင်းမွန်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

မာစီယယ်လ်ဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ နာကျင်အချိန်ပိုမှာ ယခုရာသီရဲ့ ပဉ္စမမြောက် သွင်းဂိုးကို သွင်းယူနိုင်ဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ဝက်စ်ဟမ်း ယူနိုက်တက်ဂိုးသမား ဖေဘီယန်းစကီးက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

မာစီယယ်လ်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းကို ဆီဗီလာအသင်းမှာ အငှားကစားသမားအဖြစ်နဲ့ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ရောင်းချခံရမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း တန်ဟက်က ပြင်သစ်တိုက်စစ်မှူးကို ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ ယခုနွေရာသီမှာ မာစီယယ်လ်ရဲ့ ပြဿနာကို နောက်ထပ်ရင်ဆိုင်ရနိုင်ပြီး ပရီးမီးယားလိဂ်ဂန္တဝင် အလန် ရှီးယားက မန်ချက်စတာယူနိုက်တက်အနေနဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းထုတ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အန်သိုနီ မာစီယယ်လ်က မန်ချက်စတာယူနိုက်တက်မှာ လုံလောက်တဲ့အချိန် ရခဲ့ပြီးပါပြီ။ ခင်ဗျား သူနဲ့ပတ်သက်ပြီး ဘာမှ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဆုံးဖြတ်ချက်က ချမှတ်ခဲ့ပြီးသား ဒါမှမဟုတ် ချမှတ်ပြီးသားဖြစ်ခဲ့သင့်လို့ပါ။ သူက အဲဒီမှာ ကြာသင့်သလောက် ကြာကြာ ရှိနေခဲ့ပြီးပြီ။ သူ့မှာ လုံလောက်တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပြီးပြီ။ သူက မန်ချက်စတာယူနိုက်တက်ကို သူတို့ရှိနေချင်တဲ့နေရာကို ပို့ဆောင်ပေးနိုင်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှုမျိုးမရှိပါဘူး။ သူသာ ကောင်းသင့်သလောက် ကောင်းရင် ပုံမှန် ပွဲထွက်ခွင့် ရနေမှာဖြစ်ပြီး ဂိုးတွေ သွင်းယူနေမှာပါ။ သူ့မှာ အချိန်ရခဲ့ပြီး သူ့အတွက် အလုပ်မဖြစ်ခဲ့ဘူး။ ဒါက ကျွန်တော့် အမြင်ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အလန္ ရွီးယားရားက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အန္သိုနီ မာစီယယ္လ္ကို ေရာင္းထုတ္သင့္တယ္လို႔ ယုံၾကည္ေနၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးအတြက္ ေကာင္းသင့္သေလာက္ မေကာင္းမြန္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

မာစီယယ္လ္ဟာ ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္ ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ နာက်င္အခ်ိန္ပိုမွာ ယခုရာသီရဲ႕ ပၪၥမေျမာက္ သြင္းဂိုးကို သြင္းယူႏိုင္ဖို႔ အခြင့္အေရး ရခဲ့ေပမယ့္လည္း ဝက္စ္ဟမ္း ယူႏိုက္တက္ဂိုးသမား ေဖဘီယန္းစကီးက ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

မာစီယယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီ ဒုတိယပိုင္းကို ဆီဗီလာအသင္းမွာ အငွားကစားသမားအျဖစ္နဲ႔ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေရာင္းခ်ခံရမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္လည္း တန္ဟက္က ျပင္သစ္တိုက္စစ္မႉးကို ဆက္လက္ ထိန္းသိမ္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဟာ ယခုေႏြရာသီမွာ မာစီယယ္လ္ရဲ႕ ျပႆနာကို ေနာက္ထပ္ရင္ဆိုင္ရႏိုင္ၿပီး ပရီးမီးယားလိဂ္ဂႏၲဝင္ အလန္ ရွီးယားက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေရာင္းထုတ္သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အန္သိုနီ မာစီယယ္လ္က မန္ခ်က္စတာယူႏိုက္တက္မွာ လုံေလာက္တဲ့အခ်ိန္ ရခဲ့ၿပီးပါၿပီ။ ခင္ဗ်ား သူနဲ႔ပတ္သက္ၿပီး ဘာမွ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ ခ်စရာမလိုပါဘူး။ ဘာလို႔လဲဆိုေတာ့ ဆုံးျဖတ္ခ်က္က ခ်မွတ္ခဲ့ၿပီးသား ဒါမွမဟုတ္ ခ်မွတ္ၿပီးသားျဖစ္ခဲ့သင့္လို႔ပါ။ သူက အဲဒီမွာ ၾကာသင့္သေလာက္ ၾကာၾကာ ရွိေနခဲ့ၿပီးၿပီ။ သူ႔မွာ လုံေလာက္တဲ့ အခြင့္အေရးေတြလည္း ရခဲ့ၿပီးၿပီ။ သူက မန္ခ်က္စတာယူႏိုက္တက္ကို သူတို႔ရွိေနခ်င္တဲ့ေနရာကို ပို႔ေဆာင္ေပးႏိုင္ဖို႔ လုံေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳးမရွိပါဘူး။ သူသာ ေကာင္းသင့္သေလာက္ ေကာင္းရင္ ပုံမွန္ ပြဲထြက္ခြင့္ ရေနမွာျဖစ္ၿပီး ဂိုးေတြ သြင္းယူေနမွာပါ။ သူ႔မွာ အခ်ိန္ရခဲ့ၿပီး သူ႔အတြက္ အလုပ္မျဖစ္ခဲ့ဘူး။ ဒါက ကြၽန္ေတာ့္ အျမင္ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.