Premier League

ဝမ် ဘစ်ဆာကာနဲ့ ရင်ဆိုင်မှုက လုံးဝရှုံးနိမ့်မှုလို့ ဝန်ခံခဲ့တဲ့ မိတိုမာ

ဘရိုက်တန်တောင်ပံကြယ်ပွင့် မိတိုမာက တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဝမ်ဘစ်ဆာကာနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ၎င်းရဲ့ စွမ်းဆောင်ရည်က လုံးဝ ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဝင်ဘလေမှာ မိနစ် ၉၀ ကစားပြီးနောက် အချိန်ပို ဆက်လက်ကစားခဲ့ပေမယ့်လည်း ဂိုးမရှိ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အဲရစ် တန်ဟက်ရဲ့အသင်းက ၇-၆ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မိတိုမာဟာ မန်ချက်စတာယူနိုက်တက် ညာနောက်ခံနေရာမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသခဲ့တဲ့ အာရွန် ဝမ်-ဘစ်ဆာကာကြောင့် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုရာသီမှာ ပထမဆုံးအကြိမ် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ဂျပန်လက်ရွေးစင်တောင်ပံကစားသမားဟာ ဝမ် ဘစ်ဆာကာက အားကောင်းတဲ့ပြိုင်ဘက်ဖြစ်တယ်ဆိုတာကို သိရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အခွင့်အရေးအနည်းငယ်ရခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့တာကို နောင်တ ရမိပါတယ်။ ပင်နယ်တီ သွင်းယူဖို့က ခက်ခဲပြီး အဲဒီမတိုင်ခင် တစ်စုံတရာကို ပိုပြီးတော့ ကျွန်တော် လုပ်နိုင်ခဲ့ရမှာလို့ ထင်ပါတယ်။ကျွန်တော် သူတို့နဲ့ ရင်ဆိုင်မကစားခဲ့ဖူးပါဘူး။ ဒါပေမယ့် သူတို့တွေရဲ့ ကစားသမားတွေအားလုံးဟာ တစ်ဦးချင်း မြင့်မားတဲ့ အရည်အသွေးရှိကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေမှာ သတိထားခဲ့ရပါတယ်”

“ပွဲက တစ်ပွဲလုံး ကောင်းကောင်း သွားနေခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့တွေက အရည်အသွေးရှိခဲ့ကြတယ်။ ကျွန်တော်လည်း တိုးတက်ဖို့ လိုအပ်နေပါတယ်။ သူ(ဝမ်ဘစ်ဆာကာ)က အားကောင်းတဲ့ပြိုင်ဘက်ဖြစ်ပြီး အဲဒါက ကျွန်တော် ကစားနေရင်း တွေးမိခဲ့တဲ့အတွေးပါ။ သူ့ရဲ့ ခြေထောက်က အဆုံးမှာ ဆန့်ထုတ်လိုက်တဲ့ ဒါမှမဟုတ် နောက်ကနေ ဘောလုံးကို ရယူခဲ့တဲ့ အချိန်တွေအများကြီးရှိခဲ့တယ်။ အဲဒါက လုံးဝ ရှုံးနိမ့်မှုဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ိုက္တန္ေတာင္ပံၾကယ္ပြင့္ မိတိုမာက တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္ကို အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဘ႐ိုက္တန္အသင္းရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ဝမ္ဘစ္ဆာကာနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ၎ရဲ႕ စြမ္းေဆာင္ရည္က လုံးဝ ရႈံးနိမ့္မႈအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ဝင္ဘေလမွာ မိနစ္ ၉၀ ကစားၿပီးေနာက္ အခ်ိန္ပို ဆက္လက္ကစားခဲ့ေပမယ့္လည္း ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ အဲရစ္ တန္ဟက္ရဲ႕အသင္းက ၇-၆ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ မိတိုမာဟာ မန္ခ်က္စတာယူႏိုက္တက္ ညာေနာက္ခံေနရာမွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသခဲ့တဲ့ အာ႐ြန္ ဝမ္-ဘစ္ဆာကာေၾကာင့္ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။

ယခုရာသီမွာ ပထမဆုံးအႀကိမ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ဂ်ပန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ဝမ္ ဘစ္ဆာကာက အားေကာင္းတဲ့ၿပိဳင္ဘက္ျဖစ္တယ္ဆိုတာကို သိရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အခြင့္အေရးအနည္းငယ္ရခဲ့ေပမယ့္လည္း ဂိုးမသြင္းႏိုင္ခဲ့တာကို ေနာင္တ ရမိပါတယ္။ ပင္နယ္တီ သြင္းယူဖို႔က ခက္ခဲၿပီး အဲဒီမတိုင္ခင္ တစ္စုံတရာကို ပိုၿပီးေတာ့ ကြၽန္ေတာ္ လုပ္ႏိုင္ခဲ့ရမွာလို႔ ထင္ပါတယ္။ကြၽန္ေတာ္ သူတို႔နဲ႔ ရင္ဆိုင္မကစားခဲ့ဖူးပါဘူး။ ဒါေပမယ့္ သူတို႔ေတြရဲ႕ ကစားသမားေတြအားလုံးဟာ တစ္ဦးခ်င္း ျမင့္မားတဲ့ အရည္အေသြးရွိၾကပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ တန္ျပန္တိုက္စစ္ေတြမွာ သတိထားခဲ့ရပါတယ္”

“ပြဲက တစ္ပြဲလုံး ေကာင္းေကာင္း သြားေနခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ သူတို႔ေတြက အရည္အေသြးရွိခဲ့ၾကတယ္။ ကြၽန္ေတာ္လည္း တိုးတက္ဖို႔ လိုအပ္ေနပါတယ္။ သူ(ဝမ္ဘစ္ဆာကာ)က အားေကာင္းတဲ့ၿပိဳင္ဘက္ျဖစ္ၿပီး အဲဒါက ကြၽန္ေတာ္ ကစားေနရင္း ေတြးမိခဲ့တဲ့အေတြးပါ။ သူ႔ရဲ႕ ေျခေထာက္က အဆုံးမွာ ဆန႔္ထုတ္လိုက္တဲ့ ဒါမွမဟုတ္ ေနာက္ကေန ေဘာလုံးကို ရယူခဲ့တဲ့ အခ်ိန္ေတြအမ်ားႀကီးရွိခဲ့တယ္။ အဲဒါက လုံးဝ ရႈံးနိမ့္မႈျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.