Premier League

မန်စီးတီးနဲ့ပွဲက ဂန်းနားတွေရဲ့ရာသီကို မသတ်မှတ်နိုင်ဘူးလို့ ပြောလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပွဲစဉ်က ၎င်းတို့ရဲ့ ရာသီကို သတ်မှတ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာကနေ ဦးဆောင်နေသူတွေအဖြစ် အစ်တီဟတ်ကို အရေးကြီးတဲ့ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းက ၂ ပွဲကစားဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

၃ ပွဲဆက်တိုက် သရေကျခဲ့တဲ့အတွက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အသာစီးရယူထားနိုင်မှုကနေ ခြေချော်သွားခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ အစ်တီဟတ်ကပွဲစဉ်က ဆုဖလားအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲစဉ်အဖြစ် ပိုလို့တောင် အရေးပါလာပြီလို့ အများစုက သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ စကားပြောဆိုရာမှာ အာတီတာက ၎င်းရဲ့အသင်းအတွက် သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့တာ ဖြစ်ပါတယ်။

“စီးတီးက လီဗာပူးလ်နဲ့အတူ အနိုင်ယူရမယ့်အသင်းဖြစ်လိမ့်မယ်ဆိုတာ အစကတည်းက ကျွန်တော်တို့ သိခဲ့တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်း ဒီအသင်းတွေ လုပ်ခဲ့တဲ့အရာတွေကြောင့်ပါ။ အဲဒါက ခက်ခဲတဲ့ညနဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ။ ဒါပေမယ့် အခွင့်အရေးက ကျွန်တော်တို့အတွက် မယုံနိုင်စရာပါ။ ကျွန်တော်တို့ စီးတီးကို သွားပြီး သူတို့ကို အနိုင်ယူရမှာပါ။ ခင်ဗျား ချန်ပီယံဖြစ်ချင်ရင် ခင်ဗျား ဒီလို ပွဲစဉ်တွေကို အနိုင်ရရမယ်။ အဲဒီလောက်ကို ရှင်းပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် ကွာဟချက်ကို နီးစပ်အောင် လုပ်ချင်ခဲ့ပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ”

“ကျွန်တော်တို့ အစ်တီဟတ်ကို သွားရမယ်ဆိုတာကို သိတယ်။ အဲဒီပွဲအပြီးမှာ ကျွန်တော်တို့ အရမ်းခက်ခဲတဲ့ ၅ ပွဲကစားဖို့ ရှိနေတယ်ဆိုတာကို သိတယ်။ အဲဒီတော့ အဲဒီပွဲက တကယ်ကို အရေးကြီးလာတော့မှာပါ။ အဲဒီပွဲက ကျွန်တော်တို့ရဲ့ ရာသီကို သတ်မှတ်နိုင်မလားဆိုရင် အဖြေက မသတ်မှတ်နိုင်ပါဘူး။ ကျွန်တော်တို့ အနိုင်ရခဲ့ရင် လိဂ်ကို အနိုင်ရမှာမဟုတ်ပါဘူး။ ဒါက သေချာပါတယ်။ အဲဒါက ရာခိုင်နှုန်းအနည်းငယ် အပြောင်းအလဲပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိဂ်မှာ ကစားဖို့ကျန်နေတဲ့ ၅ ပွဲနဲ့အတူ ကျွန်တော်တို့ ၂ သင်းစလုံးကစားရဖို့ ကျန်နေသေးတဲ့ပွဲစဉ်တွေက အရမ်းကို အန္တရာယ်များနေပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ပြဲစဥ္က ၎တို႔ရဲ႕ ရာသီကို သတ္မွတ္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာကေန ဦးေဆာင္ေနသူေတြအျဖစ္ အစ္တီဟတ္ကို အေရးႀကီးတဲ့ပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္ ဂြါဒီယိုလာရဲ႕အသင္းက ၂ ပြဲကစားဖို႔ က်န္ေနေသးတာျဖစ္ပါတယ္။

၃ ပြဲဆက္တိုက္ သေရက်ခဲ့တဲ့အတြက္ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အသာစီးရယူထားႏိုင္မႈကေန ေျခေခ်ာ္သြားခဲ့တာေၾကာင့္ ဗုဒၶဟူးေန႔ အစ္တီဟတ္ကပြဲစဥ္က ဆုဖလားအတြက္ အဆုံးအျဖတ္ေပးႏိုင္တဲ့ပြဲစဥ္အျဖစ္ ပိုလို႔ေတာင္ အေရးပါလာၿပီလို႔ အမ်ားစုက သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ စကားေျပာဆိုရာမွာ အာတီတာက ၎ရဲ႕အသင္းအတြက္ ေသရင္ေျမႀကီး ရွင္ရင္ ေ႐ႊထီးဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္သြားခဲ့တာ ျဖစ္ပါတယ္။

“စီးတီးက လီဗာပူးလ္နဲ႔အတူ အႏိုင္ယူရမယ့္အသင္းျဖစ္လိမ့္မယ္ဆိုတာ အစကတည္းက ကြၽန္ေတာ္တို႔ သိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္အတြင္း ဒီအသင္းေတြ လုပ္ခဲ့တဲ့အရာေတြေၾကာင့္ပါ။ အဲဒါက ခက္ခဲတဲ့ညနဲ႔ စိန္ေခၚမႈျဖစ္လာမွာပါ။ ဒါေပမယ့္ အခြင့္အေရးက ကြၽန္ေတာ္တို႔အတြက္ မယုံႏိုင္စရာပါ။ ကြၽန္ေတာ္တို႔ စီးတီးကို သြားၿပီး သူတို႔ကို အႏိုင္ယူရမွာပါ။ ခင္ဗ်ား ခ်န္ပီယံျဖစ္ခ်င္ရင္ ခင္ဗ်ား ဒီလို ပြဲစဥ္ေတြကို အႏိုင္ရရမယ္။ အဲဒီေလာက္ကို ရွင္းပါတယ္။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ကြာဟခ်က္ကို နီးစပ္ေအာင္ လုပ္ခ်င္ခဲ့ၿပီး သူတို႔နဲ႔ ထိပ္တိုက္ရင္ဆိုင္ရေတာ့မွာပါ”

“ကြၽန္ေတာ္တို႔ အစ္တီဟတ္ကို သြားရမယ္ဆိုတာကို သိတယ္။ အဲဒီပြဲအၿပီးမွာ ကြၽန္ေတာ္တို႔ အရမ္းခက္ခဲတဲ့ ၅ ပြဲကစားဖို႔ ရွိေနတယ္ဆိုတာကို သိတယ္။ အဲဒီေတာ့ အဲဒီပြဲက တကယ္ကို အေရးႀကီးလာေတာ့မွာပါ။ အဲဒီပြဲက ကြၽန္ေတာ္တို႔ရဲ႕ ရာသီကို သတ္မွတ္ႏိုင္မလားဆိုရင္ အေျဖက မသတ္မွတ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ရင္ လိဂ္ကို အႏိုင္ရမွာမဟုတ္ပါဘူး။ ဒါက ေသခ်ာပါတယ္။ အဲဒါက ရာခိုင္ႏႈန္းအနည္းငယ္ အေျပာင္းအလဲပဲ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဒီလိဂ္မွာ ကစားဖို႔က်န္ေနတဲ့ ၅ ပြဲနဲ႔အတူ ကြၽန္ေတာ္တို႔ ၂ သင္းစလုံးကစားရဖို႔ က်န္ေနေသးတဲ့ပြဲစဥ္ေတြက အရမ္းကို အႏၲရာယ္မ်ားေနပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.