Premier League

ဒီကလန် ရိုက်စ်ရဲ့အပြုအမူကြောင့် နွေရာသီအတွက် အားတက်စရာဖြစ်ခဲ့တဲ့ အာဆင်နယ်

ဒီကလန် ရိုက်စ်ဟာ ယခုနွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ ကောလာဟလတွေထွက်ပေါ်နေချိန်မှာ မာတင် အော်ဒီဂွါဒ်ဆီကနေ လက်မှတ်ထိုးထားတဲ့ အာဆင်နယ်ရှပ်ကို ရယူခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့မှာ ၂-၂ သရေကျခဲ့တဲ့ပွဲအပြီး ဂန်းနားအသင်းခေါင်းဆောင် အော်ဒီဂွါဒ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်က ရိုက်စ်ကို လက်မှတ်ထိုးထားတဲ့ ရှပ် ပေးနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အာဆင်နယ်ပရိသတ်တွေဟာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ယခုရာသီကုန်မှာ ခေါ်ယူနိုင်တော့မယ်လို့ မျှော်လင့်နေပြီဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ကို အခြား ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ဆီကနေ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်တွေ ကြီးထွားလာနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးချင်တဲ့ ဒီကလန် ရိုက်စ်ကို ယခုရာသီကုန်မှာ ရောင်းထုတ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အာဆင်နယ်ဟာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို နွေရာသီထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေသွားရမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ ယခုနှစ်အစောပိုင်းမှာ ချဲလ်ဆီးအသင်းက အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပေးချေခဲ့တဲ့ ပေါင် ၁၀၆.၈ သန်းကို ကြမ်းခင်းစျေးအဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ၎င်းရဲ့အသင်းဟောင်းကို ဒီကလန် ရိုက်စ်အတွက် မတန်တဆ စျေးမပေးဖို့ တောင်းဆိုခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ပေါင်သန်း ၆၀ လောက်ပဲ တန်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကလန္ ႐ိုက္စ္ဟာ ယခုေႏြရာသီမွာ ဝက္စ္ဟမ္းကေန အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ေကာလာဟလေတြထြက္ေပၚေနခ်ိန္မွာ မာတင္ ေအာ္ဒီဂြါဒ္ဆီကေန လက္မွတ္ထိုးထားတဲ့ အာဆင္နယ္ရွပ္ကို ရယူခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့သူျဖစ္ၿပီး တနဂၤေႏြေန႔မွာ ၂-၂ သေရက်ခဲ့တဲ့ပြဲအၿပီး ဂန္းနားအသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္က ႐ိုက္စ္ကို လက္မွတ္ထိုးထားတဲ့ ရွပ္ ေပးေနတဲ့ ဓာတ္ပုံဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားကို ယခုရာသီကုန္မွာ ေခၚယူႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ေနၿပီျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္ကို အျခား ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔ဆီကေန စိတ္ဝင္စားမႈေတြ ရွိေနေပမယ့္လည္း အာဆင္နယ္ဟာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ေတြ ႀကီးထြားလာေနတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတိုးခ်င္တဲ့ ဒီကလန္ ႐ိုက္စ္ကို ယခုရာသီကုန္မွာ ေရာင္းထုတ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး အာဆင္နယ္ဟာ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေႏြရာသီထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔အတြက္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်သြားရမွာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းဟာ ယခုႏွစ္အေစာပိုင္းမွာ ခ်ဲလ္ဆီးအသင္းက အန္ဇို ဖာနန္ဒက္ဇ္ကို ေခၚယူဖို႔ ေပးေခ်ခဲ့တဲ့ ေပါင္ ၁၀၆.၈ သန္းကို ၾကမ္းခင္းေစ်းအျဖစ္နဲ႔ အသုံးျပဳသြားမွာျဖစ္တယ္လို႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ၎ရဲ႕အသင္းေဟာင္းကို ဒီကလန္ ႐ိုက္စ္အတြက္ မတန္တဆ ေစ်းမေပးဖို႔ ေတာင္းဆိုခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ ေပါင္သန္း ၆၀ ေလာက္ပဲ တန္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.