Premier League

ရမ်းစ်ဒေးလ်ကို ပြစ်တင်ဝေဖန်ပြီး ဆုဖလားအတွက် သတိပေးခဲ့တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက တနင်္ဂနွေနေ့ညနေက ဝက်စ်ဟမ်းအသင်းရဲ့ ချေပဂိုးမှာ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်အနေနဲ့ ပိုပြီးလုပ်နိုင်ခဲ့သင့်တယ်လို့ ခံစားနေရပါတယ်။

ဘိုဝင်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေခဲ့တဲ့ ချေပဂိုးကို အာရွန် ရမ်းစ်ဒေးလ်နဲ့ တစ်ဦးချင်း မြေမကျဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ အံ့မခန်းလက်စွမ်း ပြသခဲ့ပြီး အာဆင်နယ်အသင်းအတွက် အဖိုးတန် သရေ ၁ မှတ်ကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ အဲဒီလိုလက်စွမ်းမျိုး မပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ဘိုဝင်ရဲ့ သွင်းဂိုးအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပွဲစီစဉ်တင်ဆက်သူ တာဝန်ကို ဆောင်ရွ့က်နေချိန်အတွင်း ပြောကြားခဲ့တာဖြစ်ပြီး “ဂါဘရီယဲလ်က ဘိုဝင် အဲဒီမှာ ရှိနေတာကို မသိခဲ့ဘူး။ ဘောလုံးက မမျှော်လင့်ဘဲ ထွက်လာခဲ့ပြီး ဂါဘရီယဲလ်လည်း ဒီတိုင်းပဲ ထားခဲ့လိုက်တယ်။ ဂိုးသမားက ပြီးခဲ့တဲ့အပတ်မှာ ထူးခြားဆန်းကြယ်ခဲ့ပြီး သူ့အနေနဲ့ အဲဒါကို ကာကွယ်နိုင်ခဲ့ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက အာဆင်နယ်အသင်းအနေနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ မန်ချက်စတာစီးတီးကို အနိုင်ယူရမှ ရတော့မယ်လို့ သတိပေးခဲ့ပါတယ်။

“ခင်ဗျား အာဆင်နယ်က ဆုဖလားအနိုင်ရရှိချင်တယ်ဆိုရင် အစ်တီဟတ်ကိုသွားပြီး မန်စီးတီးကို အနိုင်ယူမှရတော့မယ်လို့ ခံစားရမှာပါ။”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.