Match Report Premier League

ဒါအကုန္ပဲလားလို႔ မန္စီးတီးကို ေမးခြန္းထုတ္လုိက္ၿပီး သေရယူသြားခဲ့တဲ့ လိဒ္စ္

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ျပည့္စုံလုံေလာက္မွဳမရွိဘဲ ဟန္သာရွိတဲ့ စြမ္းေဆာင္ရည္ေတြကိုပဲ အေဝးကြင္းမွာ ျပသႏုိင္ခဲ့ၿပီး သူတုိ႔ရဲ႕ ကစားခဲ့သမွ်ပြဲေတြမွာ ေဘာလုံးပုိင္ဆုိင္မွဳအနည္းဆုံး ပြဲတစ္ပြဲအျဖစ္ ၄၇ ရာခိုင္ႏွဳန္းသာ ပုိင္ဆုိင္မွဳနဲ႔အတူ ဒီေန႔မွာ လိဒ္စ္ယူႏုိက္တက္ရဲ႕ အယ္လန္႐ုဒ္မွာ သေရသာ ရယူႏုိင္ခဲ့ပါတယ္။

ခံစစ္ပုိင္းမွာ ႐ူဘင္ ဒီယက္စ္နဲ႔ လာေပါ့ကို တြဲထားတာက ပိုမိုတည္ၿငိမ္လာေစခဲ့ေပမယ့္ ဒီရာသီမွာ ေျခစြမ္းမတည္ၿငိမ္ဆုံးကစားသမားႏွစ္ဦး ျဖစ္တဲ့ ဘယ္ေနာက္ခံလူ မန္ဒီနဲ႔ ကြင္းလယ္အဖ်က္ ႐ိုဒရီတုိ႔ကေတာ့ အသင္းကစားပုံကို ထိခုိက္ေစခဲ့ၿပီး မန္ဒီက အမွားမ်ားခဲ့သလို Ball Winning မလုပ္ႏိုင္သလို ဖန္တီးမွဳကိုလည္း အေထာက္အကူ မျပဳႏုိင္ဘဲ ေလးလံေနတဲ့ ႐ိုဒရီဂိုကို ကာကြယ္ခ်င္တဲ့သူေတြရွိရင္ ဖာဘင္ညဳိနဲ႔ ႏွဳိင္းယွဥ္ၾကည့္ဖို႔ပဲ ေျပာရေတာ့မွာျဖစ္ပါတယ္။

မာရက္ဇ္၊ ေတာရက္စ္တုိ႔အေနနဲ႔ အသင္းရဲ႕ အေထာင္တုိက္စစ္မွဴးေနရာကိုေတာ့ ခုလိုပြဲမ်ဳိးေတြမွာ ျဖည့္ဆည္းႏုိင္ျခင္းမရွိဘဲ ေဘာလုံးကို အလယ္မွာ အကြက္ေဖာ္မရရင္ ေတာင္ပံေတြကိုသာ ယိုင္သြားတတ္တာက ဂြါဒီယိုလာနဲ႔ ဒီဘ႐ိုင္နားကို လုပ္ရကိုင္ရခက္ေစၿပီး ကြင္းလယ္က ဖိုဒန္ကပါ တြဲလုံးနဲ႔ ဖန္တီးဖို႔ ပူးေပါင္းေဆာင္ရြက္မွဳ မရွိဘဲ ေတာင္ပံကို ထြက္သြားတဲ့ အခါမ်ဳိးမွာေတာ့ ၄၇ ရာခိုင္ႏွဳန္းျဖစ္သြားေအာင္ လိဒ္စ္ရဲ႕ ဖိအားေပးမွဳကို ခံရေတာ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ လိဒ္စ္ေနာက္တန္း လူေပးမွားတာကေန ေတာရက္စ္ ေဘာလုံးရသြားခဲ့ၿပီး ေတာင္ပံက စတာလင္ကို ေပးရာမွာေတာ့ တစ္ခ်ိန္လုံး ျဖဳန္းတီးေနခဲ့တဲ့ အဂၤလန္ေတာင္ပံကစားသမားက အတြင္းကို ျပန္ဆြဲဝင္လာၿပီး ေနာက္တန္းၾကားက ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေမလီေယး မကာကြယ္ႏုိင္ေတာ့လို႔ ဧည့္သည္ မန္စီးတီးတုိ႔ အဖြင့္ဂိုး ရခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ စတာလင္နဲ႔ ဖိုဒန္တုိ႔ ကစားကြက္ကို လိုက္ခ်ိတ္ေပးေနတဲ့ ဒီဘ႐ိုင္းနားကို အားနာရေကာင္းမွန္း မသိဘဲ ရတဲ့ ေဘာလုံးေတြကို အေလာတႀကီး ကန္ခ်က္ေတြနဲ႔ ဒိုင္ခံျဖဳန္းတီးခဲ့ၾကတာေၾကာင့္ ျပတ္သားတဲ့ ဦးေဆာင္မွဳမ်ဳိး မလုပ္ႏုိင္ခဲ့ဘဲ ပထမပုိင္းမွာ မန္စီးတီးတုိ႔ တစ္ဂိုးတည္းနဲ႔သာ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အိမ္ရွင္ လိဒ္စ္တုိ႔ ရဲရဲဝံ့ဝံ့နဲ႔ ေဘာလုံးကိုင္ကစားလာခဲ့သလို ပိုမိုတုိက္စစ္ဆင္လာခဲ့ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ေရွ႕ပိုင္းမွာ အသင္းကို ကယ္ထားခဲ့တဲ့ ဂိုးသမား အီဒါဆန္ရဲ႕ ေထာင့္ကန္ေဘာကို ပုတ္ထုတ္ပုံမွားတာကေန ေရာက္လာခဲ့တဲ့ ေဘာလုံးကို ႐ိုဒရီဂိုက ကန္သြင္းၿပီး ေခ်ပဂိုး ျပန္ရယူသြားခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ မုိးက ပုိသည္းလာတာေၾကာင့္ ေဘာလုံးမ်ားမ်ား ေပးခ်င္တဲ့ စီးတီးတုိ႔ဖို႔ ကစားရတာ ပုိခက္လာခဲ့ၿပီး လိဒ္စ္ရဲ႕ တုိက္စစ္ကို ခုခံကာကြယ္ရာမွာလည္း အားနည္းခ်က္ေတြရွိလာခဲ့လို႔ ဘာနာဒို ေဆးလ္ဗား၊ နာသန္ ေအကီနဲ႔ ဖာနန္ဒင္ညဳိတုိ႔ကို ထည့္သြင္းၿပီး ထိန္းကစားခဲ့ရပါတယ္။

ဖိုဒန္ကို လဲရမယ့္အစား မာရက္ဇ္ကိုပါ လူစားလဲလုိက္တာကေတာ့ ဂြါဒီယိုလာရဲ႕ အမွားျဖစ္ၿပီး တုိက္စစ္မွဴး Sense ရွိတဲ့ ကစားသမားတစ္ေယာက္ကို ဒီလိုအေနအထားမွာ ကြင္းထဲ ခ်န္ထားရမယ့္အစား တစ္ခ်ိန္လုံးျဖဳန္းေနခဲ့ၿပီး ဒီဘ႐ိုင္းနားနဲ႔ေတာင္ အေပးအယူ အေစးမကပ္တဲ့သူကို ပြဲျပည့္သုံးခဲ့တာကေတာ့ နည္းစနစ္ပုိင္း လြဲေခ်ာ္မွဳတစ္ခုျဖစ္ခဲ့ၿပီး ဘာနာဒိုရဲ႕ ေဘာလုံးကိုင္လြန္းၿပီး လြယ္လြယ္မကစားဘဲ ခက္တာေတြကို ပုိလုပ္ခ်င္တာနဲ႔ ေပါင္းရင္ ဒါေတြက သူတုိ႔ကို သေရတစ္မွတ္နဲ႔သာ ထိုက္တန္တဲ့အသင္း ျဖစ္ေစခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ဂုဏ္ယူႏုိင္တဲ့အသင္းအျဖစ္ မန္စီးတီးကို ေဘာလုံးေပးမကစားဘဲ ဖိကစားႏုိင္ခဲ့တဲ့ အသင္းအျဖစ္ လိဒ္စ္ယူႏုိက္တက္တုိ႔ ဝံ့ၾကြားႏုိင္ခဲ့ေပမယ့္ ဂြါဒီယိုလာကေတာ့ လက္က်န္ကာလမွာ တုိက္စစ္မွဴးမရွိဘဲ ဆက္ကစားဖို႔ ယုံၾကည္ႏုိင္ဦးမလား၊ အသင္းတာဝန္ရွိသူေတြကို တစ္ဦး ပူဆာရေတာ့မလားဆုိတဲ့ ေမးခြန္းႏွစ္ခုကို ဖိအားေတြနဲ႔ ေျဖဆိုရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြည့်စုံလုံလောက်မှုမရှိဘဲ ဟန်သာရှိတဲ့ စွမ်းဆောင်ရည်တွေကိုပဲ အဝေးကွင်းမှာ ပြသနိုင်ခဲ့ပြီး သူတို့ရဲ့ ကစားခဲ့သမျှပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံး ပွဲတစ်ပွဲအဖြစ် ၄၇ ရာခိုင်နှုန်းသာ ပိုင်ဆိုင်မှုနဲ့အတူ ဒီနေ့မှာ လိဒ်စ်ယူနိုက်တက်ရဲ့ အယ်လန်ရုဒ်မှာ သရေသာ ရယူနိုင်ခဲ့ပါတယ်။

ခံစစ်ပိုင်းမှာ ရူဘင် ဒီယက်စ်နဲ့ လာပေါ့ကို တွဲထားတာက ပိုမိုတည်ငြိမ်လာစေခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်းမတည်ငြိမ်ဆုံးကစားသမားနှစ်ဦး ဖြစ်တဲ့ ဘယ်နောက်ခံလူ မန်ဒီနဲ့ ကွင်းလယ်အဖျက် ရိုဒရီတို့ကတော့ အသင်းကစားပုံကို ထိခိုက်စေခဲ့ပြီး မန်ဒီက အမှားများခဲ့သလို Ball Winning မလုပ်နိုင်သလို ဖန်တီးမှုကိုလည်း အထောက်အကူ မပြုနိုင်ဘဲ လေးလံနေတဲ့ ရိုဒရီဂိုကို ကာကွယ်ချင်တဲ့သူတွေရှိရင် ဖာဘင်ညိုနဲ့ နှိုင်းယှဉ်ကြည့်ဖို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။

မာရက်ဇ်၊ တောရက်စ်တို့အနေနဲ့ အသင်းရဲ့ အထောင်တိုက်စစ်မှူးနေရာကိုတော့ ခုလိုပွဲမျိုးတွေမှာ ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ဘောလုံးကို အလယ်မှာ အကွက်ဖော်မရရင် တောင်ပံတွေကိုသာ ယိုင်သွားတတ်တာက ဂွါဒီယိုလာနဲ့ ဒီဘရိုင်နားကို လုပ်ရကိုင်ရခက်စေပြီး ကွင်းလယ်က ဖိုဒန်ကပါ တွဲလုံးနဲ့ ဖန်တီးဖို့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တောင်ပံကို ထွက်သွားတဲ့ အခါမျိုးမှာတော့ ၄၇ ရာခိုင်နှုန်းဖြစ်သွားအောင် လိဒ်စ်ရဲ့ ဖိအားပေးမှုကို ခံရတော့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ လိဒ်စ်နောက်တန်း လူပေးမှားတာကနေ တောရက်စ် ဘောလုံးရသွားခဲ့ပြီး တောင်ပံက စတာလင်ကို ပေးရာမှာတော့ တစ်ချိန်လုံး ဖြုန်းတီးနေခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမားက အတွင်းကို ပြန်ဆွဲဝင်လာပြီး နောက်တန်းကြားက ကန်သွင်းခဲ့ရာမှာ ဂိုးသမား မေလီယေး မကာကွယ်နိုင်တော့လို့ ဧည့်သည် မန်စီးတီးတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စတာလင်နဲ့ ဖိုဒန်တို့ ကစားကွက်ကို လိုက်ချိတ်ပေးနေတဲ့ ဒီဘရိုင်းနားကို အားနာရကောင်းမှန်း မသိဘဲ ရတဲ့ ဘောလုံးတွေကို အလောတကြီး ကန်ချက်တွေနဲ့ ဒိုင်ခံဖြုန်းတီးခဲ့ကြတာကြောင့် ပြတ်သားတဲ့ ဦးဆောင်မှုမျိုး မလုပ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ မန်စီးတီးတို့ တစ်ဂိုးတည်းနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင် လိဒ်စ်တို့ ရဲရဲဝံ့ဝံ့နဲ့ ဘောလုံးကိုင်ကစားလာခဲ့သလို ပိုမိုတိုက်စစ်ဆင်လာခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာတော့ ရှေ့ပိုင်းမှာ အသင်းကို ကယ်ထားခဲ့တဲ့ ဂိုးသမား အီဒါဆန်ရဲ့ ထောင့်ကန်ဘောကို ပုတ်ထုတ်ပုံမှားတာကနေ ရောက်လာခဲ့တဲ့ ဘောလုံးကို ရိုဒရီဂိုက ကန်သွင်းပြီး ချေပဂိုး ပြန်ရယူသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မိုးက ပိုသည်းလာတာကြောင့် ဘောလုံးများများ ပေးချင်တဲ့ စီးတီးတို့ဖို့ ကစားရတာ ပိုခက်လာခဲ့ပြီး လိဒ်စ်ရဲ့ တိုက်စစ်ကို ခုခံကာကွယ်ရာမှာလည်း အားနည်းချက်တွေရှိလာခဲ့လို့ ဘာနာဒို ဆေးလ်ဗား၊ နာသန် အေကီနဲ့ ဖာနန်ဒင်ညိုတို့ကို ထည့်သွင်းပြီး ထိန်းကစားခဲ့ရပါတယ်။

ဖိုဒန်ကို လဲရမယ့်အစား မာရက်ဇ်ကိုပါ လူစားလဲလိုက်တာကတော့ ဂွါဒီယိုလာရဲ့ အမှားဖြစ်ပြီး တိုက်စစ်မှူး Sense ရှိတဲ့ ကစားသမားတစ်ယောက်ကို ဒီလိုအနေအထားမှာ ကွင်းထဲ ချန်ထားရမယ့်အစား တစ်ချိန်လုံးဖြုန်းနေခဲ့ပြီး ဒီဘရိုင်းနားနဲ့တောင် အပေးအယူ အစေးမကပ်တဲ့သူကို ပွဲပြည့်သုံးခဲ့တာကတော့ နည်းစနစ်ပိုင်း လွဲချော်မှုတစ်ခုဖြစ်ခဲ့ပြီး ဘာနာဒိုရဲ့ ဘောလုံးကိုင်လွန်းပြီး လွယ်လွယ်မကစားဘဲ ခက်တာတွေကို ပိုလုပ်ချင်တာနဲ့ ပေါင်းရင် ဒါတွေက သူတို့ကို သရေတစ်မှတ်နဲ့သာ ထိုက်တန်တဲ့အသင်း ဖြစ်စေခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ဂုဏ်ယူနိုင်တဲ့အသင်းအဖြစ် မန်စီးတီးကို ဘောလုံးပေးမကစားဘဲ ဖိကစားနိုင်ခဲ့တဲ့ အသင်းအဖြစ် လိဒ်စ်ယူနိုက်တက်တို့ ဝံ့ကြွားနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာကတော့ လက်ကျန်ကာလမှာ တိုက်စစ်မှူးမရှိဘဲ ဆက်ကစားဖို့ ယုံကြည်နိုင်ဦးမလား၊ အသင်းတာဝန်ရှိသူတွေကို တစ်ဦး ပူဆာရတော့မလားဆိုတဲ့ မေးခွန်းနှစ်ခုကို ဖိအားတွေနဲ့ ဖြေဆိုရတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.