Premier League

ဟန်ဒါဆန်နဲ့ အယ်လစ်ဆန်စကားထများတဲ့ကိစ္စကို အမြင်ကွဲနေတဲ့ ပရိသတ်များ

ဂျော်ဒန် ဟန်ဒါဆန်နဲ့ အယ်လစ်ဆန်တို့ဟာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဒေါသတကြီးနဲ့ အချင်းချင်း စကားများခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးလ်ဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့အတွက် ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ရမှတ် ၂ မှတ် လျော့ကျခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲလ်ဆီးရော လီဗာပူးလ်ပါ ဂိုးပေါက် ရှာမတွေ့ခဲ့ကြဘဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ လီဗာပူးလ်ရဲ့ ဆိုးရွားတဲ့ရလဒ်တွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပြီး ကြိုးကြာနီတွေရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ကလည်း လျင်လျင်မြန်မြန်ကို မှေးမှိန်လာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်နဲ့ အယ်လစ်ဆန်တို့ဟာ အင်္ဂါနေ့ညနေက ချဲလ်ဆီးနဲ့ပွဲစဉ်အတွင်း ဒေါသတကြီး ထိပ်တိုက်တွေ့ခဲ့ကြပုံပေါ်ခဲ့ပြီး အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အယ်လစ်ဆန်ကို ဒေါသတကြီး ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဘရာဇီးလ်ဂိုးသမားကလည်း ဟန်ဒါဆန်ကို တစ်ခွန်းမကျန် ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ အစပိုင်း စကားများခဲ့ပြီးနောက် လီဗာပူးလ် ကျောနံပါတ် ၁ ကို တွန်းထိုးခဲ့တာကို မြင်တွေ့ခဲ့ရပြီး အယ်လစ်ဆန်က နောက်ပြန်လှည့်ပြီး ၎င်းရဲ့ အသင်းဖော်ကို တစ်စုံတရာ ပြောဆိုခဲ့ပုံ ပေါ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ အယ်လစ်ဆန်ကို ဟန်ဒါဆန်ရဲ့ ချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ကို လူမှုကွန်ရက်ပေါ်မှာ ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းခဲ့ကြတာဖြစ်ပါတယ်။

“သူ့ဆီက အသင်းခေါင်းဆောင်လက်ပတ်ကို ဖြုတ်လိုက်တော့။ သူက သုံးစားမရတော့ဘူး ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အသင်းက အချိတ်အဆက် မမိတာ များနေပြီ။ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်။ အသင်းခေါင်းဆောင်လက်ပတ်ကို တခြားတစ်ယောက်ယောက်ကို ပေးလိုက်တော့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်အချို့က ဟန်ဒါဆန်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့်လည်း အခြား ပရိသတ်တွေကတော့ အင်္ဂလန်ကွင်းလယ်ကစားသမားဘက်ကနေ ကာကွယ်ခဲ့ပြီး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်ရှိတယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

“သူက လီဗာပူးလ်အသင်းခေါင်းဆောင်ပါ။ ငါတို့ ပရိသတ်တွေက အရှက်ရစရာကောင်းတယ်။ သူက အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ဖူးတဲ့ တစ်ဦးတည်းသော အသင်းခေါင်းဆောင်ပါ။”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ အယ္လစ္ဆန္တို႔ဟာ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ေဒါသတႀကီးနဲ႔ အခ်င္းခ်င္း စကားမ်ားခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လီဗာပူးလ္ဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔အတြက္ ႀကိဳးပမ္းမႈမွာ အေရးႀကီးတဲ့ရမွတ္ ၂ မွတ္ ေလ်ာ့က်ခဲ့ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဲလ္ဆီးေရာ လီဗာပူးလ္ပါ ဂိုးေပါက္ ရွာမေတြ႕ခဲ့ၾကဘဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ဟာ လီဗာပူးလ္ရဲ႕ ဆိုး႐ြားတဲ့ရလဒ္ေတြနဲ႔ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခံခဲ့ရတာျဖစ္ၿပီး ႀကိဳးၾကာနီေတြရဲ႕ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ကလည္း လ်င္လ်င္ျမန္ျမန္ကို ေမွးမွိန္လာခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္နဲ႔ အယ္လစ္ဆန္တို႔ဟာ အဂၤါေန႔ညေနက ခ်ဲလ္ဆီးနဲ႔ပြဲစဥ္အတြင္း ေဒါသတႀကီး ထိပ္တိုက္ေတြ႕ခဲ့ၾကပုံေပၚခဲ့ၿပီး အဲဒီ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အယ္လစ္ဆန္ကို ေဒါသတႀကီး ေျပာဆိုေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဘရာဇီးလ္ဂိုးသမားကလည္း ဟန္ဒါဆန္ကို တစ္ခြန္းမက်န္ ျပန္လည္ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ အစပိုင္း စကားမ်ားခဲ့ၿပီးေနာက္ လီဗာပူးလ္ ေက်ာနံပါတ္ ၁ ကို တြန္းထိုးခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အယ္လစ္ဆန္က ေနာက္ျပန္လွည့္ၿပီး ၎ရဲ႕ အသင္းေဖာ္ကို တစ္စုံတရာ ေျပာဆိုခဲ့ပုံ ေပၚပါတယ္။

လီဗာပူးလ္ပရိသတ္ေတြဟာ အယ္လစ္ဆန္ကို ဟန္ဒါဆန္ရဲ႕ ခ်ဥ္းကပ္ပုံနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကၿပီး လီဗာပူးလ္အသင္းေခါင္းေဆာင္ကို လူမႈကြန္ရက္ေပၚမွာ ေဒါသတႀကီး ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကတာျဖစ္ပါတယ္။

“သူ႔ဆီက အသင္းေခါင္းေဆာင္လက္ပတ္ကို ျဖဳတ္လိုက္ေတာ့။ သူက သုံးစားမရေတာ့ဘူး ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အသင္းက အခ်ိတ္အဆက္ မမိတာ မ်ားေနၿပီ။ စစ္မွန္တဲ့ ေခါင္းေဆာင္တစ္ေယာက္ လိုအပ္တယ္။ အသင္းေခါင္းေဆာင္လက္ပတ္ကို တျခားတစ္ေယာက္ေယာက္ကို ေပးလိုက္ေတာ့”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္အခ်ိဳ႕က ဟန္ဒါဆန္ကို ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခဲ့ၾကေပမယ့္လည္း အျခား ပရိသတ္ေတြကေတာ့ အဂၤလန္ကြင္းလယ္ကစားသမားဘက္ကေန ကာကြယ္ခဲ့ၿပီး အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ လုပ္ပိုင္ခြင့္ရွိတယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

“သူက လီဗာပူးလ္အသင္းေခါင္းေဆာင္ပါ။ ငါတို႔ ပရိသတ္ေတြက အရွက္ရစရာေကာင္းတယ္။ သူက အသင္းသမိုင္းမွာ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမႇာက္ဖူးတဲ့ တစ္ဦးတည္းေသာ အသင္းေခါင္းေဆာင္ပါ။”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.