Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕သတင္းမ်ား – ၃.၁၀.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ႐ုိင္ယန္ ဘ႐ူးစတားအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၃.၅ သန္း၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီး ေနာက္ထပ္ေျပာင္းေရႊ႕မွဳရဲ႕ ၁၅ ရာခိုင္ႏွဳန္း ခံစားခြင့္နဲ႔၊ ျပန္လည္ေခၚယူခြင့္ ထည့္သြင္းထား။

– မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ အန္းဒရိစ္ ပါရဲရားကို စီးရီးေအကလပ္ လာဇီယိုအသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး ရာသီကုန္မွာ ယူ႐ို ၂၇ သန္းနဲ႔ အၿပီးသတ္ ေခၚယူႏုိင္ခြင့္ကို ထည့္သြင္းထား။

– လက္စတာစီးတီးအသင္းအေနနဲ႔ စိန္႔အက္တီယန္အသင္းရဲ႕ လူငယ္ေနာက္ခံလူ ဝက္စ္လီ ဖိုဖာနာကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၃၅ သန္း+ ခံစားခြင့္ ယူ႐ို ၅ သန္းနဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိ။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းမွာ ဆာဂ်ီယို ရက္ဂီလြန္ေၾကာင့္ ေနရာေပ်ာက္ရဖို႔ ရွိေနတဲ့ လူငယ္ကစားသမား ႐ိုင္ယန္ ဆီဆက္ညြန္ကို ေခၚယူဖို႔ ဂ်ာမန္ဘြန္ဒက္စ္လီဂါအသင္းႏွစ္သင္းျဖစ္တဲ့ ဟာသာဘာလင္နဲ႔ ေဟာ့ဖန္ဟိုင္းမ္တုိ႔ ကမ္းလွမ္းထား။

– အာဆင္နယ္အသင္းတစ္သင္းကသာ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ လီယြန္ဘက္က ေတာင္းဆုိတဲ့ ေျပာင္းေရႊ႕ေၾကးကို ထုတ္ႏုိင္မွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနေပမယ့္ ပုိက္ဆံမရွိေၾကာင္း ႐ိုမာႏို ထုတ္ေဖာ္သြား။

– အသင္းရဲ႕ အေရးပါတဲ့ အခန္းက႑မွာ မရွိဘဲ ၿပီးခဲ့တဲ့ ရာသီကလည္း မိုနာကိုအသင္းကို အငွားနဲ႔ ထြက္ကစားခဲ့ရတဲ့ ေပၚတူဂီကြင္းလယ္ကစားသမား အက္ဒရီယင္ ေဆးလ္ဗားကို လက္စတာဘက္က စာခ်ဳပ္ဖ်က္သိမ္းေပးလုိက္ၿပီး ဆမ္ဒိုးရီးယားကို ေျပာင္းေရႊ႕ဖို႔ ေဆးစစ္ေန။

– အဲဗာတန္အသင္းကို ေရာင္းခ်ထားခဲ့အၿပီးမွာ ေျခစြမ္းျပႏုိင္ျခင္းမရွိတဲ့ သူတုိ႔ရဲ႕ အုိင္ဗရီကို႔စ္ႏြယ္ဖြား အီတလီလက္ေရြးစင္တုိက္စစ္မွဴး မြဳိက္စ္ ကီးန္ကို အငွားနဲ႔ ျပန္လည္ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္းက သေဘာတူညီခဲ့ၿပီး ယူ႐ို ၂၅ သန္းနဲ႔ ရာသီကုန္ ေခၚယူခြင့္ကို ထည့္သြင္းထား။

– ခ်က္ကလပ္ ဆလားဗီးယား ပရာဟာအသင္းရဲ႕ ညာေနာက္ခံလူ ဗလာဒီမီယာ ကူဖယ္လ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၅ သန္းနဲ႔ ဝက္စ္ဟမ္းအသင္း ေခၚယူလုိက္ၿပီး သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိ။

– အာဆင္နယ္နဲ႔ လက္ရွိအခ်ိန္အထိ တရားဝင္ပြဲစဥ္ေတြမွာ ပြဲထြက္ခြင့္ မရေသးတဲ့ လူငယ္ေနာက္ခံလူ ဆာလီဘာအတြက္ ျပင္သစ္ လီဂူးဝမ္းကလပ္ ရင္းေနးအသင္းက အငွားနဲ႔ တစ္ရာသီ ေခၚယူဖို႔ ကမ္းလွမ္းထား။

– စပါးစ္အသင္းအေနနဲ႔ ဘင္ဖီကာတုိက္စစ္မွဴး ကားလို႔စ္ ဗီနီးရွပ္စ္ကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၃ သန္းနဲ႔ သေဘာတူညီႏုိင္ခဲ့ၿပီး ရာသီကုန္မွာ ယူ႐ို ၄၅ သန္းေပးၿပီး အၿပီးသတ္ေခၚယူခြင့္ ထည့္သြင္းထား။

– ပရီးမီးယားလိဂ္တန္းဆင္း ေနာ့ဝစ္ခ်္စီးတီးရဲ႕ လူငယ္ေနာက္ခံလူ ဘန္ ေဂါ့ဖရီကို ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ အဲဗာတန္အသင္းက သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္ၿပီး ခံစားခြင့္တခ်ဳိ႕ကိုပါ ထည့္သြင္းေပးခဲ့ရ။

– ဖူလ္ဟမ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ပရီးမီးယားလိဂ္အဆင့္အတန္းမ်ဳိး မရွိေသးတဲ့ ခံစစ္ပုိင္းကို အားျဖည့္ဖို႔ လုပ္ေဆာင္ေနၿပီး ဆမ္ဒိုးရီးယား ေနာက္ခံလူ အုိမာ ေကာ္လီကို စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၁၂ သန္းနဲ႔ ေခၚယူႏုိင္တယ္လို႔ အသင္းဥကၠဌ အတည္ျပဳသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၃.၅ သန်း၊ ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး နောက်ထပ်ပြောင်းရွှေ့မှုရဲ့ ၁၅ ရာခိုင်နှုန်း ခံစားခွင့်နဲ့၊ ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းထား။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ အန်းဒရိစ် ပါရဲရားကို စီးရီးအေကလပ် လာဇီယိုအသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ရာသီကုန်မှာ ယူရို ၂၇ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းထား။

– လက်စတာစီးတီးအသင်းအနေနဲ့ စိန့်အက်တီယန်အသင်းရဲ့ လူငယ်နောက်ခံလူ ဝက်စ်လီ ဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း+ ခံစားခွင့် ယူရို ၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆို။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းမှာ ဆာဂျီယို ရက်ဂီလွန်ကြောင့် နေရာပျောက်ရဖို့ ရှိနေတဲ့ လူငယ်ကစားသမား ရိုင်ယန် ဆီဆက်ညွန်ကို ခေါ်ယူဖို့ ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းနှစ်သင်းဖြစ်တဲ့ ဟာသာဘာလင်နဲ့ ဟော့ဖန်ဟိုင်းမ်တို့ ကမ်းလှမ်းထား။

– အာဆင်နယ်အသင်းတစ်သင်းကသာ ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် လီယွန်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ထုတ်နိုင်မှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပေမယ့် ပိုက်ဆံမရှိကြောင်း ရိုမာနို ထုတ်ဖော်သွား။

– အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ မရှိဘဲ ပြီးခဲ့တဲ့ ရာသီကလည်း မိုနာကိုအသင်းကို အငှားနဲ့ ထွက်ကစားခဲ့ရတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား အက်ဒရီယင် ဆေးလ်ဗားကို လက်စတာဘက်က စာချုပ်ဖျက်သိမ်းပေးလိုက်ပြီး ဆမ်ဒိုးရီးယားကို ပြောင်းရွှေ့ဖို့ ဆေးစစ်နေ။

– အဲဗာတန်အသင်းကို ရောင်းချထားခဲ့အပြီးမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ သူတို့ရဲ့ အိုင်ဗရီကို့စ်နွယ်ဖွား အီတလီလက်ရွေးစင်တိုက်စစ်မှူး မွိုက်စ် ကီးန်ကို အငှားနဲ့ ပြန်လည်ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက သဘောတူညီခဲ့ပြီး ယူရို ၂၅ သန်းနဲ့ ရာသီကုန် ခေါ်ယူခွင့်ကို ထည့်သွင်းထား။

– ချက်ကလပ် ဆလားဗီးယား ပရာဟာအသင်းရဲ့ ညာနောက်ခံလူ ဗလာဒီမီယာ ကူဖယ်လ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်း ခေါ်ယူလိုက်ပြီး သုံးနှစ်စာချုပ် ချုပ်ဆို။

– အာဆင်နယ်နဲ့ လက်ရှိအချိန်အထိ တရားဝင်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် မရသေးတဲ့ လူငယ်နောက်ခံလူ ဆာလီဘာအတွက် ပြင်သစ် လီဂူးဝမ်းကလပ် ရင်းနေးအသင်းက အငှားနဲ့ တစ်ရာသီ ခေါ်ယူဖို့ ကမ်းလှမ်းထား။

– စပါးစ်အသင်းအနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး ကားလို့စ် ဗီနီးရှပ်စ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို ၃ သန်းနဲ့ သဘောတူညီနိုင်ခဲ့ပြီး ရာသီကုန်မှာ ယူရို ၄၅ သန်းပေးပြီး အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းထား။

– ပရီးမီးယားလိဂ်တန်းဆင်း နော့ဝစ်ချ်စီးတီးရဲ့ လူငယ်နောက်ခံလူ ဘန် ဂေါ့ဖရီကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ အဲဗာတန်အသင်းက သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ခံစားခွင့်တချို့ကိုပါ ထည့်သွင်းပေးခဲ့ရ။

– ဖူလ်ဟမ်အသင်းအနေနဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ်အဆင့်အတန်းမျိုး မရှိသေးတဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ဆမ်ဒိုးရီးယား နောက်ခံလူ အိုမာ ကော်လီကို စာချုပ်လျော်ကြေး ယူရို ၁၂ သန်းနဲ့ ခေါ်ယူနိုင်တယ်လို့ အသင်းဥက္ကဌ အတည်ပြုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.