Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂.၁၀.၂၀၂၀

– လိဒ္စ္ယူႏုိက္တက္နဲ႔ ကစားမယ့္ပြဲအတြက္ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္အေနနဲ႔ ကိုဗစ္ကူးစက္မွဳေၾကာင့္ မပါႏုိင္ေသးေပမယ့္ ကစားသမားသစ္ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ကိုေတာ့ ေတြ႕ျမင္ရဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ရဲ႕ စက္တင္ဘာလတစ္လတာ အေကာင္းဆုံးဂိုးအတြက္ ပဏာမ ေရြးခ်ယ္ထားတဲ့စာရင္းမွာ လက္စတာစီးတီးဘက္ကို သြင္းယူခဲ့တဲ့ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ရဲ႕ အဖြင့္ဂိုးကို ထည့္သြင္းေရြးခ်ယ္ခံထားရ။

– ကစားသမားေတြ ေလ်ာ့နည္းေနခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္ဌာနကို ေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားထားခဲ့တဲ့ အုိလက္ဇန္ဒါ ဇင္ခ်န္ကိုနဲ႔ ျပန္လည္ေျပာင္းလဲကစားခိုင္းၿပီး ျဖည့္ဆည္းသြားႏုိင္သလို လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ဒြဳိင္းလ္နဲ႔ ပါးလ္မားတုိ႔လည္း ေျခစြမ္းျပေနၾက။

– ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္မွာေတာ့ ဒီဖလားကို ေလးႏွစ္ဆက္တိုက္ ရရွိထားခဲ့တဲ့ မန္စီးတီးအေနနဲ႔ လီဗာပူးလ္ကို ပင္နယ္တီနဲ႔ အေဝးကြင္းႏိုင္ပြဲရယူလာခဲ့တဲ့ အာဆင္နယ္နဲ႔ အမ္းမရိတ္ကြင္းမွာ ကစားရဖို႔ရွိေန။

– ဂြါဒီယိုလာအေနနဲ႔ မန္စီးတီးကို ခ်န္ပီယံလိဂ္ ရယူေပးသင့္တာ မွန္ေပမယ့္ သူ႕အတြက္ေတာ့ ဒီဆုဖလားကို ရယူၿပီး သက္ေသျပဖို႔က တကယ္တမ္း မလိုအပ္ေတာ့ဘူးလို႔ ကစားသမားေဟာင္းႀကီး ထရီဗာ ဆင္ကလဲရ္က ဆုိလုိက္ၿပီး လာမယ့္ရာသီမွာ အသင္းက ထြက္ခြာသြားမွာကို စိုးရိမ္ေန။

– မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ လာမယ့္စေနေန႔က်ရင္ အေဝးကြင္း အယ္လင္႐ုဒ္မွာ သြားေရာက္ကစားရမယ့္ လိဒ္စ္ယူႏုိက္တက္နဲ႔ပြဲမတုိင္ခင္ တစ္ဖက္အသင္းနည္းျပ မာဆယ္လို ဘီယယ္လ္ဆာဟာ သူ႕ရဲ႕ ေလးစားအားက်ရသူတစ္ေယာက္လို႔ ထုတ္ေဖာ္ေျပာၾကား။

– ေဘာလုံးေလာကမွာ ရည္ရြယ္ရွိရွိ လက္နဲ႔ပုတ္တာနဲ႔ ရည္ရြယ္ခ်က္မရွိဘဲ လက္နဲ႔ထိတာဟာ ခြဲျခားသိျမင္ႏုိင္တဲ့ ကိစၥျဖစ္ၿပီး ဒါကို ထိတုိင္း ပင္နယ္တီေပးေနတာဟာ ရယ္စရာျဖစ္ေၾကာင္းနဲ႔ ဒိုင္လူႀကီးနဲ႔ တာဝန္ရွိသူေတြအေနနဲ႔ မွန္ကန္ေအာင္ဆုံးျဖတ္ႏိုင္ဖို႔လိုေၾကာင္း ဂြါဒီယိုလာေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်အနေနဲ့ ကိုဗစ်ကူးစက်မှုကြောင့် မပါနိုင်သေးပေမယ့် ကစားသမားသစ် နောက်ခံလူ ရူဘင် ဒီယက်စ်ကိုတော့ တွေ့မြင်ရဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလတစ်လတာ အကောင်းဆုံးဂိုးအတွက် ပဏာမ ရွေးချယ်ထားတဲ့စာရင်းမှာ လက်စတာစီးတီးဘက်ကို သွင်းယူခဲ့တဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်ရဲ့ အဖွင့်ဂိုးကို ထည့်သွင်းရွေးချယ်ခံထားရ။

– ကစားသမားတွေ လျော့နည်းနေခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်ဌာနကို နောက်ခံလူအဖြစ် ပြောင်းလဲကစားထားခဲ့တဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုနဲ့ ပြန်လည်ပြောင်းလဲကစားခိုင်းပြီး ဖြည့်ဆည်းသွားနိုင်သလို လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဒွိုင်းလ်နဲ့ ပါးလ်မားတို့လည်း ခြေစွမ်းပြနေကြ။

– ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်မှာတော့ ဒီဖလားကို လေးနှစ်ဆက်တိုက် ရရှိထားခဲ့တဲ့ မန်စီးတီးအနေနဲ့ လီဗာပူးလ်ကို ပင်နယ်တီနဲ့ အဝေးကွင်းနိုင်ပွဲရယူလာခဲ့တဲ့ အာဆင်နယ်နဲ့ အမ်းမရိတ်ကွင်းမှာ ကစားရဖို့ရှိနေ။

– ဂွါဒီယိုလာအနေနဲ့ မန်စီးတီးကို ချန်ပီယံလိဂ် ရယူပေးသင့်တာ မှန်ပေမယ့် သူ့အတွက်တော့ ဒီဆုဖလားကို ရယူပြီး သက်သေပြဖို့က တကယ်တမ်း မလိုအပ်တော့ဘူးလို့ ကစားသမားဟောင်းကြီး ထရီဗာ ဆင်ကလဲရ်က ဆိုလိုက်ပြီး လာမယ့်ရာသီမှာ အသင်းက ထွက်ခွာသွားမှာကို စိုးရိမ်နေ။

– မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ လာမယ့်စနေနေ့ကျရင် အဝေးကွင်း အယ်လင်ရုဒ်မှာ သွားရောက်ကစားရမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမတိုင်ခင် တစ်ဖက်အသင်းနည်းပြ မာဆယ်လို ဘီယယ်လ်ဆာဟာ သူ့ရဲ့ လေးစားအားကျရသူတစ်ယောက်လို့ ထုတ်ဖော်ပြောကြား။

– ဘောလုံးလောကမှာ ရည်ရွယ်ရှိရှိ လက်နဲ့ပုတ်တာနဲ့ ရည်ရွယ်ချက်မရှိဘဲ လက်နဲ့ထိတာဟာ ခွဲခြားသိမြင်နိုင်တဲ့ ကိစ္စဖြစ်ပြီး ဒါကို ထိတိုင်း ပင်နယ်တီပေးနေတာဟာ ရယ်စရာဖြစ်ကြောင်းနဲ့ ဒိုင်လူကြီးနဲ့ တာဝန်ရှိသူတွေအနေနဲ့ မှန်ကန်အောင်ဆုံးဖြတ်နိုင်ဖို့လိုကြောင်း ဂွါဒီယိုလာပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.