Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂.၁၀.၂၀၂၀

– အာဆင္နယ္နဲ႔ လီဗာပူးလ္တုိ႔ရဲ႕ ပြဲမွာ ပရိသတ္ေတြ ဝိုင္းဝန္းခ်ီးက်ဴးေနခဲ့ၾကတဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ရဲ႕ ေသြးေအးလြန္းတဲ့ ပင္နယ္တီကန္သြင္းပုံေၾကာင့္ မိမိအေနနဲ႔ ႏွလုံးေရာဂါရလိမ့္မယ္လုိ႔ နည္းျပ အာတီတာေျပာၾကားသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လူးကပ္စ္ ေတာ္ရဲရားအတြက္ အက္သလက္တီကို မက္ဒရစ္အသင္းဘက္က ကမ္းလွမ္းတဲ့ တစ္ႏွစ္အငွား၊ ရာသီကုန္မွာ ေပါင္ ၂၂ သန္းနဲ႔ ေခၚယူခြင့္ကို ကစားသမားနဲ႔ ေအးဂ်င့္တုိ႔ရဲ႕ ဆႏၵအရ လက္ခံသြားဖို႔ နီးစပ္ေန။

– လီဗာပူးလ္အသင္းကို အန္းဖီးလ္မွာ အႏုိင္ယူခဲ့ၿပီးတဲ့ေနာက္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေရးဆြဲမွဳအရ အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကစားခြင့္ရခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းကို လက္ခံကစားရမည္။

– အမ်ဳိးသားအသင္းခ်င္း ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံေနတဲ့ မန္စီးတီးအမ်ဳိးသမီးနဲ႔ အာဆင္နယ္အမ်ဳိးသမီးတုိ႔ရဲ႕ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ မန္စီးတီးအမ်ဳိးသမီးအသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရွဳံးနိမ့္ၿပီး အာဆင္နယ္အမ်ဳိးသမီးေတြ ၿပဳိင္ပြဲက ထြက္ခဲ့ရ။

– လီဗာပူးလ္အသင္းကို အေဝးကြင္းမွာ အႏုိင္ယူခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ပြဲမွာ ဂိုးမေပးရေအာင္ ကာကြယ္ခဲ့မွဳမွာ ဂိုးသမား လီႏိုအျပင္ ေနာက္ခံလူသစ္ ဘရာဇီးလ္သား ဂါဘရီယယ္လ္ မာဂါလိုင္စ္ကိုလည္း ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ေအာဝါကို ေခၚယူဖို႔ ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာ ပရိသတ္ေတြကေတာ့ ယုံၾကည္မွဳ အားေကာင္းေနတယ္လုိ႔ ေျပာလုိ႔ရၿပီး ျပင္သစ္လက္ေရြးစင္အသင္းမွာ အေရြးခံခဲ့ရတဲ့ သူ႕အတြက္ ကြန္ဂရက္က်ဴေလးရွင္းေတြ လုပ္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီစေန၊ တနဂၤေႏြမတုိင္ခင္မွာ အသင္းရဲ႕ အေျပာင္းအေရႊ႕ အဝင္အထြက္ေတြကို ၂၄ နာရီအတြင္း ေသခ်ာေအာင္ စီစဥ္ရဖို႔ ရွိေနၿပီး ဒါမွ တနလၤာေန႔ (အေျပာင္းအေရႊ႕ပိတ္ရက္၊ ၅ ရက္ေန႔)မွာ အားလုံးကို အၿပီးသတ္ႏုိင္မွာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲမှာ ပရိသတ်တွေ ဝိုင်းဝန်းချီးကျူးနေခဲ့ကြတဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ရဲ့ သွေးအေးလွန်းတဲ့ ပင်နယ်တီကန်သွင်းပုံကြောင့် မိမိအနေနဲ့ နှလုံးရောဂါရလိမ့်မယ်လို့ နည်းပြ အာတီတာပြောကြားသွား။

– အာဆင်နယ်အသင်းအနေနဲ့ လူးကပ်စ် တော်ရဲရားအတွက် အက်သလက်တီကို မက်ဒရစ်အသင်းဘက်က ကမ်းလှမ်းတဲ့ တစ်နှစ်အငှား၊ ရာသီကုန်မှာ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခွင့်ကို ကစားသမားနဲ့ အေးဂျင့်တို့ရဲ့ ဆန္ဒအရ လက်ခံသွားဖို့ နီးစပ်နေ။

– လီဗာပူးလ်အသင်းကို အန်းဖီးလ်မှာ အနိုင်ယူခဲ့ပြီးတဲ့နောက် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်ရေးဆွဲမှုအရ အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားခွင့်ရခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကို လက်ခံကစားရမည်။

– အမျိုးသားအသင်းချင်း ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံနေတဲ့ မန်စီးတီးအမျိုးသမီးနဲ့ အာဆင်နယ်အမျိုးသမီးတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအမျိုးသမီးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး အာဆင်နယ်အမျိုးသမီးတွေ ပြိုင်ပွဲက ထွက်ခဲ့ရ။

– လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲမှာ ဂိုးမပေးရအောင် ကာကွယ်ခဲ့မှုမှာ ဂိုးသမား လီနိုအပြင် နောက်ခံလူသစ် ဘရာဇီးလ်သား ဂါဘရီယယ်လ် မာဂါလိုင်စ်ကိုလည်း ပရိသတ်တွေ ချီးကျူးနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ အောဝါကို ခေါ်ယူဖို့ ဆက်လက်လုပ်ဆောင်နေချိန်မှာ ပရိသတ်တွေကတော့ ယုံကြည်မှု အားကောင်းနေတယ်လို့ ပြောလို့ရပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာ အရွေးခံခဲ့ရတဲ့ သူ့အတွက် ကွန်ဂရက်ကျူလေးရှင်းတွေ လုပ်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီစနေ၊ တနင်္ဂနွေမတိုင်ခင်မှာ အသင်းရဲ့ အပြောင်းအရွှေ့ အဝင်အထွက်တွေကို ၂၄ နာရီအတွင်း သေချာအောင် စီစဉ်ရဖို့ ရှိနေပြီး ဒါမှ တနင်္လာနေ့ (အပြောင်းအရွှေ့ပိတ်ရက်၊ ၅ ရက်နေ့)မှာ အားလုံးကို အပြီးသတ်နိုင်မှာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.