Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂.၁၀.၂၀၂၀

– အာဆင္နယ္ကို ပင္နယ္တီနဲ႔ အရွဳံးေပးခဲ့ရတဲ့ ပြဲရဲ႕ ဒုတိယပုိင္းမွာ တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလားနဲ႔ ဒီယိုဂို ဂ်ဳိတာကို လူစားလဲခဲ့တဲ့ ယာဂန္ ကေလာ့ပ္ရဲ႕ အဆုံးအျဖတ္ကို လီဗာပူးလ္ပရိသတ္ေတြ နားမလည္ႏုိင္ေအာင္ျဖစ္ေနၾက။

– အာဆင္နယ္နဲ႔ပြဲမွာ အရန္ခုံမွာေတာင္ ပါဝင္မလာခဲ့တဲ့ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီအေနနဲ႔ အသင္းေျပာင္းဖို႔ စီစဥ္ေနတာလို႔ ေစာင့္ၾကည့္ေလ့လာသူေတြ သုံးသပ္ခဲ့ၿပီး ဆြစ္လက္ေရြးစင္ရဲ႕ ပြဲကစားခြင့္အရ ခန္႔မွန္းေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘန္ဝွဳိက္ကို ဘ႐ိုက္တန္ရဲ႕ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆုိမွဳေၾကာင့္ မေခၚယူႏုိင္ေတာ့ေပမယ့္လည္း အနာဂတ္အတြက္ ေနာက္ခံလူသစ္အျဖစ္ ရည္ရြယ္ထားၿပီး လာမယ့္ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထား။

– ၿပီးခဲ့တဲ့ ညေနက လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္အုပ္စု ေရးဆြဲမွဳမွာ ပါဝင္ေနတဲ့ အသင္းေတြနဲ႔ ပတ္သက္လို႔ ယာဂန္ ကေလာ့ပ္က ၿပဳိင္ဘက္ေကာင္းေတြနဲ႔ ေတြ႕ဆုံေနတဲ့ ေနရာခ်ထားမွဳတစ္ခုလို႔ သုံးသပ္သြားခဲ့။

– အာဆင္နယ္နဲ႔ပြဲမွာ ေျခစြမ္းျပႏုိင္ျခင္း မရွိသလို အသင္းနဲ႔ အံမဝင္တဲ့ ပုံစံကိုပဲ ျပသေနခဲ့တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္အတြက္ အသင္းက ထြက္ခြာဖို႔ ခန္႔မွန္းမွဳေတြ ပိုမ်ားလာၿပီး ပရီးမီးယားလိဂ္ႏွစ္သင္း စိတ္ဝင္စားေန။

– လီဗာပူးလ္အသင္းအတြက္ ကစားခြင့္ရတဲ့ ပြဲေတြမွာ ေျခစြမ္းျပႏုိင္ေပမယ့္ ေရာင္းခ်သြားဖို႔ပဲ သတ္မွတ္ထားတဲ့ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကို ပရီးမီးယားလိဂ္ကလပ္ေတြ ျဖစ္ၾကတဲ့ ေဆာက္သမ္တန္နဲ႔ ဝက္စ္ဟမ္းတုိ႔ စိတ္ဝင္စားေန။

– လူငယ္ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ဟာ ဒီရာသီမွာလည္း ကစားခြင့္မ်ားမ်ားစားစား ရရွိႏုိင္ဦးမွာ မဟုတ္တာေၾကာင့္ အငွားနဲ႔ ထြက္ခြာၿပီး ပြဲထြက္ခြင့္ကို ရွာေဖြဖို႔ အာဆင္နယ္နဲ႔ အက္စ္တန္ဗီလာကြင္းလယ္လူေဟာင္း ေပါလ္မာဆန္ တုိက္တြန္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်ကို ပင်နယ်တီနဲ့ အရှုံးပေးခဲ့ရတဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ဒီယိုဂို ဂျိုတာကို လူစားလဲခဲ့တဲ့ ယာဂန် ကလော့ပ်ရဲ့ အဆုံးအဖြတ်ကို လီဗာပူးလ်ပရိသတ်တွေ နားမလည်နိုင်အောင်ဖြစ်နေကြ။

– အာဆင်နယ်နဲ့ပွဲမှာ အရန်ခုံမှာတောင် ပါဝင်မလာခဲ့တဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီအနေနဲ့ အသင်းပြောင်းဖို့ စီစဉ်နေတာလို့ စောင့်ကြည့်လေ့လာသူတွေ သုံးသပ်ခဲ့ပြီး ဆွစ်လက်ရွေးစင်ရဲ့ ပွဲကစားခွင့်အရ ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဘန်ဝှိုက်ကို ဘရိုက်တန်ရဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုမှုကြောင့် မခေါ်ယူနိုင်တော့ပေမယ့်လည်း အနာဂတ်အတွက် နောက်ခံလူသစ်အဖြစ် ရည်ရွယ်ထားပြီး လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား။

– ပြီးခဲ့တဲ့ ညနေက လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်အုပ်စု ရေးဆွဲမှုမှာ ပါဝင်နေတဲ့ အသင်းတွေနဲ့ ပတ်သက်လို့ ယာဂန် ကလော့ပ်က ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံနေတဲ့ နေရာချထားမှုတစ်ခုလို့ သုံးသပ်သွားခဲ့။

– အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခြင်း မရှိသလို အသင်းနဲ့ အံမဝင်တဲ့ ပုံစံကိုပဲ ပြသနေခဲ့တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်အတွက် အသင်းက ထွက်ခွာဖို့ ခန့်မှန်းမှုတွေ ပိုများလာပြီး ပရီးမီးယားလိဂ်နှစ်သင်း စိတ်ဝင်စားနေ။

– လီဗာပူးလ်အသင်းအတွက် ကစားခွင့်ရတဲ့ ပွဲတွေမှာ ခြေစွမ်းပြနိုင်ပေမယ့် ရောင်းချသွားဖို့ပဲ သတ်မှတ်ထားတဲ့ ကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်ကြတဲ့ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်းတို့ စိတ်ဝင်စားနေ။

– လူငယ်ကွင်းလယ်လူ ကားတစ်ဂျုံးစ်ဟာ ဒီရာသီမှာလည်း ကစားခွင့်များများစားစား ရရှိနိုင်ဦးမှာ မဟုတ်တာကြောင့် အငှားနဲ့ ထွက်ခွာပြီး ပွဲထွက်ခွင့်ကို ရှာဖွေဖို့ အာဆင်နယ်နဲ့ အက်စ်တန်ဗီလာကွင်းလယ်လူဟောင်း ပေါလ်မာဆန် တိုက်တွန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.