International Match Report

အီတလီကို အဝေးကွင်းမှာ စံချိန်ဖျက်တဲ့ နိုင်ပွဲနဲ့ ကျောရရုံကြံခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ဂရီးလစ်ရှ်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အီတလီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ တိုလိုအီ၊ အချယ်ဘီ၊ ဒီလော်ရန်ဇိုနဲ့ စပင်နက်ဇိုလာတို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဗာရက်တီနဲ့ ဘာရဲလားတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ ပယ်လီဂရီနီနဲ့ အာဂျင်တီးနားဖွား ကစားသမား ရီတီဂီတို့ကို တွဲဖက်ပေးလာခဲ့ပါတယ်။

နေပယ်လ်က နာပိုလီကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်တို့ရဲ့ သွက်လက်တဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့ပြီး အီတလီတို့ကတော့ ဖိကစားဖို့ ကြိုးစားခဲ့ချိန်မှာ တိုက်စစ်သန်ကွင်းလယ်လူ မပါဘဲ ဘောလုံးချည်း ထိုင်ဖြန့်မယ့် ဂျော်ဂျင်ညို၊ ဗာရက်တီ၊ ဘာရဲလားတို့ရဲ့ အစုအဖွဲ့က ကစားကွက် ကူးပြောင်းပုံတွေမှာ လေးလံလွန်းနေတာကြောင့် အိမ်ရှင်တွေ စိတ်သွားတိုင်း ကိုယ်မပါဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်လင်ဂမ်ရဲ့ ကန်ချက်ကနေ ရတဲ့ ထောင့်ကန်ဘောကို ဆာကာ ကန်တင်ပေးရာမှာ ဟာရီကိန်းက ဧရိယာထဲမှာ ကန်သွင်းခွင့်ရခဲ့ပေမယ့် အီတလီခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို ဒက်ကလန် ရိုက်စ်က ထပ်မံပိတ်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်မှာတော့ ဖန်တီးမှုလုပ်ဖို့ထက် ဂိုးသွင်းဖို့ အားသန်နေတဲ့ ဘယ်လင်ဂမ်ကြောင့် ဟာရီကိန်းတို့ ရှေ့တန်းတွေ ဘောလုံးရရှိမှု နည်းခဲ့သလို ဘောလုံးသမားနဲ့ မတူဘဲ နပမ်းသမားရုပ်ပေါက်နေတဲ့ ကယ်လ်ဗင် ဖိလစ်ကလည်း ကွင်းလယ်မှာ အချိတ်အဆက်တွေကို ဖျက်နေခဲ့တာကြောင့် အီတလီတို့ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့ကြပြီး ဧည့်သည်တွေကတော့ ကောင်တာကိုပဲ အားပြုလာခဲ့ရတာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာကာရဲ့ ထောင့်ကန်ဘောကနေ ဟာရီကိန်း ခေါင်းတိုက်ဖို့ ကြိုးစားတာကို တားဆီးတဲ့ ဒီလော်ရန်ဇိုရဲ့ ဆန့်ထုတ်ထားတဲ့ လက်နဲ့ ထိခဲ့တာကြောင့် ပင်နယ်တီရခဲ့ရာမှာ ကိန်းကပဲ ဒွန်နာရမ်မာကို လှည့်စားကန်သွင်းပြီး ခြင်္သေ့သုံးကောင်တို့ရဲ့ ထာဝရဂိုးသွင်းဘုရင်သစ်ဘွဲ့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ အပိုင်အခွင့်အရေးကို ဂရီးလစ်ရှ်က ဝင်အောင်မကန်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ အင်္ဂလန်တို့က နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စရာမှာတော့ ကွင်းလယ်မှာ ခါးပြတ်နေတဲ့ အင်္ဂလန်တို့ကို တုံ့ပြန်နိုင်ဖို့ အီတလီဘက်က ကြိုးစားလာခဲ့ပေမယ့် အဆုံးသတ် ကန်သွင်းမှုတွေကတော့ ချူချာနေခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ အီတလီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဂွိုင်းယား လူချမိလို့ ပြစ်ဒဏ်ဘော အပေးခံရတော့မလားဆိုပြီး ကြောင်သွားတဲ့ အင်္ဂလန်ခံစစ်ကြားကနေ Advantage နဲ့ ဆက်ကစားလာတဲ့ ပယ်လီဂရီနီက ခင်းပေးခဲ့ရာမှာ နေရာယူပုံက ဘယ်ဘက်ကို သိသိသာသာကြီး ရောက်နေခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ညာခြမ်းကို တိုက်စစ်မှူး ရီတီဂီက အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အီတလီတို့ဘက်က စတင်အပြောင်းအလဲလုပ်ခဲ့ပြီး ဘာရဲလား၊ ဘယ်ရာဒီ၊ ပယ်လီဂရီနီနဲ့ ဂျော်ဂျင်ညိုတို့အစား ခရစ္စတန်တေ၊ ပိုလီတာနို၊ ဂနွန်တိုနဲ့ တိုနာလီတို့ကို လဲကစားခဲ့သလို အင်္ဂလန်တို့ဘက်ကတော့ ဂရီးလစ်ရှ်အစား ဖိုဒန် ဝင်လာခဲ့ပြီး ခံစစ်နဲ့ ကောင်တာပဲ ကစားနေခဲ့ချိန်မှာ အိမ်ရှင်နည်းပြ မန်ချီနီရဲ့ ကစားကွက်တွေကတော့ ဂိုးလိုချင်တယ်ဆိုပြီး အိပ်ငိုက်စရာပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာ တန်ပြန်တိုက်စစ်ကနေ ရီတီဂီကို တားဆီးတဲ့ လုခ်ရှော နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် အင်္ဂလန်တို့ ဆယ်ယောက်နဲ့ ကစားသွားခဲ့ရသလို ဆောက်ဂိတ်ကတော့ ဖိုဒန်ကို ပြန်ထုတ်ပြီး ထရစ်ပီယာကို လဲသွားခဲ့ပြီး ဒီနောက်မှာတော့ အနိုင်ကို ထိန်းသိမ်းဖို့ ဘယ်လင်ဂမ်နဲ့ ဆာကာတို့အစား ရီးစ်ဂျိမ်းစ်နဲ့ ဂါလာဂါတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

အီတလီတို့ကတော့ ဗာရက်တီအစား ဆကာမက်ကာကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ကွင်းလယ်မှာ လူသုံးယောက်မရှိဘဲ ဘောလုံးပေးမကစားတတ်သလို တစ်နေရာနဲ့ တစ်နေရာရောက်ဖို့အရေး နှစ်ပေစီ ပတ်ပေးနေတဲ့ ကစားကွက်တည်ဆောက်ပုံကြောင့် အင်္ဂလန်ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နိုင်ပွဲရှင် အင်္ဂလန်တို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု(စီ)မှာ အဓိက ပြိုင်ဘက်ဆီက အရေးပါတဲ့ သုံးမှတ်ကို ရယူနိုင်ခဲ့သလို အီတလီမြေမှာ ၁၉၆၁ ခုနှစ်ကတည်းက တရားဝင်ပြိုင်ပွဲတွေမှာ အနိုင်မရခဲ့တဲ့ စံချိန်ဆိုးကိုလည်း ချိုးဖျက်သွားနိုင်ခဲ့ပြီး နေပယ်လ်က နိုင်ပွဲက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဆောက်ဂိတ်အဖို့လည်း စိတ်သက်သာစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ ဂြၽန္စတုန္းစ္၊ ေဝၚလ္ကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ ဂရီးလစ္ရွ္နဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အီတလီတို႔ကေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ တိုလိုအီ၊ အခ်ယ္ဘီ၊ ဒီေလာ္ရန္ဇိုနဲ႔ စပင္နက္ဇိုလာတို႔ကို ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဗာရက္တီနဲ႔ ဘာရဲလားတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘယ္ရာဒီ၊ ပယ္လီဂရီနီနဲ႔ အာဂ်င္တီးနားဖြား ကစားသမား ရီတီဂီတို႔ကို တြဲဖက္ေပးလာခဲ့ပါတယ္။

ေနပယ္လ္က နာပိုလီကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အဂၤလန္တို႔ရဲ႕ သြက္လက္တဲ့ ကစားကြက္က အလုပ္ျဖစ္ခဲ့ၿပီး အီတလီတို႔ကေတာ့ ဖိကစားဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ တိုက္စစ္သန္ကြင္းလယ္လူ မပါဘဲ ေဘာလုံးခ်ည္း ထိုင္ျဖန႔္မယ့္ ေဂ်ာ္ဂ်င္ညိဳ၊ ဗာရက္တီ၊ ဘာရဲလားတို႔ရဲ႕ အစုအဖြဲ႕က ကစားကြက္ ကူးေျပာင္းပုံေတြမွာ ေလးလံလြန္းေနတာေၾကာင့္ အိမ္ရွင္ေတြ စိတ္သြားတိုင္း ကိုယ္မပါဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အဂၤလန္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္လင္ဂမ္ရဲ႕ ကန္ခ်က္ကေန ရတဲ့ ေထာင့္ကန္ေဘာကို ဆာကာ ကန္တင္ေပးရာမွာ ဟာရီကိန္းက ဧရိယာထဲမွာ ကန္သြင္းခြင့္ရခဲ့ေပမယ့္ အီတလီခံစစ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို ဒက္ကလန္ ႐ိုက္စ္က ထပ္မံပိတ္သြင္းၿပီး ရယူေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္မွာေတာ့ ဖန္တီးမႈလုပ္ဖို႔ထက္ ဂိုးသြင္းဖို႔ အားသန္ေနတဲ့ ဘယ္လင္ဂမ္ေၾကာင့္ ဟာရီကိန္းတို႔ ေရွ႕တန္းေတြ ေဘာလုံးရရွိမႈ နည္းခဲ့သလို ေဘာလုံးသမားနဲ႔ မတူဘဲ နပမ္းသမား႐ုပ္ေပါက္ေနတဲ့ ကယ္လ္ဗင္ ဖိလစ္ကလည္း ကြင္းလယ္မွာ အခ်ိတ္အဆက္ေတြကို ဖ်က္ေနခဲ့တာေၾကာင့္ အီတလီတို႔ ေဘာလုံးပိုကိုင္ကစားႏိုင္ခဲ့ၾကၿပီး ဧည့္သည္ေတြကေတာ့ ေကာင္တာကိုပဲ အားျပဳလာခဲ့ရတာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ အဂၤလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆာကာရဲ႕ ေထာင့္ကန္ေဘာကေန ဟာရီကိန္း ေခါင္းတိုက္ဖို႔ ႀကိဳးစားတာကို တားဆီးတဲ့ ဒီေလာ္ရန္ဇိုရဲ႕ ဆန႔္ထုတ္ထားတဲ့ လက္နဲ႔ ထိခဲ့တာေၾကာင့္ ပင္နယ္တီရခဲ့ရာမွာ ကိန္းကပဲ ဒြန္နာရမ္မာကို လွည့္စားကန္သြင္းၿပီး ျခေသၤ့သုံးေကာင္တို႔ရဲ႕ ထာဝရဂိုးသြင္းဘုရင္သစ္ဘြဲ႕ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ အပိုင္အခြင့္အေရးကို ဂရီးလစ္ရွ္က ဝင္ေအာင္မကန္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာေတာ့ အဂၤလန္တို႔က ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္စရာမွာေတာ့ ကြင္းလယ္မွာ ခါးျပတ္ေနတဲ့ အဂၤလန္တို႔ကို တုံ႔ျပန္ႏိုင္ဖို႔ အီတလီဘက္က ႀကိဳးစားလာခဲ့ေပမယ့္ အဆုံးသတ္ ကန္သြင္းမႈေတြကေတာ့ ခ်ဴခ်ာေနခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ အီတလီတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မက္ဂြိဳင္းယား လူခ်မိလို႔ ျပစ္ဒဏ္ေဘာ အေပးခံရေတာ့မလားဆိုၿပီး ေၾကာင္သြားတဲ့ အဂၤလန္ခံစစ္ၾကားကေန Advantage နဲ႔ ဆက္ကစားလာတဲ့ ပယ္လီဂရီနီက ခင္းေပးခဲ့ရာမွာ ေနရာယူပုံက ဘယ္ဘက္ကို သိသိသာသာႀကီး ေရာက္ေနခဲ့တဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ညာျခမ္းကို တိုက္စစ္မႉး ရီတီဂီက အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အီတလီတို႔ဘက္က စတင္အေျပာင္းအလဲလုပ္ခဲ့ၿပီး ဘာရဲလား၊ ဘယ္ရာဒီ၊ ပယ္လီဂရီနီနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔အစား ခရစၥတန္ေတ၊ ပိုလီတာႏို၊ ဂႏြန္တိုနဲ႔ တိုနာလီတို႔ကို လဲကစားခဲ့သလို အဂၤလန္တို႔ဘက္ကေတာ့ ဂရီးလစ္ရွ္အစား ဖိုဒန္ ဝင္လာခဲ့ၿပီး ခံစစ္နဲ႔ ေကာင္တာပဲ ကစားေနခဲ့ခ်ိန္မွာ အိမ္ရွင္နည္းျပ မန္ခ်ီနီရဲ႕ ကစားကြက္ေတြကေတာ့ ဂိုးလိုခ်င္တယ္ဆိုၿပီး အိပ္ငိုက္စရာပဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ မွာ တန္ျပန္တိုက္စစ္ကေန ရီတီဂီကို တားဆီးတဲ့ လုခ္ေရွာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ အဂၤလန္တို႔ ဆယ္ေယာက္နဲ႔ ကစားသြားခဲ့ရသလို ေဆာက္ဂိတ္ကေတာ့ ဖိုဒန္ကို ျပန္ထုတ္ၿပီး ထရစ္ပီယာကို လဲသြားခဲ့ၿပီး ဒီေနာက္မွာေတာ့ အႏိုင္ကို ထိန္းသိမ္းဖို႔ ဘယ္လင္ဂမ္နဲ႔ ဆာကာတို႔အစား ရီးစ္ဂ်ိမ္းစ္နဲ႔ ဂါလာဂါတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

အီတလီတို႔ကေတာ့ ဗာရက္တီအစား ဆကာမက္ကာကို ထပ္ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ကြင္းလယ္မွာ လူသုံးေယာက္မရွိဘဲ ေဘာလုံးေပးမကစားတတ္သလို တစ္ေနရာနဲ႔ တစ္ေနရာေရာက္ဖို႔အေရး ႏွစ္ေပစီ ပတ္ေပးေနတဲ့ ကစားကြက္တည္ေဆာက္ပုံေၾကာင့္ အဂၤလန္ခံစစ္ကို မေက်ာ္ႏိုင္ဘဲ ျဖစ္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ ႏိုင္ပြဲရွင္ အဂၤလန္တို႔အေနနဲ႔ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအုပ္စု(စီ)မွာ အဓိက ၿပိဳင္ဘက္ဆီက အေရးပါတဲ့ သုံးမွတ္ကို ရယူႏိုင္ခဲ့သလို အီတလီေျမမွာ ၁၉၆၁ ခုႏွစ္ကတည္းက တရားဝင္ၿပိဳင္ပြဲေတြမွာ အႏိုင္မရခဲ့တဲ့ စံခ်ိန္ဆိုးကိုလည္း ခ်ိဳးဖ်က္သြားႏိုင္ခဲ့ၿပီး ေနပယ္လ္က ႏိုင္ပြဲက ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ နည္းျပ ေဆာက္ဂိတ္အဖို႔လည္း စိတ္သက္သာစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.