Ligue1

နည်းပြနဲ့ စကားများပြီး ဆော်ဒီ ပြောင်းမယ့်သတင်းတွေကို အဖြေပေးခဲ့တဲ့ မက်ဆီရဲ့ ဖခင်

လီယွန်နယ် မက်ဆီရဲ့ ဖခင်ဟာ ပီအက်စ်ဂျီကြယ်ပွင့်က ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကို သတင်းအတုအယောင်တွေလို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

မက်ဆီရဲ့ဖခင်ကို ယခုအပတ် အရှေ့အလယ်ပိုင်းနိုင်ငံမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိသေးတာကြောင့် ပဲရစ်ကနေ ထွက်ခွာဖို့ သတင်းတွေ ပိုမို အရှိန်မြင့်လာတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ စနေနေ့က ပီအက်စ်ဂျီနည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးနဲ့ လေ့ကျင့်ရေးကွင်းမှာ စကားများပြီး လေကျင့်ရေးကနေ ထွက်သွားခဲ့တာကြောင့် ကောလာဟလတွေကို မီးမွှေးလိုက်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားဂန္တဝင်ကို စာချုပ်ဆွေးနွေးရာမှာ လိုက်လျောလိုတဲ့ ဆန္ဒမရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဂျော့ဂျ် မက်ဆီက ဒီသတင်းတွေအားလုံးကို ငြင်းပယ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်က သတင်းတုတွေလို့ ပြောကြားခဲ့ပါတယ်။

“သတင်းတုတွေ အဲဒီသတင်းတွေကို မယုံပါနဲ့။ ကျွန်တော်တို့ အလိမ်အညာတွေကို ထပ်ပြီးတော့ လက်ခံမှာမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျကလပ်အသင်းဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းက လီယွန်နယ် မက်ဆီကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၉၄ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီရဲ႕ ဖခင္ဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္က ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ သတင္းေတြကို သတင္းအတုအေယာင္ေတြလို႔ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

မက္ဆီရဲ႕ဖခင္ကို ယခုအပတ္ အေရွ႕အလယ္ပိုင္းႏိုင္ငံမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြက ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီျခင္းမရွိေသးတာေၾကာင့္ ပဲရစ္ကေန ထြက္ခြာဖို႔ သတင္းေတြ ပိုမို အရွိန္ျမင့္လာတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ စေနေန႔က ပီအက္စ္ဂ်ီနည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးနဲ႔ ေလ့က်င့္ေရးကြင္းမွာ စကားမ်ားၿပီး ေလက်င့္ေရးကေန ထြက္သြားခဲ့တာေၾကာင့္ ေကာလာဟလေတြကို မီးေမႊးလိုက္သလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီအျပင္ ပီအက္စ္ဂ်ီအသင္းက အာဂ်င္တီးနားဂႏၲဝင္ကို စာခ်ဳပ္ေဆြးေႏြးရာမွာ လိုက္ေလ်ာလိုတဲ့ ဆႏၵမရွိဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ေဂ်ာ့ဂ်္ မက္ဆီက ဒီသတင္းေတြအားလုံးကို ျငင္းပယ္ခဲ့ၿပီး လူမႈကြန္ရက္ေပၚက သတင္းတုေတြလို႔ ေျပာၾကားခဲ့ပါတယ္။

“သတင္းတုေတြ အဲဒီသတင္းေတြကို မယုံပါနဲ႔။ ကြၽန္ေတာ္တို႔ အလိမ္အညာေတြကို ထပ္ၿပီးေတာ့ လက္ခံမွာမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ အာေရဗ်ကလပ္အသင္းျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းက လီယြန္နယ္ မက္ဆီကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၉၄ သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.