Ligue1

စာသင်ခန်းထဲ သောင်းကျန်းနေတဲ့ကလေးတွေငြိမ်အောင် မက်ဆီနဲ့ အမ်ဘာပေနာမည်သုံးပြီး ထိန်းခဲ့တဲ့ ဆရာမ

အာဂျင်တီးနားဆရာမတစ်ဦးဟာ ဆူညံနေတဲ့ စာသင်ခန်းထဲက ကျောင်းသားတွေကို ငြိမ်သွားအောင် လုပ်ဖို့ လီယွန်နယ် မက်ဆီနဲ့ ခီလီယန် အမ်ဘာပေတို့ရဲ့ နာမည်ကို ထူးထူးဆန်းဆန်း အသုံးပြုခဲ့ပါတယ်။

အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ဒီဇင်ဘာလတုန်းက ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စိတ်လှုပ်ရှားဖွယ် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားနဲ့ ပြင်သစ်တို့ပွဲဟာ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ရာမှာ မက်ဆီက ၂ ဂိုး၊ အမ်ဘာပေက ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက နောက်ဆုံးမှာတော့ ပင်နယ်တီ အဆုံးအဖြတ်ကနေ အနိုင်ရရှိသွားခဲ့ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံက ဆရာမတစ်ဦးဟာ သူမရဲ့ စာသင်ခန်းထဲက ကျောင်းသားတွေကို ငြိမ်သွားအောင် လုပ်ဖို့အတွက် ဒီ စူပါစတား ကစားသမား ၂ ဦးရဲ့ အကူအညီကို ယူခဲ့ရတာ ဖြစ်ပြီး ကျောင်းသားတွေကို ရိုးရှင်းတဲ့ စကားတစ်ခွန်းနဲ့ တိတ်ဆိတ်စေခဲ့တာဖြစ်ပါတယ်။

“စကားဆက်ပြောနေတဲ့သူက မက်ဆီထက် အမ်ဘာပေကို ပိုနှစ်သက်တဲ့သူပဲ”လို့ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီစကားက မှော်ဂါထာမန္တန်တစ်ခုလို တစ်ခန်းလုံးကို တိတ်ဆိတ်သွားစေခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံက လီယွန်နယ် မက်ဆီရဲ့ ထင်ပေါ်ကျော်ကြားမှုကို ကောင်းကောင်းသိနေခဲ့တဲ့ ဆရာမက ကျောင်းသားတွေကို ထိန်းသိမ်းရာမှာ ပါးနပ်စွာ အသုံးချခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားထားရာမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ခီလီယန် အမ်ဘာပေဟာ ယခုရာသီ ပီအက်စ်ဂျီအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားရာမှာ သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပြီး ကြယ်ပွင့် တိုက်စစ်မှူး ၂ ဦးဟာ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ရရှိနေကြပေမယ့်လည်း လိဂန်းချန်ပီယံတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားဆရာမတစ္ဦးဟာ ဆူညံေနတဲ့ စာသင္ခန္းထဲက ေက်ာင္းသားေတြကို ၿငိမ္သြားေအာင္ လုပ္ဖို႔ လီယြန္နယ္ မက္ဆီနဲ႔ ခီလီယန္ အမ္ဘာေပတို႔ရဲ႕ နာမည္ကို ထူးထူးဆန္းဆန္း အသုံးျပဳခဲ့ပါတယ္။

အမ္ဘာေပနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ဒီဇင္ဘာလတုန္းက ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ စိတ္လႈပ္ရွားဖြယ္ ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ပြဲဟာ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့ရာမွာ မက္ဆီက ၂ ဂိုး၊ အမ္ဘာေပက ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းက ေနာက္ဆုံးမွာေတာ့ ပင္နယ္တီ အဆုံးအျဖတ္ကေန အႏိုင္ရရွိသြားခဲ့ၿပီး ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း ေဝးကြာေနတဲ့ ကမာၻ႔ဖလားေအာင္ျမင္မႈကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဂ်င္တီးနားႏိုင္ငံက ဆရာမတစ္ဦးဟာ သူမရဲ႕ စာသင္ခန္းထဲက ေက်ာင္းသားေတြကို ၿငိမ္သြားေအာင္ လုပ္ဖို႔အတြက္ ဒီ စူပါစတား ကစားသမား ၂ ဦးရဲ႕ အကူအညီကို ယူခဲ့ရတာ ျဖစ္ၿပီး ေက်ာင္းသားေတြကို ႐ိုးရွင္းတဲ့ စကားတစ္ခြန္းနဲ႔ တိတ္ဆိတ္ေစခဲ့တာျဖစ္ပါတယ္။

“စကားဆက္ေျပာေနတဲ့သူက မက္ဆီထက္ အမ္ဘာေပကို ပိုႏွစ္သက္တဲ့သူပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အဲဒီစကားက ေမွာ္ဂါထာမႏၲန္တစ္ခုလို တစ္ခန္းလုံးကို တိတ္ဆိတ္သြားေစခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားႏိုင္ငံက လီယြန္နယ္ မက္ဆီရဲ႕ ထင္ေပၚေက်ာ္ၾကားမႈကို ေကာင္းေကာင္းသိေနခဲ့တဲ့ ဆရာမက ေက်ာင္းသားေတြကို ထိန္းသိမ္းရာမွာ ပါးနပ္စြာ အသုံးခ်ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၃၁ ပြဲ ပါဝင္ကစားထားရာမွာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ခီလီယန္ အမ္ဘာေပဟာ ယခုရာသီ ပီအက္စ္ဂ်ီအသင္းအတြက္ ၃၂ ပြဲ ပါဝင္ကစားထားရာမွာ သြင္းဂိုး ၃၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ထားၿပီး ၾကယ္ပြင့္ တိုက္စစ္မႉး ၂ ဦးဟာ ကမာၻ႔အဆင့္ ေျခစြမ္းမ်ိဳး ရရွိေနၾကေပမယ့္လည္း လိဂန္းခ်န္ပီယံေတြဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.