Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၉.၉.၂၀၂၀

– လီဗာပူးလ္အသင္းနဲ႔အတူ ဒီရာသီမွာ ၁၀၀ ရာခိုင္ႏွဳန္း ပြဲထြက္ခြင့္ ရရွိထားတဲ့ ကြင္းလယ္လူ နာဘီ ကီးတားအေနနဲ႔ အာဆင္နယ္နဲ႔ပြဲမွာ ယာဂန္ ကေလာ့ပ္ရဲ႕ ယုံၾကည္မွဳကို ျပန္လည္ေပးဆပ္ႏိုင္ခဲ့ၿပီး ကြင္းလယ္က ခ်ိတ္ဆက္မွဳေတြနဲ႔အတူ ၉၈ ရာခိုင္ႏွဳန္း ေအာင္ျမင္တဲ့ ေပးပုိ႔မွဳေတြ ျပဳလုပ္ႏုိင္ခဲ့။

– လီဗာပူးလ္-အာဆင္နယ္ပြဲစဥ္မွာ ထိန္းခ်ဳပ္လုိ႔ မရခဲ့တဲ့ မုိဟာမက္ ဆာလားကို အာဆင္နယ္ပရိသတ္ေတြ ဝိုင္းဝန္းခ်ီးက်ဴးေနၾကၿပီး သူ႕ကို တားဆီးႏုိင္မယ့္ ဘယ္ေနာက္ခံလူ မရွိဘူးလို႔ ဆုိေနၾက။

– လီဗာပူးလ္အသင္းရဲ႕ အာဆင္နယ္နဲ႔ပြဲမွာ ကစားပုံကို ၾကည့္ခဲ့ရတာဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ အဆင့္အတန္းတစ္ခု ျမင့္မားေနတယ္လို႔ ဂယ္ရီ နဗီးလ္က ေျပာလုိက္ၿပီး ဒါဟာ ဂြါဒီယိုလာအတြက္ လုပ္ျပရမယ့္ စိန္ေခၚမွဳတစ္ခုျဖစ္တယ္လုိ႔ဆုိ။

– လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္အတြက္ ႀကံ့ခုိင္မွဳနဲ႔ ကစားပုံေကာင္းကို ျပသဖို႔ ေရွ႕မွာ စိန္ေခၚမွဳေတြ ေစာင့္ဆုိင္းေနၿပီလို႔ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ တိုနီ ကက္စ္ကာရီႏိုက ဆုိလုိက္ၿပီး လက္ရွိ လီဗာပူးလ္ကြင္းလယ္ကစားသမားတစ္ဦးခ်င္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ အင္အားကို ခ်ီးက်ဴးသြား။

– ပဲေလ့စ္နဲ႔ သေဘာတူညီမွဳ မရတဲ့ တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားအတြက္ အက္စ္တန္ဗီလာနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္တုိ႔ ကမ္းလွမ္းထားၿပီး လီဗာပူးလ္ဘက္က ေတာင္းဆိုတဲ့ ေပါင္ ၁၇ သန္းနဲ႔ ေရာင္းခ်ၿပီး ေပါင္သန္း ၄၀ နဲ႔ ျပန္လည္ေခၚယူခြင့္ကို သေဘာတူညီထား။

– ေပါင္ ၃၉ သန္းနဲ႔ မိုနာကိုကေန ေခၚယူထားခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဖာဘင္ညဳိဟာ လီဗာပူးလ္အတြက္ အဖိုးမျဖတ္ႏုိင္တဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ၿပဳိင္ဘက္အသင္းႀကီးေတြနဲ႔ ကြာျခားတဲ့ ကြင္းလယ္အဖ်က္ပုံစံကို ႏွဳိင္းယွဥ္ခ်ီးက်ဴးေနၾက။

– လီဗာပူးလ္အသင္းနဲ႔ ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ခြင့္အျဖစ္ လူစားဝင္ခဲ့တဲ့ ပြဲစဥ္မွာ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို သြင္းယူႏုိင္ခဲ့တဲ့ ေတာင္ပံတုိက္စစ္မွဴး ဒီယိုဂို ဂ်ဳိတာက ဒါဟာ သူ႕အတြက္ အမ်ားႀကီး အဓိပၸါယ္ရွိေၾကာင္းနဲ႔ အသင္းနဲ႔ အျမန္ဆုံးအသားက်ႏိုင္ဖို႔ ႀကဳိးစားလုပ္ေဆာင္ေနေၾကာင္းဆုိသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းနဲ့အတူ ဒီရာသီမှာ ၁၀၀ ရာခိုင်နှုန်း ပွဲထွက်ခွင့် ရရှိထားတဲ့ ကွင်းလယ်လူ နာဘီ ကီးတားအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ ယာဂန် ကလော့ပ်ရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ကွင်းလယ်က ချိတ်ဆက်မှုတွေနဲ့အတူ ၉၈ ရာခိုင်နှုန်း အောင်မြင်တဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့။

– လီဗာပူးလ်-အာဆင်နယ်ပွဲစဉ်မှာ ထိန်းချုပ်လို့ မရခဲ့တဲ့ မိုဟာမက် ဆာလားကို အာဆင်နယ်ပရိသတ်တွေ ဝိုင်းဝန်းချီးကျူးနေကြပြီး သူ့ကို တားဆီးနိုင်မယ့် ဘယ်နောက်ခံလူ မရှိဘူးလို့ ဆိုနေကြ။

– လီဗာပူးလ်အသင်းရဲ့ အာဆင်နယ်နဲ့ပွဲမှာ ကစားပုံကို ကြည့်ခဲ့ရတာဟာ မန်ချက်စတာစီးတီးအသင်းနဲ့ အဆင့်အတန်းတစ်ခု မြင့်မားနေတယ်လို့ ဂယ်ရီ နဗီးလ်က ပြောလိုက်ပြီး ဒါဟာ ဂွါဒီယိုလာအတွက် လုပ်ပြရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ဆို။

– လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်အတွက် ကြံ့ခိုင်မှုနဲ့ ကစားပုံကောင်းကို ပြသဖို့ ရှေ့မှာ စိန်ခေါ်မှုတွေ စောင့်ဆိုင်းနေပြီလို့ ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ တိုနီ ကက်စ်ကာရီနိုက ဆိုလိုက်ပြီး လက်ရှိ လီဗာပူးလ်ကွင်းလယ်ကစားသမားတစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားကို ချီးကျူးသွား။

– ပဲလေ့စ်နဲ့ သဘောတူညီမှု မရတဲ့ တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားအတွက် အက်စ်တန်ဗီလာနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ ကမ်းလှမ်းထားပြီး လီဗာပူးလ်ဘက်က တောင်းဆိုတဲ့ ပေါင် ၁၇ သန်းနဲ့ ရောင်းချပြီး ပေါင်သန်း ၄၀ နဲ့ ပြန်လည်ခေါ်ယူခွင့်ကို သဘောတူညီထား။

– ပေါင် ၃၉ သန်းနဲ့ မိုနာကိုကနေ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုဟာ လီဗာပူးလ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ပြိုင်ဘက်အသင်းကြီးတွေနဲ့ ကွာခြားတဲ့ ကွင်းလယ်အဖျက်ပုံစံကို နှိုင်းယှဉ်ချီးကျူးနေကြ။

– လီဗာပူးလ်အသင်းနဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်အဖြစ် လူစားဝင်ခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာက ဒါဟာ သူ့အတွက် အများကြီး အဓိပ္ပါယ်ရှိကြောင်းနဲ့ အသင်းနဲ့ အမြန်ဆုံးအသားကျနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်းဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.