Match Report Premier League

ဗာနာ ဂိုးသြင္းခဲ့ေပမယ့္ စပါးစ္ကို အေဝးကြင္းမွာ သေရသာရခဲ့ၿပီး ပင္နယ္တီမွာ ထြက္ရတဲ့ ခ်ဲလ္ဆီး

ကာရာေဘာင္းဖလား စတုတၳအဆင့္အျဖစ္ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ ဒီေန႔ပြဲမွာေတာ့ ႏွစ္သင္းစလုံး ကစားသမားေတြကို ပြဲထုတ္လာခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္ဘက္က ေနာက္ခံလူ ရက္ဂီလြန္ ပါဝင္လာသလို ခ်ဲလ္ဆီးဘက္ကေတာ့ ဂိုးသမားသစ္ မန္ဒီနဲ႔ ေနာက္ခံလူ ေခ်းလ္ဝဲလ္တုိ႔ကို ပထမဆုံး ပြဲအစကေန ကစားခြင့္အျဖစ္ အသုံးျပဳခဲ့ပါတယ္။

ေမာ္ရင္ညဳိနဲ႔ နည္းဗ်ဴဟာအတုိင္းဆုိရင္ေတာ့ အသင္းႀကီးခ်င္း ယွဥ္တဲ့အခါမွာ ဘယ္ေတာ့မွ ေဘာလုံးပုိင္ဆုိင္မွဳနဲ႔ ကစားကြက္ အသာမရႏုိင္တာကို အားလုံးသေဘာေပါက္ထားခဲ့သလိုပဲ ဒီေန႔မွာ ခ်ဲလ္ဆီးအသင္းက ေဘာလုံးကို ေျခထဲမွာ ၆၄ ရာခိုင္ႏွဳန္းအထိ ပုိင္ဆုိင္ႏိုင္ခဲ့ၿပီး အခြင့္အေရးဖန္တီးမွဳပုိင္းမွာေတာ့ စပါးစ္ဘက္က သာလြန္ခဲ့ပါတယ္။

ပထမပုိင္းမွာ ဟဒ္ဆန္-အိုဒြဳိင္းရဲ႕ လွဳပ္ရွားမွဳေတြေၾကာင့္ ခ်ဲလ္ဆီးတုိ႔ ေနရာလြတ္ေတြ ရခဲ့သလို ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ တုိက္စစ္မွဴးသစ္ တီမို ဗာနာက သူ႕ရဲ႕ ခ်ဲလ္ဆီးအတြက္ ပထမဆုံးဂိုးအျဖစ္ အက္ဇ္ပီလီေကြတာရဲ႕ အနိမ့္ေဘာကို ေနာက္ခံလူေတြၾကားထဲက ကန္သြင္းယူၿပီး ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

၄၅ မိနစ္ျပည့္ခ်ိန္မွာ ခ်ဲလ္ဆီးတုိ႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပုိင္းမွာေတာ့ စပါးစ္တုိ႔အေနနဲ႔ ေဘာလုံးရတုိင္းမွာ တရစပ္တုိက္စစ္ဆင္လာခဲ့လုိ႔ ဧည့္သည္ေတြ ခံစစ္က အေတာ္ေလး ကာကြယ္ေနခဲ့ရၿပီး ဂိုးသမားသစ္ မန္ဒီကေတာ့ သူ႕ရဲ႕ အရပ္ရွည္မွဳကို ၾကြားခ်င္တဲ့ ဟိုက္ပါပုံစံမ်ဳိး ျမင္ေတြ႕ခဲ့ရၿပီး မလိုအပ္ဘဲ အျမင့္ေဘာေတြကို ထြက္ဆြဲေနခဲ့ပါတယ္။

သူ႕အမွားကေန ခ်ဲလ္ဆီးဂိုးကို ျမစ္ဖ်ားခံေစခဲ့တဲ့ စပါးစ္ေနာက္ခံလူသစ္ ရက္ဂီလြန္ရဲ႕ တုိက္စစ္လုိက္ပါမွဳေတြ ေကာင္းမြန္ခဲ့တာကိုေတာ့ အသိအမွတ္ျပဳရမွာျဖစ္ၿပီး ဒုတိယပုိင္းမွာ ေမာ္ရင္ညဳိရဲ႕ ဟာရီကိန္းနဲ႔ လူးကပ္စ္ ေမာ္ရာတုိ႔ကို လူစားလဲခဲ့တာကေတာ့ ဒီပြဲရဲ႕ Tempo ကို ပုိျမင့္ေစခဲ့ၿပီး လမ္းပတ္ရဲ႕ လူစားလဲမွဳေတြကေတာ့ ဗ်ဴဟာမေျမာက္ခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ ရက္ဂီလြန္ရဲ႕ ညာနဲ႔ျဖတ္တင္ေပးတာက အဲရစ္ လာမီလာရဲ႕ ေရွ႕ကို ဆုိက္ဆိုက္ၿမဳိက္ၿမဳိက္ လြတ္ထြက္ၿပီး ေရာက္လာခဲ့ခ်ိန္မွာ သူ႕ေနရာသူ ရွိမေနတဲ့ လမ္းပတ္ရဲ႕ လူစားလဲမွဳ အီမာဆန္ေၾကာင့္ အာဂ်င္တီးနားသားက ေအးေအးေဆးေဆးပဲ ပိတ္သြင္းႏုိင္ခဲ့ၿပီး ေခ်ပဂိုးရယူႏုိင္ခဲ့လုိ႔ ပင္နယ္တီကန္ရမယ့္အျဖစ္ကို ေရာက္လာခဲ့ပါတယ္။

ပင္နယ္တီမွာေတာ့ စပါးစ္ဘက္က ဒိုင္ယာ၊ လာမီလာ၊ ဟြဳိင္ဘယာ့ဂ္၊ ေမာ္ရာနဲ႔ ကိန္းတုိ႔ အားလုံးဝင္ေအာင္ကန္ႏုိင္ခဲ့ၿပီး ခ်ဲလ္ဆီးဘက္ကေတာ့ ေအဘရာဟမ္၊ အက္ဇ္ပီလီေကြတာ၊ ေဂ်ာ္ဂ်င္ညဳိ၊ အီမာဆန္တုိ႔ပဲ ဝင္ခဲ့ၿပီး ေမဆန္ေမာင့္ကေတာ့ ေဘးေခ်ာ္ကန္မိခဲ့တာေၾကာင့္ ေမာ္ရင္ညဳိတုိ႔ ေအာင္ပြဲခံခဲ့ၿပီး လမ္းပတ္အတြက္ေတာ့ ဖလားတစ္လုံးလမ္းေၾကာင္းေပၚကေန ဆင္းေပးခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကာရာဘောင်းဖလား စတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီနေ့ပွဲမှာတော့ နှစ်သင်းစလုံး ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး တော့တင်ဟမ်ဟော့စပါးစ်ဘက်က နောက်ခံလူ ရက်ဂီလွန် ပါဝင်လာသလို ချဲလ်ဆီးဘက်ကတော့ ဂိုးသမားသစ် မန်ဒီနဲ့ နောက်ခံလူ ချေးလ်ဝဲလ်တို့ကို ပထမဆုံး ပွဲအစကနေ ကစားခွင့်အဖြစ် အသုံးပြုခဲ့ပါတယ်။

မော်ရင်ညိုနဲ့ နည်းဗျူဟာအတိုင်းဆိုရင်တော့ အသင်းကြီးချင်း ယှဉ်တဲ့အခါမှာ ဘယ်တော့မှ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားကွက် အသာမရနိုင်တာကို အားလုံးသဘောပေါက်ထားခဲ့သလိုပဲ ဒီနေ့မှာ ချဲလ်ဆီးအသင်းက ဘောလုံးကို ခြေထဲမှာ ၆၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီး အခွင့်အရေးဖန်တီးမှုပိုင်းမှာတော့ စပါးစ်ဘက်က သာလွန်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဟဒ်ဆန်-အိုဒွိုင်းရဲ့ လှုပ်ရှားမှုတွေကြောင့် ချဲလ်ဆီးတို့ နေရာလွတ်တွေ ရခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာတော့ တိုက်စစ်မှူးသစ် တီမို ဗာနာက သူ့ရဲ့ ချဲလ်ဆီးအတွက် ပထမဆုံးဂိုးအဖြစ် အက်ဇ်ပီလီကွေတာရဲ့ အနိမ့်ဘောကို နောက်ခံလူတွေကြားထဲက ကန်သွင်းယူပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

၄၅ မိနစ်ပြည့်ချိန်မှာ ချဲလ်ဆီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ စပါးစ်တို့အနေနဲ့ ဘောလုံးရတိုင်းမှာ တရစပ်တိုက်စစ်ဆင်လာခဲ့လို့ ဧည့်သည်တွေ ခံစစ်က အတော်လေး ကာကွယ်နေခဲ့ရပြီး ဂိုးသမားသစ် မန်ဒီကတော့ သူ့ရဲ့ အရပ်ရှည်မှုကို ကြွားချင်တဲ့ ဟိုက်ပါပုံစံမျိုး မြင်တွေ့ခဲ့ရပြီး မလိုအပ်ဘဲ အမြင့်ဘောတွေကို ထွက်ဆွဲနေခဲ့ပါတယ်။

သူ့အမှားကနေ ချဲလ်ဆီးဂိုးကို မြစ်ဖျားခံစေခဲ့တဲ့ စပါးစ်နောက်ခံလူသစ် ရက်ဂီလွန်ရဲ့ တိုက်စစ်လိုက်ပါမှုတွေ ကောင်းမွန်ခဲ့တာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပြီး ဒုတိယပိုင်းမှာ မော်ရင်ညိုရဲ့ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့ကို လူစားလဲခဲ့တာကတော့ ဒီပွဲရဲ့ Tempo ကို ပိုမြင့်စေခဲ့ပြီး လမ်းပတ်ရဲ့ လူစားလဲမှုတွေကတော့ ဗျူဟာမမြောက်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘယ်နောက်ခံလူ ရက်ဂီလွန်ရဲ့ ညာနဲ့ဖြတ်တင်ပေးတာက အဲရစ် လာမီလာရဲ့ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် လွတ်ထွက်ပြီး ရောက်လာခဲ့ချိန်မှာ သူ့နေရာသူ ရှိမနေတဲ့ လမ်းပတ်ရဲ့ လူစားလဲမှု အီမာဆန်ကြောင့် အာဂျင်တီးနားသားက အေးအေးဆေးဆေးပဲ ပိတ်သွင်းနိုင်ခဲ့ပြီး ချေပဂိုးရယူနိုင်ခဲ့လို့ ပင်နယ်တီကန်ရမယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။

ပင်နယ်တီမှာတော့ စပါးစ်ဘက်က ဒိုင်ယာ၊ လာမီလာ၊ ဟွိုင်ဘယာ့ဂ်၊ မော်ရာနဲ့ ကိန်းတို့ အားလုံးဝင်အောင်ကန်နိုင်ခဲ့ပြီး ချဲလ်ဆီးဘက်ကတော့ အေဘရာဟမ်၊ အက်ဇ်ပီလီကွေတာ၊ ဂျော်ဂျင်ညို၊ အီမာဆန်တို့ပဲ ဝင်ခဲ့ပြီး မေဆန်မောင့်ကတော့ ဘေးချော်ကန်မိခဲ့တာကြောင့် မော်ရင်ညိုတို့ အောင်ပွဲခံခဲ့ပြီး လမ်းပတ်အတွက်တော့ ဖလားတစ်လုံးလမ်းကြောင်းပေါ်ကနေ ဆင်းပေးခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.