La Liga

ရီးရဲလ်က ထွက်ရရင် ပြောင်းမယ့်နေရာကို စဉ်းစားထားပြီးဖြစ်တဲ့ ဟာဇက်

အီဒင် ဟာဇက်ဟာ ယခုလာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းက ၎င်းကို ထွက်ခွာဖို့ ပြောလာခဲ့ရင် မေဂျာလိဂ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် တောင်ပံကစားသမားဟာ ဘာနေဗျူးမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရရှိခဲ့သူဖြစ်ပြီး စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ L’Equipe ရဲ့ ဖော်ပြချက်အရ ဟာဇက်ရဲ့ ဘာနေဗျူးက အချိန်တွေဟာ အဆုံးသတ်တော့မယ်လို့ သိရပြီး ချဲလ်ဆီးဂန္တဝင်ရဲ့ အိပ်မက်ခဲ့တဲ့ အပြောင်းအရွှေ့ဟာ အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်က ဘယ်လ်ဂျီယမ်တောင်ပံကစားသမားကို ပထမအသင်းမှာ နေရာမရ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

လီလ်ကြယ်ပွင့်ဟောင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့က စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အီဒင် ဟာဇက်ဟာ အပြောင်းအရွှေ့ မပြုလုပ်ခဲ့ဘဲ ရီးရဲလ်မက်ဒရစ်အသင်းမှာသာ ဆက်နေခဲ့တာဖြစ်ပြီး အသင်းကသာ ထွက်ခွာဖို့ အချိန်တန်ပြီဆိုရင် ထွက်ခွာမှာဖြစ်တယ်လို့ မကြာသေးမီက ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖို့က မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ မိသားစုရှိပြီး ဒီမြို့ကို နှစ်သက်လို့ပါ။ ဒါပေမယ့် နွေရာသီမှာတော့ ကျွန်တော် သွားဖို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်စာချုပ်က တစ်နှစ်ကျန်သေးပြီး အဲဒါက အသင်းရဲ့ဆုံးဖြတ်ချက်ပါ”

“တကယ်လို့ အသင်းက ကျွန်တော့်ကို အီဒင်ရေ ၄ နှစ်တာကာလအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်း အခုသွားရတော့မယ်လို့ ပြောလာရင်လည်း ကျွန်တော် ဒါကို လက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက သာမန်ပဲမို့လို့ပါ။ ဒါပေမယ့် ကျွန်တော် ပိုပြီးတော့ ကစားချင်တယ်။ ကျွန်တော် ကစားနိုင်တယ်၊ ကျွန်တော်က ကစားသမားကောင်းဆိုတာကို ပိုပြီး ပြသချင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီဒင္ ဟာဇက္ဟာ ယခုလာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းက ၎ကို ထြက္ခြာဖို႔ ေျပာလာခဲ့ရင္ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ ေတာင္ပံကစားသမားဟာ ဘာေနဗ်ဴးမွာ ပုံမွန္ပြဲထြက္ကစားခြင့္ မရရွိခဲ့သူျဖစ္ၿပီး စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၂ လထဲကို ေရာက္ရွိေနသူ ျဖစ္ပါတယ္။ L’Equipe ရဲ႕ ေဖာ္ျပခ်က္အရ ဟာဇက္ရဲ႕ ဘာေနဗ်ဴးက အခ်ိန္ေတြဟာ အဆုံးသတ္ေတာ့မယ္လို႔ သိရၿပီး ခ်ဲလ္ဆီးဂႏၲဝင္ရဲ႕ အိပ္မက္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ဟာ အိပ္မက္ဆိုးအျဖစ္ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ဟာဇက္ဟာ ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္ျခင္းကို ခံခဲ့ရၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္က ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားကို ပထမအသင္းမွာ ေနရာမရ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။

လီလ္ၾကယ္ပြင့္ေဟာင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတုန္းက ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး အာဆင္နယ္နဲ႔ နယူးကာဆယ္လ္တို႔က စိတ္ဝင္စားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း အီဒင္ ဟာဇက္ဟာ အေျပာင္းအေ႐ႊ႕ မျပဳလုပ္ခဲ့ဘဲ ရီးရဲလ္မက္ဒရစ္အသင္းမွာသာ ဆက္ေနခဲ့တာျဖစ္ၿပီး အသင္းကသာ ထြက္ခြာဖို႔ အခ်ိန္တန္ၿပီဆိုရင္ ထြက္ခြာမွာျဖစ္တယ္လို႔ မၾကာေသးမီက ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာဖို႔က မျဖစ္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္မွာ မိသားစုရွိၿပီး ဒီၿမိဳ႕ကို ႏွစ္သက္လို႔ပါ။ ဒါေပမယ့္ ေႏြရာသီမွာေတာ့ ကြၽန္ေတာ္ သြားဖို႔ ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္စာခ်ဳပ္က တစ္ႏွစ္က်န္ေသးၿပီး အဲဒါက အသင္းရဲ႕ဆုံးျဖတ္ခ်က္ပါ”

“တကယ္လို႔ အသင္းက ကြၽန္ေတာ့္ကို အီဒင္ေရ ၄ ႏွစ္တာကာလအတြက္ ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ မင္း အခုသြားရေတာ့မယ္လို႔ ေျပာလာရင္လည္း ကြၽန္ေတာ္ ဒါကို လက္ခံရမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက သာမန္ပဲမို႔လို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ပိုၿပီးေတာ့ ကစားခ်င္တယ္။ ကြၽန္ေတာ္ ကစားႏိုင္တယ္၊ ကြၽန္ေတာ္က ကစားသမားေကာင္းဆိုတာကို ပိုၿပီး ျပသခ်င္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.