Analysis Premier League

အာဆင်နယ်ကွင်းမှာ ဘုန်းမောက်တို့ကို ရှုံးနိမ့်စေခဲ့တဲ့ ကိုယ့်ဘက်က တရားခံက ဘယ်သူလဲ

ဒီနေ့ပွဲကို တစ်မှတ်လောက် ရဖို့တော့ ဘုန်းမောက်တို့အနေနဲ့ စိတ်အားထက်သန်စွာနဲ့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လူငယ်နည်းပြတစ်ဦးဖြစ်တဲ့ ဂယ်ရီ အိုနီးလ်အနေနဲ့ သက်တူရွယ်တူ မီခယ်လ် အာတီတာကို တစ်နည်းတစ်လမ်းနဲ့ ဒုက္ခပေးနိုင်မယ်လို့ ထင်ခဲ့သလို တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံတော့လည်း ပွဲစကတည်းက ထိုးနှက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အမြန်ဆုံး သွင်းဂိုးစံချိန်ကို ပွဲချိန် ၉.၁၁ စက္ကန့်မှာ ရရှိခဲ့တဲ့ ဘုန်းမောက်တို့ရဲ့ အဖွင့်ဂိုးကို ညာတောင်ပံသမား ဒန်ဂို အူယက်တာရာရဲ့ ဖြတ်တင်ဘောကနေ အာဆင်နယ်ခံစစ်က မရှင်းထုတ်လိုက်နိုင်ဘဲ ထွက်လာတဲ့ ဘောလုံးကို ကွင်းလယ်လူ ဖိလစ် ဘီလင်းက အနီးကပ် ကန်သွင်းသွားခဲ့ချိန်မှာတော့ ပိတ်ကစားဖို့ ပြင်လာတဲ့ ချယ်ရီသီးတွေ အားပိုတက်သွားခဲ့တာပါ။

ဂိုးရပြီး သိပ်မကြာခင်မှာ အာဆင်နယ်ဘက်က ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် မာတင် အော်ဒီဂွါဒ်နဲ့ ဘူကာယို ဆာကာတို့ရဲ့ ဂိုးဝင်နိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်ကို ဂိုးသမား နီတိုက စိတ်ဒုက္ခပေးပြီး ကာကွယ်သွားနိုင်ခဲ့တဲ့နောက်မှာ VAR နဲ့ ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေကလည်း ကိုယ့်ဘက် ပါနေလို့ ဘုန်းမောက်တို့ ရလဒ်ကောင်းနိုင်မယ်လို့ မျှော်လင်ခဲ့ကြမှာက အသေအချာပဲဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘုန်းမောက်တို့ တတ်နိုင်သလောက် အချိန်ဆွဲကစားခဲ့ကြသလို ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၈၀ ကျော်အထိ ရယူပြီး ကွင်းတစ်ခြမ်း ဖိကစားနေတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၆၂ မိနစ်နဲ့ ၇၀ မိနစ်တွေမှာ ချေပဂိုးနှစ်ဂိုး ပေးခဲ့ရပြီးတဲ့နောက် ခံစစ်အတွက် လူစားလဲမှုတွေ ထပ်လုပ်ပြီး သရေတစ်မှတ်ရဖို့ ဦးတည်ခဲ့ကြတာပါ။

ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ သူတို့ကို ရှုံးနိမ့်စေမယ့် အလှည့်အပြောင်းက ဖြစ်ပွားခဲ့ပြီး ပွဲချိန် ၉၁ မိနစ်မှာ ဒဏ်ရာရဟန်ဆောင်ပြီး မြက်ခင်းပေါ်မှာ လှဲချခဲ့တဲ့ နောက်ခံလူ အဒမ် စမစ်ကြောင့် ပွဲက ရပ်နားခဲ့ရသလို ဒိုင်လူကြီး ခရစ္စ ကာဗန်းနားအနေနဲ့ မူလပေးထားတဲ့ အပိုဆောင်းချိန် ၆ မိနစ်ထက် အနည်းဆုံးတစ်မိနစ် ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

နာကျင်အချိန်ပိုက နားလည်မှုအရ ၇ မိနစ်ဖြစ်သွားခဲ့ချိန်မှာ နောက်ဆုံးမိနစ်ထဲ ရောက်လာခဲ့အပြီး ဇင်ချန်ကိုရဲ့ ဧရိယာအစပ်က ကန်သွင်းမှုက ထောင့်ကန်ဘောဖြစ်သွားခဲ့ချိန်မှာ ၉၆ မိနစ်နဲ့ ၃၅ စက္ကန့် ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ မာတင် အော်ဒီဂွါဒ်က ၉၆ မိနစ်၊ ၅၃ စက္ကန့်မှာ ထောင့်ကန်ဘောကို ကန်တင်ပေးခဲ့ပြီး Out of Play ဖြစ်တဲ့အထိ စောင့်ပေးရမယ့် တာဝန်က ဒိုင်လူကြီးမှာ ရှိခဲ့လို့ စောင့်ဆိုင်းခဲ့ရာမှာတော့ ၉၆ မိနစ်၊ ၅၈ စက္ကန့်မှာ ကန်လိုက်တဲ့ ဘောလုံးက ဂိုးပိုက်ထဲကို ၉၆ မိနစ်၊ ၅၉ စက္ကန့်မှာ ဝင်ရောက်သွားခဲ့ပြီး ပိုပေးခဲ့တဲ့ တစ်မိနစ်နဲ့ အာဆင်နယ်တို့ အနိုင်ရသွားခဲ့တာပါ။

အဲ့ဒီလို တစ်မိနစ် ပိုပေးအောင် လုပ်ခဲ့တဲ့ တရားခံ ဒလန်ကတော့ ပိုင်ပြီဆိုပြီး အချိန်ဆွဲဖို့ ကြိုးစားတဲ့ ဘုန်းမောက်နောက်ခံလူ အဒမ် စမစ်လို့ပဲ ကောက်ချက်ချရမှာဖြစ်ပြီး သူတို့တွေအတွက် အချိန်ဆွဲတဲ့ Plan က လုံးဝ Backfire ဖြစ်စေခဲ့သလို အာဆင်နယ်ကို အားမပေးဘဲ လှောင်ပြောင်ဖို့ စောင့်ဆိုင်းခဲ့တဲ့ ၁၉ သင်းဖန်တွေကိုပါ နာကျင်စေခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ပြဲကို တစ္မွတ္ေလာက္ ရဖို႔ေတာ့ ဘုန္းေမာက္တို႔အေနနဲ႔ စိတ္အားထက္သန္စြာနဲ႔ ျပင္ဆင္လာခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ လူငယ္နည္းျပတစ္ဦးျဖစ္တဲ့ ဂယ္ရီ အိုနီးလ္အေနနဲ႔ သက္တူ႐ြယ္တူ မီခယ္လ္ အာတီတာကို တစ္နည္းတစ္လမ္းနဲ႔ ဒုကၡေပးႏိုင္မယ္လို႔ ထင္ခဲ့သလို တကယ္တမ္း နဖူးေတြ႕ဒူးေတြ႕ ႀကဳံေတာ့လည္း ပြဲစကတည္းက ထိုးႏွက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ဒုတိယ အျမန္ဆုံး သြင္းဂိုးစံခ်ိန္ကို ပြဲခ်ိန္ ၉.၁၁ စကၠန႔္မွာ ရရွိခဲ့တဲ့ ဘုန္းေမာက္တို႔ရဲ႕ အဖြင့္ဂိုးကို ညာေတာင္ပံသမား ဒန္ဂို အူယက္တာရာရဲ႕ ျဖတ္တင္ေဘာကေန အာဆင္နယ္ခံစစ္က မရွင္းထုတ္လိုက္ႏိုင္ဘဲ ထြက္လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ ဖိလစ္ ဘီလင္းက အနီးကပ္ ကန္သြင္းသြားခဲ့ခ်ိန္မွာေတာ့ ပိတ္ကစားဖို႔ ျပင္လာတဲ့ ခ်ယ္ရီသီးေတြ အားပိုတက္သြားခဲ့တာပါ။

ဂိုးရၿပီး သိပ္မၾကာခင္မွာ အာဆင္နယ္ဘက္က ၿခိမ္းေျခာက္မႈေတြ ဆက္တိုက္လုပ္ခဲ့ေပမယ့္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဘူကာယို ဆာကာတို႔ရဲ႕ ဂိုးဝင္ႏိုင္တဲ့ အခြင့္အေရးႏွစ္ႀကိမ္ကို ဂိုးသမား နီတိုက စိတ္ဒုကၡေပးၿပီး ကာကြယ္သြားႏိုင္ခဲ့တဲ့ေနာက္မွာ VAR နဲ႔ ဒိုင္လူႀကီး ဆုံးျဖတ္ခ်က္ေတြကလည္း ကိုယ့္ဘက္ ပါေနလို႔ ဘုန္းေမာက္တို႔ ရလဒ္ေကာင္းႏိုင္မယ္လို႔ ေမွ်ာ္လင္ခဲ့ၾကမွာက အေသအခ်ာပဲျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘုန္းေမာက္တို႔ တတ္ႏိုင္သေလာက္ အခ်ိန္ဆြဲကစားခဲ့ၾကသလို ေဘာလုံးပိုင္ဆိုင္မႈ ရာခိုင္ႏႈန္း ၈၀ ေက်ာ္အထိ ရယူၿပီး ကြင္းတစ္ျခမ္း ဖိကစားေနတဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ ၆၂ မိနစ္နဲ႔ ၇၀ မိနစ္ေတြမွာ ေခ်ပဂိုးႏွစ္ဂိုး ေပးခဲ့ရၿပီးတဲ့ေနာက္ ခံစစ္အတြက္ လူစားလဲမႈေတြ ထပ္လုပ္ၿပီး သေရတစ္မွတ္ရဖို႔ ဦးတည္ခဲ့ၾကတာပါ။

ဒါေပမယ့္ နာက်င္အခ်ိန္ပိုမွာေတာ့ သူတို႔ကို ရႈံးနိမ့္ေစမယ့္ အလွည့္အေျပာင္းက ျဖစ္ပြားခဲ့ၿပီး ပြဲခ်ိန္ ၉၁ မိနစ္မွာ ဒဏ္ရာရဟန္ေဆာင္ၿပီး ျမက္ခင္းေပၚမွာ လွဲခ်ခဲ့တဲ့ ေနာက္ခံလူ အဒမ္ စမစ္ေၾကာင့္ ပြဲက ရပ္နားခဲ့ရသလို ဒိုင္လူႀကီး ခရစၥ ကာဗန္းနားအေနနဲ႔ မူလေပးထားတဲ့ အပိုေဆာင္းခ်ိန္ ၆ မိနစ္ထက္ အနည္းဆုံးတစ္မိနစ္ ထပ္ေပးဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုက နားလည္မႈအရ ၇ မိနစ္ျဖစ္သြားခဲ့ခ်ိန္မွာ ေနာက္ဆုံးမိနစ္ထဲ ေရာက္လာခဲ့အၿပီး ဇင္ခ်န္ကိုရဲ႕ ဧရိယာအစပ္က ကန္သြင္းမႈက ေထာင့္ကန္ေဘာျဖစ္သြားခဲ့ခ်ိန္မွာ ၉၆ မိနစ္နဲ႔ ၃၅ စကၠန႔္ ရွိခဲ့တာျဖစ္ပါတယ္။ ဒီကေန မာတင္ ေအာ္ဒီဂြါဒ္က ၉၆ မိနစ္၊ ၅၃ စကၠန႔္မွာ ေထာင့္ကန္ေဘာကို ကန္တင္ေပးခဲ့ၿပီး Out of Play ျဖစ္တဲ့အထိ ေစာင့္ေပးရမယ့္ တာဝန္က ဒိုင္လူႀကီးမွာ ရွိခဲ့လို႔ ေစာင့္ဆိုင္းခဲ့ရာမွာေတာ့ ၉၆ မိနစ္၊ ၅၈ စကၠန႔္မွာ ကန္လိုက္တဲ့ ေဘာလုံးက ဂိုးပိုက္ထဲကို ၉၆ မိနစ္၊ ၅၉ စကၠန႔္မွာ ဝင္ေရာက္သြားခဲ့ၿပီး ပိုေပးခဲ့တဲ့ တစ္မိနစ္နဲ႔ အာဆင္နယ္တို႔ အႏိုင္ရသြားခဲ့တာပါ။

အဲ့ဒီလို တစ္မိနစ္ ပိုေပးေအာင္ လုပ္ခဲ့တဲ့ တရားခံ ဒလန္ကေတာ့ ပိုင္ၿပီဆိုၿပီး အခ်ိန္ဆြဲဖို႔ ႀကိဳးစားတဲ့ ဘုန္းေမာက္ေနာက္ခံလူ အဒမ္ စမစ္လို႔ပဲ ေကာက္ခ်က္ခ်ရမွာျဖစ္ၿပီး သူတို႔ေတြအတြက္ အခ်ိန္ဆြဲတဲ့ Plan က လုံးဝ Backfire ျဖစ္ေစခဲ့သလို အာဆင္နယ္ကို အားမေပးဘဲ ေလွာင္ေျပာင္ဖို႔ ေစာင့္ဆိုင္းခဲ့တဲ့ ၁၉ သင္းဖန္ေတြကိုပါ နာက်င္ေစခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.