Analysis Article Premier League

ဘုန်းမောက်နဲ့ပွဲမှာ လုပ်ရဲကိုင်ရဲတဲ့ နည်းပြကောင်းအဖြစ် ချီးကျူးခံနိုင်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူ့ရဲ့ ခပ်ရဲရဲနဲ့ စွန့်စားခဲ့တဲ့ ကိစ္စရပ်တွေ အားလုံးက အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့ပြီး အရေးပါတဲ့ အလှည့်အပြောင်းတွေကိုလည်း အချိန်ကိုက် ပြုလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေက
ချီးကျူးမှုတွေကို ရရှိနိုင်ခဲ့ပါတယ်။

ဂန်းနားတို့အနေနဲ့ ပွဲပန်းနေတဲ့ ဂရာနစ် ချာကာနဲ့ ဘန်ဝှိုက်တို့ကို အနားပေးခဲ့တဲ့နောက် ကွင်းလယ်လူ ဖာဘီယို ဗီယာရာနဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုတို့ကို ပွဲထွက်ခိုင်းခဲ့ပြီး ပေါ်တူဂီသားအနေနဲ့ ကွင်းလယ်မှာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပေမယ့် တစ်သင်းလုံးနဲ့ ယှဉ်ရင် ဉာဏ်ရည်နိမ့်သလိုဖြစ်နေတဲ့ ဂျပန်သားကတော့ အသင်းကို ဟန်ချက်မညီမှုတွေပဲ ပေးစွမ်းနေခဲ့တာပါ။

ဘောလုံးထိန်းသိမ်းပုံ အချိုးမပြေခဲ့သလို ဂိုးရှေ့ကို ဖြတ်တင်ပေးရမယ့် ဘောလုံးတစ်လုံးကိုလည်း ချော်ကန်ခဲ့တဲ့ ဂျပန်သားကတော့ ဖိအားတွေကို ခံနိုင်ရည် မရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဆဲစရာဖြစ်နေခဲ့ပြီး အာတီတာကတော့ ဒုတိယပိုင်း ပြန်အစမှာ သူ့ကို ဆက်မသုံးတော့ဘဲ ဘန်ဝှိုက်နဲ့ လဲကစားဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ သောမတ်စ် ပါတေးက ချေပဂိုးတစ်ဂိုး စတင်သွင်းယူခဲ့အပြီးမှာ တိုက်စစ်မြှင့်ဖို့အတွက် ပထမပိုင်း ၂၂ မိနစ်ကမှ သူကိုယ်တိုင် ထည့်သွင်းထားခဲ့ပြီး တောင်ပံတစ်လျှောက် နောက်ချည်း ပြန်ပေးနေတဲ့ အီမီးလ် စမစ်ရိုးကို အာတီတာက လူစားလဲပစ်ခဲ့တာဖြစ်သလို ဖိအားကင်းကင်းနဲ့ ကစားနိုင်မယ့် ရီးစ် နယ်လ်ဆန်ကို ထည့်သွင်းလိုက်တာကတော့ တကယ်ကို ရဲရင့်တဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ခဲ့တာပါ။

အရန်ခုံနဲ့ ဒဏ်ရာကိုပဲ နပမ်းလုံးပြီး ရောသမမွှေနေခဲ့တဲ့ နယ်လ်ဆန်အနေနဲ့ ခြေစွမ်းမပြနိုင်ရင်တောင် ဘယ်သူမှ သူ့ကို အပြစ်တင်မှာ မဟုတ်တာက ကြီးမားတဲ့ အားသာချက်ဖြစ်ခဲ့ပြီး ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာ လူစားဝင်ပြီး တစ်မိနစ်အကြာမှာ ဖြတ်တင်မှု ပြုလုပ်ခဲ့တာက သူ့လိုပဲ လူစားဝင်ခဲ့တဲ့ ဘန်ဝှိုက်ရဲ့ ချေပဂိုးအဖြစ် ဆုံစည်းသွားခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းမှာ အမှီအခို ကင်းကင်းနဲ့ ထိုးဖောက်ရဲတဲ့ နယ်လ်ဆန်ကြောင့် အားလုံး ကစားပေါက် ချောင်လာခဲ့ပေမယ့် ငါးသေတ္တာဘူးထဲက ဆာဒင်းတွေ စီစီရီရီ ထည့်ထားသလိုမျိုး ဧရိယာထဲမှာ ပိတ်ဆို့နေကြတဲ့ ဘုန်းမောက်ခံစစ်ကြောင့် အာဆင်နယ်တို့ ဂိုးထပ်ရဖို့ ခက်နေတာကို မြင်တွေ့ခဲ့တဲ့ အာတီတာက နောက်ထပ်အပြောင်းအလဲဖြစ် ထပ်ပြီး စွန့်စားသွားခဲ့သေးတာပါ။

ဒါကတော့ ဧရိယာအပြင်မှာပဲ ပုံဖော်ဖို့ ကြိုးစားနေတဲ့ ဖာဘီယို ဗီယာရာအစား အနားပေးထားခဲ့တဲ့ ချာကာကို ထည့်သွင်းခဲ့တာဖြစ်ပြီး ဆွစ်လူမိုက်ကြီးရဲ့ ဂိုးရှေ့ကို နေရာဝင်ယူနေမှုတွေက ဂန်းနားတွေ ထိုးဖောက်ကန်သွင်းဖို့ကို တော်တော်လေး အားပေးနိုင်ခဲ့သလို ဘုန်းမောက်ခံစစ်တွေ ပိုပြီး စိုးရိမ်မှု ကြီးမားလာစေခဲ့ပါတယ်။

ကိုယ့်စားရိတ် ကိုယ်ထောင်းပြီး ကိုယ်ပြုတဲ့ကံ ကိုယ်ခံခဲ့ရတဲ့ ဘုန်းမောက်တို့ရဲ့ အချိန်ဆွဲ ကစားမှုတွေကတော့ နာကျင်အချိန်ပို ၆ မိနစ်အထိ ပေးခဲ့ရစေသလို ပွဲချိန် ၉၁ မိနစ်မှာ မြက်ခင်းပေါ် လှဲချပြီး မူယာမာယာများခဲ့တဲ့ နောက်ခံလူ အဒမ် စမစ်ကြောင့် ဒိုင်လူကြီး ခရစ္စ ကာဗန်းနားက နောက်ထပ် ထပ်ဆောင်းမိနစ်တွေ ပေးဖို့ ဆုံးဖြတ်ခဲ့ရချိန်မှာတော့ နယ်လ်ဆန်က ဧရိယာထိပ်ကနေ တိကျတဲ့ ဘယ်ခြေကန်ချက်နဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

နောက်ဆုံးမိနစ်မှာ သုံးမှတ်ရစေမယ့် ဒီဂိုးကြောင့် အားလုံးက နယ်လ်ဆန်ကို ဂုဏ်ပြုခဲ့ကြချိန်မှာ အာတီတာကလည်း သူ့ရဲ့ နည်းပြအဖွဲ့နဲ့အတူ အရန်ခုံတန်းမှာ အားပါးတရ အောင်ပွဲခံသွားခဲ့ပြီး သူ့ရဲ့ ရဲရဲရင့်ရင့် လူစားလဲမှုတွေဖြစ်တဲ့သူတွေရဲ့ အလှည့်အပြောင်းဂိုးနှစ်ဂိုးကို ရယူပေးခဲ့တာတွေကတော့ စပိန်သားကို နောက်တစ်ဆင့်မြှင့်ပြီး ချီးကျူးရစေသလို အားနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ In Match Decision နဲ့ Plan B အတွက်ပါ အမှတ်တိုးပေးလို့ ရစေခဲ့တာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဘုန္းေမာက္ကို အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ သူ႔ရဲ႕ ခပ္ရဲရဲနဲ႔ စြန႔္စားခဲ့တဲ့ ကိစၥရပ္ေတြ အားလုံးက အတိုင္းအတာတစ္ခုအထိ အက်ိဳးျပဳခဲ့ၿပီး အေရးပါတဲ့ အလွည့္အေျပာင္းေတြကိုလည္း အခ်ိန္ကိုက္ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြက
ခ်ီးက်ဴးမႈေတြကို ရရွိႏိုင္ခဲ့ပါတယ္။

ဂန္းနားတို႔အေနနဲ႔ ပြဲပန္းေနတဲ့ ဂရာနစ္ ခ်ာကာနဲ႔ ဘန္ဝႈိက္တို႔ကို အနားေပးခဲ့တဲ့ေနာက္ ကြင္းလယ္လူ ဖာဘီယို ဗီယာရာနဲ႔ ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစုတို႔ကို ပြဲထြက္ခိုင္းခဲ့ၿပီး ေပၚတူဂီသားအေနနဲ႔ ကြင္းလယ္မွာ အတိုင္းအတာတစ္ခုအထိ အလုပ္ျဖစ္ခဲ့ေပမယ့္ တစ္သင္းလုံးနဲ႔ ယွဥ္ရင္ ဉာဏ္ရည္နိမ့္သလိုျဖစ္ေနတဲ့ ဂ်ပန္သားကေတာ့ အသင္းကို ဟန္ခ်က္မညီမႈေတြပဲ ေပးစြမ္းေနခဲ့တာပါ။

ေဘာလုံးထိန္းသိမ္းပုံ အခ်ိဳးမေျပခဲ့သလို ဂိုးေရွ႕ကို ျဖတ္တင္ေပးရမယ့္ ေဘာလုံးတစ္လုံးကိုလည္း ေခ်ာ္ကန္ခဲ့တဲ့ ဂ်ပန္သားကေတာ့ ဖိအားေတြကို ခံႏိုင္ရည္ မရွိခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ဆဲစရာျဖစ္ေနခဲ့ၿပီး အာတီတာကေတာ့ ဒုတိယပိုင္း ျပန္အစမွာ သူ႔ကို ဆက္မသုံးေတာ့ဘဲ ဘန္ဝႈိက္နဲ႔ လဲကစားဖို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာ ေသာမတ္စ္ ပါေတးက ေခ်ပဂိုးတစ္ဂိုး စတင္သြင္းယူခဲ့အၿပီးမွာ တိုက္စစ္ျမႇင့္ဖို႔အတြက္ ပထမပိုင္း ၂၂ မိနစ္ကမွ သူကိုယ္တိုင္ ထည့္သြင္းထားခဲ့ၿပီး ေတာင္ပံတစ္ေလွ်ာက္ ေနာက္ခ်ည္း ျပန္ေပးေနတဲ့ အီမီးလ္ စမစ္႐ိုးကို အာတီတာက လူစားလဲပစ္ခဲ့တာျဖစ္သလို ဖိအားကင္းကင္းနဲ႔ ကစားႏိုင္မယ့္ ရီးစ္ နယ္လ္ဆန္ကို ထည့္သြင္းလိုက္တာကေတာ့ တကယ္ကို ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္ခဲ့တာပါ။

အရန္ခုံနဲ႔ ဒဏ္ရာကိုပဲ နပမ္းလုံးၿပီး ေရာသမေမႊေနခဲ့တဲ့ နယ္လ္ဆန္အေနနဲ႔ ေျခစြမ္းမျပႏိုင္ရင္ေတာင္ ဘယ္သူမွ သူ႔ကို အျပစ္တင္မွာ မဟုတ္တာက ႀကီးမားတဲ့ အားသာခ်က္ျဖစ္ခဲ့ၿပီး ဖိအားကင္းကင္းနဲ႔ ကစားႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာ လူစားဝင္ၿပီး တစ္မိနစ္အၾကာမွာ ျဖတ္တင္မႈ ျပဳလုပ္ခဲ့တာက သူ႔လိုပဲ လူစားဝင္ခဲ့တဲ့ ဘန္ဝႈိက္ရဲ႕ ေခ်ပဂိုးအျဖစ္ ဆုံစည္းသြားခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းမွာ အမွီအခို ကင္းကင္းနဲ႔ ထိုးေဖာက္ရဲတဲ့ နယ္လ္ဆန္ေၾကာင့္ အားလုံး ကစားေပါက္ ေခ်ာင္လာခဲ့ေပမယ့္ ငါးေသတၱာဘူးထဲက ဆာဒင္းေတြ စီစီရီရီ ထည့္ထားသလိုမ်ိဳး ဧရိယာထဲမွာ ပိတ္ဆို႔ေနၾကတဲ့ ဘုန္းေမာက္ခံစစ္ေၾကာင့္ အာဆင္နယ္တို႔ ဂိုးထပ္ရဖို႔ ခက္ေနတာကို ျမင္ေတြ႕ခဲ့တဲ့ အာတီတာက ေနာက္ထပ္အေျပာင္းအလဲျဖစ္ ထပ္ၿပီး စြန႔္စားသြားခဲ့ေသးတာပါ။

ဒါကေတာ့ ဧရိယာအျပင္မွာပဲ ပုံေဖာ္ဖို႔ ႀကိဳးစားေနတဲ့ ဖာဘီယို ဗီယာရာအစား အနားေပးထားခဲ့တဲ့ ခ်ာကာကို ထည့္သြင္းခဲ့တာျဖစ္ၿပီး ဆြစ္လူမိုက္ႀကီးရဲ႕ ဂိုးေရွ႕ကို ေနရာဝင္ယူေနမႈေတြက ဂန္းနားေတြ ထိုးေဖာက္ကန္သြင္းဖို႔ကို ေတာ္ေတာ္ေလး အားေပးႏိုင္ခဲ့သလို ဘုန္းေမာက္ခံစစ္ေတြ ပိုၿပီး စိုးရိမ္မႈ ႀကီးမားလာေစခဲ့ပါတယ္။

ကိုယ့္စားရိတ္ ကိုယ္ေထာင္းၿပီး ကိုယ္ျပဳတဲ့ကံ ကိုယ္ခံခဲ့ရတဲ့ ဘုန္းေမာက္တို႔ရဲ႕ အခ်ိန္ဆြဲ ကစားမႈေတြကေတာ့ နာက်င္အခ်ိန္ပို ၆ မိနစ္အထိ ေပးခဲ့ရေစသလို ပြဲခ်ိန္ ၉၁ မိနစ္မွာ ျမက္ခင္းေပၚ လွဲခ်ၿပီး မူယာမာယာမ်ားခဲ့တဲ့ ေနာက္ခံလူ အဒမ္ စမစ္ေၾကာင့္ ဒိုင္လူႀကီး ခရစၥ ကာဗန္းနားက ေနာက္ထပ္ ထပ္ေဆာင္းမိနစ္ေတြ ေပးဖို႔ ဆုံးျဖတ္ခဲ့ရခ်ိန္မွာေတာ့ နယ္လ္ဆန္က ဧရိယာထိပ္ကေန တိက်တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ ဂိုးသြင္းယူေပးႏိုင္ခဲ့တာပါ။

ေနာက္ဆုံးမိနစ္မွာ သုံးမွတ္ရေစမယ့္ ဒီဂိုးေၾကာင့္ အားလုံးက နယ္လ္ဆန္ကို ဂုဏ္ျပဳခဲ့ၾကခ်ိန္မွာ အာတီတာကလည္း သူ႔ရဲ႕ နည္းျပအဖြဲ႕နဲ႔အတူ အရန္ခုံတန္းမွာ အားပါးတရ ေအာင္ပြဲခံသြားခဲ့ၿပီး သူ႔ရဲ႕ ရဲရဲရင့္ရင့္ လူစားလဲမႈေတြျဖစ္တဲ့သူေတြရဲ႕ အလွည့္အေျပာင္းဂိုးႏွစ္ဂိုးကို ရယူေပးခဲ့တာေတြကေတာ့ စပိန္သားကို ေနာက္တစ္ဆင့္ျမႇင့္ၿပီး ခ်ီးက်ဴးရေစသလို အားနည္းတယ္လို႔ ေဝဖန္ခံေနရတဲ့ In Match Decision နဲ႔ Plan B အတြက္ပါ အမွတ္တိုးေပးလို႔ ရေစခဲ့တာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.