La Liga

ကျိန်းသေဝင်မယ့်အလုံးကို ပိတ်ဆို့မိလို့ အသင်းဖော်တွေ ပေါက်ကွဲတာခံခဲ့ရတဲ့ ဘာဆာကြယ်ပွင့်

ဘာစီလိုနာကစားသမားတွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကျိန်းသေပေါက် ဝင်မယ့်အလုံးကို အန်ဆူ ဖာတီက ပိတ်ဆို့မိခဲ့ပြီးနောက် ၎င်းတို့ရဲ့ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ဖြစ်ခဲ့ကြပါတယ်။

ကြာသပတေးနေ့ညမှာ ဘာစီလိုနာဟာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အီဒါ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိတဲ့ဂိုးကြောင့် ဇာဗီရဲ့အသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ နူးကမ့်မှာ ပြန်လည် လက်ခံယှဉ်ပြိုင်ရာမှာ ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခွင့် ရရှိခဲ့တာဖြစ်ပြီး အန်ဆူ ဖာတီသာ ဘောလုံးလမ်းကြောင်းထဲမှာ ရှိမနေခဲ့ရင် ဇာဗီရဲ့အသင်းက ဒုတိယအကျော့ကို ၂ ဂိုးအသာစီးနဲ့ ကစားခွင့်ရရှိခဲ့မှာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၇၁ မိနစ်ရှိနေချိန်မှာ ဘာစီလိုနာအသင်းဟာ အလွန်ကောင်းမွန်တဲ့ ရွေ့လျားမှုအချို့ ပြုလုပ်နိုင်ခဲ့ပြီး ဖာရန် တောရက်စ် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးဟာ ဖရန့်ခ် ကက်ဆီရဲ့ လမ်းကြောင်းထဲကို ကွက်တိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းရဲ့ ကန်ချက်ဟာ ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ် ထွက်သွားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘောလုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အန်ဆူ ဖာတီကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

ကက်ဆီနဲ့ အသင်းဖော် ဇာဗီတို့ဟာ ဖြစ်သွားခဲ့တာကို ကိုယ့်မျက်စိကိုယ်မယုံနိုင် ဖြစ်ခဲ့ကြပြီး စိတ်ပျက်မှုကိုလည်း မဖုံးကွယ်နိုင် ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန့်ခ် ကက်ဆီဟာ ၎င်းရဲ့ ခေါင်းကို လက်နဲ့ ကိုင်ပြီး ဂိုးကန်သွင်းခဲ့တဲ့ လမ်းကြောင်းပေါ်က အန်ဆူ ဖာတီအနေနဲ့ ဘောလုံးကို ရှောင်နိုင်ခဲ့သင့်တယ်ဆိုတဲ့ပုံစံမျိုး ပြုလုပ်ပြခဲ့ပုံ ပေါ်ပါတယ်။

ဂါဗီကလည်း လက်တွေကို လေထဲမှာ မြှောက်ပြီး စိတ်ပျက်ဒေါသထွက်မှုကို ပြသခဲ့ပေမယ့်လည်း ဖာတီအတွက် ကံကောင်းသွားတာက ဘာစီလိုနာအသင်းဟာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ၎င်းရဲ့ ကြားဝင်ပိတ်ဆို့မိခဲ့မှုက အသင်းကို ဒုက္ခမရောက်စေခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကလည်း အန်ဆူ ဖာတီရဲ့ ပိတ်ဆို့မှုကို လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ကြပြီး “ဂါဗီတောင်မှ ဝှက်သယ်ဖတ် ဘရိုဆိုတဲ့ပုံစံမျိုး ဖြစ်သွားခဲ့တယ်”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “အနည်းဆုံး သူ ခုန်တာလေးတောင် မလုပ်ခဲ့ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာကစားသမားေတြဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ က်ိန္းေသေပါက္ ဝင္မယ့္အလုံးကို အန္ဆူ ဖာတီက ပိတ္ဆို႔မိခဲ့ၿပီးေနာက္ ၎တို႔ရဲ႕ စိတ္ပ်က္မႈကို မဖုံးကြယ္ႏိုင္ျဖစ္ခဲ့ၾကပါတယ္။

ၾကာသပေတးေန႔ညမွာ ဘာစီလိုနာဟာ ခါးသီးၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကို ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ အီဒါ မီလီတာအိုရဲ႕ ကိုယ့္ဂိုးကိုယ္ ျပန္သြင္းမိတဲ့ဂိုးေၾကာင့္ ဇာဗီရဲ႕အသင္းက ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ ႏူးကမ့္မွာ ျပန္လည္ လက္ခံယွဥ္ၿပိဳင္ရာမွာ ၂ ဂိုး အသာနဲ႔ ဦးေဆာင္ႏိုင္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး အန္ဆူ ဖာတီသာ ေဘာလုံးလမ္းေၾကာင္းထဲမွာ ရွိမေနခဲ့ရင္ ဇာဗီရဲ႕အသင္းက ဒုတိယအေက်ာ့ကို ၂ ဂိုးအသာစီးနဲ႔ ကစားခြင့္ရရွိခဲ့မွာ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၇၁ မိနစ္ရွိေနခ်ိန္မွာ ဘာစီလိုနာအသင္းဟာ အလြန္ေကာင္းမြန္တဲ့ ေ႐ြ႕လ်ားမႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဖာရန္ ေတာရက္စ္ ျပန္ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးဟာ ဖရန႔္ခ္ ကက္ဆီရဲ႕ လမ္းေၾကာင္းထဲကို ကြက္တိ ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။ ေအစီမီလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းရဲ႕ ကန္ခ်က္ဟာ ဂိုးေပါက္ထဲကို တန္းတန္းမတ္မတ္ ထြက္သြားခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ေဘာလုံးလမ္းေၾကာင္းေပၚမွာ ရွိေနတဲ့ အန္ဆူ ဖာတီကို ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။

ကက္ဆီနဲ႔ အသင္းေဖာ္ ဇာဗီတို႔ဟာ ျဖစ္သြားခဲ့တာကို ကိုယ့္မ်က္စိကိုယ္မယုံႏိုင္ ျဖစ္ခဲ့ၾကၿပီး စိတ္ပ်က္မႈကိုလည္း မဖုံးကြယ္ႏိုင္ ျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဘာစီလိုနာကြင္းလယ္ကစားသမား ဖရန႔္ခ္ ကက္ဆီဟာ ၎ရဲ႕ ေခါင္းကို လက္နဲ႔ ကိုင္ၿပီး ဂိုးကန္သြင္းခဲ့တဲ့ လမ္းေၾကာင္းေပၚက အန္ဆူ ဖာတီအေနနဲ႔ ေဘာလုံးကို ေရွာင္ႏိုင္ခဲ့သင့္တယ္ဆိုတဲ့ပုံစံမ်ိဳး ျပဳလုပ္ျပခဲ့ပုံ ေပၚပါတယ္။

ဂါဗီကလည္း လက္ေတြကို ေလထဲမွာ ေျမႇာက္ၿပီး စိတ္ပ်က္ေဒါသထြက္မႈကို ျပသခဲ့ေပမယ့္လည္း ဖာတီအတြက္ ကံေကာင္းသြားတာက ဘာစီလိုနာအသင္းဟာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ ၎ရဲ႕ ၾကားဝင္ပိတ္ဆို႔မိခဲ့မႈက အသင္းကို ဒုကၡမေရာက္ေစခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကလည္း အန္ဆူ ဖာတီရဲ႕ ပိတ္ဆို႔မႈကို လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္ခဲ့ၾကၿပီး “ဂါဗီေတာင္မွ ဝွက္သယ္ဖတ္ ဘ႐ိုဆိုတဲ့ပုံစံမ်ိဳး ျဖစ္သြားခဲ့တယ္”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း “အနည္းဆုံး သူ ခုန္တာေလးေတာင္ မလုပ္ခဲ့ဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.