La Liga Match Report

ဘာစီလိုနာနဲ့မတူတဲ့ ဘာစီလိုနာရဲ့ ရီးရဲလ်ကို ကျော်ဖြတ်ခဲ့တဲ့ ကလာစီကိုအောင်ပွဲ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ မားကို့စ် အလွန်ဆို၊ ကွန်ဒီ၊ အာရူဟိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ကက်ဆီယေးနဲ့ ဒီယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ ဖယ်ရန် တောရက်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ရူဒီဂါ၊ အယ်ဒါ မီလီတို၊ ကာဗာဟယ်လ်နဲ့ နာချို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ တိုနီ ခရူးစ်နဲ့ ကာမာဗင်ဂါတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ကစားစေခဲ့တာပါ။

ဒီနှစ်သင်းတွေ့ရင် ဘာစီလိုနာတို့က ဘောလုံးကိုင်ကစားတတ်ပြီး ရီးရဲလ်တို့ကတော့ အမြန်ပေးစနစ်နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း ထိုးဖောက်တတ်တာကို ပရိသတ်တွေ သိထားခဲ့ကြပေမယ့် ဒီနေ့မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်ခဲ့ပြီး ကာတာလန်သားတွေက ခံစစ်မှာပဲ ပိတ်ကစားခဲ့သလို မက်ဒရစ်သားတွေက ဘောလုံးကိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ရီးရဲလ်တို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘင်ဇီးမား လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ဒီလိုမျိုး အမှတ်မထင် လွတ်ထွက်တတ်တဲ့ ဘောလုံးမျိုးကလွဲလို့ ဘာစီလိုနာတို့အနေနဲ့ ခံစစ်မှာ စုစည်းမှုအပြည့်နဲ့ ကာကွယ်သွားခဲ့ကြသလို ဘူးစ်ကွက်စ်နဲ့ ကက်ဆီယေးတို့ရဲ့ ဖျက်အားက အိမ်ရှင်တွေ ဂိုးပေါက်တစ်ကြိမ်မှ မတည့်အောင် ဗျူဟာမြောက်ကစားနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၂၆ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းမှာ ထိုးဖောက်လာခဲ့တဲ့ ဖယ်ရန် တောရက်စ်က ထိုးပေးတာကို လူမကျွံဘဲ ပြေးဝင်နိုင်ခဲ့တဲ့ ကက်ဆီယေးရဲ့ ကန်ချက်က ဂိုးသမား ကူတွာနဲ့ထိပြီး ပြန်ထွက်အလာမှာ နောက်က ပြေးဝင်လာတဲ့ မီလီတိုနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ ရီးရဲလ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဧရိယာထဲမှာ အပိုင်ဖန်တီးနိုင်မှုတွေကလည်း နည်းနေခဲ့ပြီး အပြင်ကနေပဲ လှမ်းကန်နေခဲ့ရတဲ့အထဲမှာ တစ်ကြိမ်မှ ဂိုးမပေါက်မတည့်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရပြီး ဘာစီလိုနာတို့က ဘာနေဗျူးဟာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာလည်း ရီးရဲလ်တို့ပဲ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် ဧရိယာထဲမှာ လူအပြည့်ရှိနေတဲ့ ဘာစီလိုနာတို့ကို ထိုးနှက်ဖို့ ခက်နေခဲ့သလို မိုဒရစ်ချ်တို့ကအစ ဖန်တီးပေးဖို့ တိုင်ပတ်နေခဲ့ချိန်မှာ ဧရိယာအပြင်ကပဲ လှမ်းကန်နေခဲ့ကြရပြီး ရမလားဆိုပြီး ပင်နယ်တီ တောင်းခဲ့တာတွေကလည်း တစ်ခါမှ လက်မထိဘဲ တောင်းမိတာဖြစ်နေခဲ့လို့ အိမ်ရှင်တွေ မျက်နှာပူစရာဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာတို့ဘက်က ရာဖင်ညာအစား အန်ဆူ ဖာတီကို လဲခဲ့သလို ရီးရဲလ်တို့ကတော့ နာချိုအစား ရိုဒရီဂိုကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ ဘာစီလိုနာတို့ ပွဲသိမ်းပေးလိုက်နိုင်တဲ့ အခွင့်အရေးကို ရရှိခဲ့ပေမယ့် ကက်ဆီယေး ကန်တာကို ဂိုးသမား အဆင်သင့်ရှိမနေတဲ့ ဂိုးပေါက်ထဲကို သွားတဲ့ ဘောလုံးက လမ်းမှာရှိနေတဲ့ အန်ဆူ ဖာတီနဲ့ ထိထွက်ခဲ့လို့ ဧည့်သည်တွေ နစ်နာခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ရီးရဲလ်တို့ဘက်က ခရူးစ်နဲ့ မိုဒရစ်ချ်တို့အစား ချွာမင်နီနဲ့ အယ်လ်ဗာရိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ရေပက်မဝင်အောင် လုံခြုံနေပြီး ဘာစီလိုနာနဲ့တောင် မတူဘူးလို့ ပြောရမယ့် ခံစစ်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့လို့ ပထမအကျော့ ပွဲချိန်အပြည့်မှာတော့ ဘာနေဗျူးမှာ ကာတာလန်သားတွေ အနိုင်ရပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ မားကို႔စ္ အလြန္ဆို၊ ကြန္ဒီ၊ အာ႐ူဟိုနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ကက္ဆီေယးနဲ႔ ဒီယုံးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဂါဗီနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ႐ူဒီဂါ၊ အယ္ဒါ မီလီတို၊ ကာဗာဟယ္လ္နဲ႔ နာခ်ိဳ ဖာနန္ဒက္ဇ္တို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ တိုနီ ခ႐ူးစ္နဲ႔ ကာမာဗင္ဂါတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို ကစားေစခဲ့တာပါ။

ဒီႏွစ္သင္းေတြ႕ရင္ ဘာစီလိုနာတို႔က ေဘာလုံးကိုင္ကစားတတ္ၿပီး ရီးရဲလ္တို႔ကေတာ့ အျမန္ေပးစနစ္နဲ႔ ဝုန္းဝုန္းဒိုင္းဒိုင္း ထိုးေဖာက္တတ္တာကို ပရိသတ္ေတြ သိထားခဲ့ၾကေပမယ့္ ဒီေန႔မွာေတာ့ အရာအားလုံးက ေျပာင္းျပန္ျဖစ္ခဲ့ၿပီး ကာတာလန္သားေတြက ခံစစ္မွာပဲ ပိတ္ကစားခဲ့သလို မက္ဒရစ္သားေတြက ေဘာလုံးကိုင္ကစားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ရီးရဲလ္တို႔ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဘင္ဇီးမား လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ဒီလိုမ်ိဳး အမွတ္မထင္ လြတ္ထြက္တတ္တဲ့ ေဘာလုံးမ်ိဳးကလြဲလို႔ ဘာစီလိုနာတို႔အေနနဲ႔ ခံစစ္မွာ စုစည္းမႈအျပည့္နဲ႔ ကာကြယ္သြားခဲ့ၾကသလို ဘူးစ္ကြက္စ္နဲ႔ ကက္ဆီေယးတို႔ရဲ႕ ဖ်က္အားက အိမ္ရွင္ေတြ ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ေအာင္ ဗ်ဴဟာေျမာက္ကစားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာ ဘာစီလိုနာတို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းမွာ ထိုးေဖာက္လာခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က ထိုးေပးတာကို လူမကြၽံဘဲ ေျပးဝင္ႏိုင္ခဲ့တဲ့ ကက္ဆီေယးရဲ႕ ကန္ခ်က္က ဂိုးသမား ကူတြာနဲ႔ထိၿပီး ျပန္ထြက္အလာမွာ ေနာက္က ေျပးဝင္လာတဲ့ မီလီတိုနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ ရီးရဲလ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဧရိယာထဲမွာ အပိုင္ဖန္တီးႏိုင္မႈေတြကလည္း နည္းေနခဲ့ၿပီး အျပင္ကေနပဲ လွမ္းကန္ေနခဲ့ရတဲ့အထဲမွာ တစ္ႀကိမ္မွ ဂိုးမေပါက္မတည့္ခဲ့တာေၾကာင့္ ေခ်ပဂိုးနဲ႔ ေဝးေနခဲ့ရၿပီး ဘာစီလိုနာတို႔က ဘာေနဗ်ဴးဟာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာလည္း ရီးရဲလ္တို႔ပဲ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့ေပမယ့္ ဧရိယာထဲမွာ လူအျပည့္ရွိေနတဲ့ ဘာစီလိုနာတို႔ကို ထိုးႏွက္ဖို႔ ခက္ေနခဲ့သလို မိုဒရစ္ခ်္တို႔ကအစ ဖန္တီးေပးဖို႔ တိုင္ပတ္ေနခဲ့ခ်ိန္မွာ ဧရိယာအျပင္ကပဲ လွမ္းကန္ေနခဲ့ၾကရၿပီး ရမလားဆိုၿပီး ပင္နယ္တီ ေတာင္းခဲ့တာေတြကလည္း တစ္ခါမွ လက္မထိဘဲ ေတာင္းမိတာျဖစ္ေနခဲ့လို႔ အိမ္ရွင္ေတြ မ်က္ႏွာပူစရာျဖစ္ခဲ့ရပါတယ္။

ဘာစီလိုနာတို႔ဘက္က ရာဖင္ညာအစား အန္ဆူ ဖာတီကို လဲခဲ့သလို ရီးရဲလ္တို႔ကေတာ့ နာခ်ိဳအစား ႐ိုဒရီဂိုကို ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာ ဘာစီလိုနာတို႔ ပြဲသိမ္းေပးလိုက္ႏိုင္တဲ့ အခြင့္အေရးကို ရရွိခဲ့ေပမယ့္ ကက္ဆီေယး ကန္တာကို ဂိုးသမား အဆင္သင့္ရွိမေနတဲ့ ဂိုးေပါက္ထဲကို သြားတဲ့ ေဘာလုံးက လမ္းမွာရွိေနတဲ့ အန္ဆူ ဖာတီနဲ႔ ထိထြက္ခဲ့လို႔ ဧည့္သည္ေတြ နစ္နာခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ရီးရဲလ္တို႔ဘက္က ခ႐ူးစ္နဲ႔ မိုဒရစ္ခ်္တို႔အစား ခြၽာမင္နီနဲ႔ အယ္လ္ဗာ႐ိုတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ေရပက္မဝင္ေအာင္ လုံၿခဳံေနၿပီး ဘာစီလိုနာနဲ႔ေတာင္ မတူဘူးလို႔ ေျပာရမယ့္ ခံစစ္က အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမအေက်ာ့ ပြဲခ်ိန္အျပည့္မွာေတာ့ ဘာေနဗ်ဴးမွာ ကာတာလန္သားေတြ အႏိုင္ရၿပီး ဒုတိယအေက်ာ့အတြက္ အေျခအေနေကာင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.