Premier League

အိုးထရက်ဖို့ဒ်ကို မရမကပြောင်းနိုင်ဖို့ လေ့ကျင့်ရေးမှာ အသင်းဖော်နဲ့ ရန်ဖြစ်ခဲ့တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့မီ အိုင်းယက်စ်အသင်းဖော်ဟောင်းတွေထဲက တစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီဟာ ဒတ်ချ်လိဂ်မှာ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အိုင်းယက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တောင်ပံကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ အိုင်းယက်စ်အသင်းရဲ့ အရေးကြီးတဲ့အသင်းသားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး စုစုပေါင်း ၃၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၂ ဂိုး ပါဝင်ပတ်သက်ပေးခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီအပြင် မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဆန်ဒရို မာတီနက်ဇ်၊ ကာစီမီရို၊ ခရစ်ရှန် အဲရစ်ဆင်၊ တိုင်ရဲလ် မာလာစီယာတို့လို ကစားသမားတွေကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ESPN ဂျာနယ်လစ် ရော့ဘ် ဒေါ်ဆင်က The United Stand ကို စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီကစားသမားသစ်ခေါ်ယူမှုတွေအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီကစားသမားတွေ အားလုံးကို ခေါ်ယူခဲ့တယ်။ ဘာလု့ိ့လဲဆိုတော့ သူတို့တွေအားလုံးက ကွင်းထဲမှာ ဖြစ်နေတဲ့အရာအားလုံးကိုလည်း ယူဆောင်လာလို့ပါ။ ခင်ဗျား ဂျွန် မားတပ်ဖ်လိုမျိုး လူနဲ့ သူ့ရဲ့ ကစားသမားသစ်စုဆောင်းရေးဌာနက လူတွေနဲ့ စကားပြောရင် သူက သူ့ဘာသာပြောသလိုနဲ့ ကစားသမားတွေက ဘောလုံးသမားဖြစ်နေရုံပဲ မဟုတ်ဘူးလို့ ပြောလိမ့်မယ်။ သူတို့တွေက လီဆန်ဒရို မာတီနက်ဇ်က အိုင်းယက်စ်က အခန်းထဲကို ဝင်လာပြီး ‘ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို သွားတော့မယ်’လို့ ပြောခဲ့တာကို သဘောကျခဲ့ကြတယ်”

“သူတို့တွေက ‘ဟင့်အင်း မင်း မသွားရပါဘူး’ဆိုတဲ့ပုံစံမျိုး ဖြစ်သွားကြတယ်။ သူကလည်း ‘ဟုတ်တယ် ကျွန်တော် သွားမှာ။ နောက်မှ တွေ့ကြမယ်။ ကျွန်တော် သူတို့အတွက် ကစားပေးချင်တယ်’ဆိုပြီး ပြန်ပြောခဲ့တယ်။ သူတို့တွေက ဘရန့်တ်ဖို့ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတောင် ကာစီမီရိုက ဖုန်းဆက်ပြီး ‘ကျွန်တော် လာချင်နေတုန်းပဲ။ အဆင်ပြေပါတယ်။ ကျွန်တော် ဒီဟာကို ပြင်ဆင်ပေးမယ်’လို့ ပြောခဲ့တာကို နှစ်သက်ခဲ့ကြတယ်။ သူတို့တွေက အန်တိုနီက အိုင်းယက်စ်က တစ်စုံယောက်နဲ့ စကားများပြီး ‘ခင်ဗျား ကျွန်တော့်ကို ထွက်ခွင့်ပေးရမယ်။ ကျွန်တော် တကယ်သွားချင်နေတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးချင်နေတယ်’ဆိုပြီး ဖြစ်ခဲ့တာကို သဘောကျကျတယ်”

“ဒါက သူတို့တွေ ဒီလို ကစားသမားသစ်တွေဆီကနေ လိုချင်တဲ့ စိတ်ဓာတ်နဲ့ စိတ်ဆန္ဒမျိုးပဲ။ အဲဒါကို ခင်ဗျား အခု ကွင်းထဲမှာ မြင်နိုင်ပါတယ်။အဲဒါက အဲရစ် တန်ဟက် ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တဲ့ဟာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို မေျပာင္းေ႐ႊ႕မီ အိုင္းယက္စ္အသင္းေဖာ္ေဟာင္းေတြထဲက တစ္ဦးနဲ႔ ခိုက္ရန္ျဖစ္ပြားမႈမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အန္တိုနီဟာ ဒတ္ခ်္လိဂ္မွာ အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ အိုင္းယက္စ္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို ေပါင္ ၈၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီ အိုင္းယက္စ္အသင္းရဲ႕ အေရးႀကီးတဲ့အသင္းသားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး စုစုေပါင္း ၃၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၂ ဂိုး ပါဝင္ပတ္သက္ေပးခဲ့တာ ျဖစ္ပါတယ္။

အန္တိုနီအျပင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လီဆန္ဒ႐ို မာတီနက္ဇ္၊ ကာစီမီ႐ို၊ ခရစ္ရွန္ အဲရစ္ဆင္၊ တိုင္ရဲလ္ မာလာစီယာတို႔လို ကစားသမားေတြကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ESPN ဂ်ာနယ္လစ္ ေရာ့ဘ္ ေဒၚဆင္က The United Stand ကို စကားေျပာဆိုရာမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေႏြရာသီကစားသမားသစ္ေခၚယူမႈေတြအေပၚ ၎ရဲ႕ ထင္ျမင္ခ်က္ကို မွ်ေဝေပးခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီကစားသမားေတြ အားလုံးကို ေခၚယူခဲ့တယ္။ ဘာလု႔ိ့လဲဆိုေတာ့ သူတို႔ေတြအားလုံးက ကြင္းထဲမွာ ျဖစ္ေနတဲ့အရာအားလုံးကိုလည္း ယူေဆာင္လာလို႔ပါ။ ခင္ဗ်ား ဂြၽန္ မားတပ္ဖ္လိုမ်ိဳး လူနဲ႔ သူ႔ရဲ႕ ကစားသမားသစ္စုေဆာင္းေရးဌာနက လူေတြနဲ႔ စကားေျပာရင္ သူက သူ႔ဘာသာေျပာသလိုနဲ႔ ကစားသမားေတြက ေဘာလုံးသမားျဖစ္ေန႐ုံပဲ မဟုတ္ဘူးလို႔ ေျပာလိမ့္မယ္။ သူတို႔ေတြက လီဆန္ဒ႐ို မာတီနက္ဇ္က အိုင္းယက္စ္က အခန္းထဲကို ဝင္လာၿပီး ‘ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို သြားေတာ့မယ္’လို႔ ေျပာခဲ့တာကို သေဘာက်ခဲ့ၾကတယ္”

“သူတို႔ေတြက ‘ဟင့္အင္း မင္း မသြားရပါဘူး’ဆိုတဲ့ပုံစံမ်ိဳး ျဖစ္သြားၾကတယ္။ သူကလည္း ‘ဟုတ္တယ္ ကြၽန္ေတာ္ သြားမွာ။ ေနာက္မွ ေတြ႕ၾကမယ္။ ကြၽန္ေတာ္ သူတို႔အတြက္ ကစားေပးခ်င္တယ္’ဆိုၿပီး ျပန္ေျပာခဲ့တယ္။ သူတို႔ေတြက ဘရန႔္တ္ဖို႔ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာေတာင္ ကာစီမီ႐ိုက ဖုန္းဆက္ၿပီး ‘ကြၽန္ေတာ္ လာခ်င္ေနတုန္းပဲ။ အဆင္ေျပပါတယ္။ ကြၽန္ေတာ္ ဒီဟာကို ျပင္ဆင္ေပးမယ္’လို႔ ေျပာခဲ့တာကို ႏွစ္သက္ခဲ့ၾကတယ္။ သူတို႔ေတြက အန္တိုနီက အိုင္းယက္စ္က တစ္စုံေယာက္နဲ႔ စကားမ်ားၿပီး ‘ခင္ဗ်ား ကြၽန္ေတာ့္ကို ထြက္ခြင့္ေပးရမယ္။ ကြၽန္ေတာ္ တကယ္သြားခ်င္ေနတယ္။ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးခ်င္ေနတယ္’ဆိုၿပီး ျဖစ္ခဲ့တာကို သေဘာက်က်တယ္”

“ဒါက သူတို႔ေတြ ဒီလို ကစားသမားသစ္ေတြဆီကေန လိုခ်င္တဲ့ စိတ္ဓာတ္နဲ႔ စိတ္ဆႏၵမ်ိဳးပဲ။ အဲဒါကို ခင္ဗ်ား အခု ကြင္းထဲမွာ ျမင္ႏိုင္ပါတယ္။အဲဒါက အဲရစ္ တန္ဟက္ ကြၽန္ေတာ္တို႔အတြက္ လုပ္ေပးခဲ့တဲ့ဟာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.