Ligue1

တနင်္လာနေ့ဆုပေးပွဲမတိုင်မီ ပေါက်ကြားလာတဲ့ ဖီဖာရဲ့ The Best ဆုရှင်

ဖီဖာရဲ့ အကောင်းဆုံး အမျိုးသားကစားသမားဆု ရရှိတဲ့ အနိုင်ရရှိသူဟာ တနင်္လာနေ့ တရားဝင် ကျင်းပပြုလုပ်သွားမယ့် ဆုပေးပွဲမတိုင်ခင် ပေါက်ကြားလာပုံပေါ်ပါတယ်။

ဖီဖာရဲ့ The Best ဆုပေးပွဲကို ပဲရစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆန်ခါတင်စာရင်းထဲမှာ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေ၊ ဘန်ဇီးမား၊ ဟာလန်း၊ လီဗန်ဒေါ့ဗ်စကီး၊ ဒီဘရိုင်းနားတို့လို ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ်အတွက် The Best ဆုရှင်ဟာ ဆုံးဖြတ်ထားပြီးသားဖြစ်ပုံပေါ်ပြီး ဂျာနယ်လစ် ဖရန်ဆက် အဂီလာက လီယွန်နယ် မက်ဆီက အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာနယ်လစ်က မက်ဆီရဲ့ အနိုင်ရရှိမှုက ဘလွန်ဒေါဆုကို ကာရင် ဘန်ဇီးမား ပထမဆုံး ရရှိခဲ့တဲ့ ဆုပေးပွဲမှာ အာဂျင်တီးနားကြယ်ပွင့်က ဆန်ခါတင်စာရင်းတောင် မပါဝင်ခဲ့တဲ့နောက် France Football နဲ့ L’Equipe တို့ကို သတင်းစကားပေးပို့မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လီယွန်နယ် မက်ဆီက The Best ဆုရှင်ပဲ။ တနင်္လာနေ့မှာ ဖီဖာက ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းထဲမှာတောင် လီယို မက်ဆီကို မထည့်ခဲ့တဲ့ L’Equipe နဲ့ France Football တို့ကို သတိပေးပါလိမ့်မယ်။ အဲဒီထက် ပိုပြီးဆိုးတာက ဖီဖာက The Best ဆုပေးပွဲကို ပဲရစ်မှာလုပ်မှာ”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အဂီလာရဲ့ သတင်းအချက်အလက်သာ မမှားခဲ့ဘူးဆိုရင် လီယွန်နယ် မက်ဆီဟာ ၂၀၁၉ ခုနှစ်တုန်းက ဖီဖာရဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့ပြီးနောက် ဒုတိယအကြိမ် ဆုရရှိသွားမှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကာတာမှာ အာဂျင်တီးနားအသင်းကို ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဘောလုံးလောကရဲ့ ရရှိနိုင်သမျှ အဓိကဆုဖလားတွေအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာရဲ႕ အေကာင္းဆုံး အမ်ိဳးသားကစားသမားဆု ရရွိတဲ့ အႏိုင္ရရွိသူဟာ တနလၤာေန႔ တရားဝင္ က်င္းပျပဳလုပ္သြားမယ့္ ဆုေပးပြဲမတိုင္ခင္ ေပါက္ၾကားလာပုံေပၚပါတယ္။

ဖီဖာရဲ႕ The Best ဆုေပးပြဲကို ပဲရစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဆန္ခါတင္စာရင္းထဲမွာ လီယြန္နယ္ မက္ဆီ၊ အမ္ဘာေပ၊ ဘန္ဇီးမား၊ ဟာလန္း၊ လီဗန္ေဒါ့ဗ္စကီး၊ ဒီဘ႐ိုင္းနားတို႔လို ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၂၂ ခုႏွစ္အတြက္ The Best ဆုရွင္ဟာ ဆုံးျဖတ္ထားၿပီးသားျဖစ္ပုံေပၚၿပီး ဂ်ာနယ္လစ္ ဖရန္ဆက္ အဂီလာက လီယြန္နယ္ မက္ဆီက အေကာင္းဆုံး အမ်ိဳးသား ကစားသမားဆုကို ဆြတ္ခူးသြားလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ာနယ္လစ္က မက္ဆီရဲ႕ အႏိုင္ရရွိမႈက ဘလြန္ေဒါဆုကို ကာရင္ ဘန္ဇီးမား ပထမဆုံး ရရွိခဲ့တဲ့ ဆုေပးပြဲမွာ အာဂ်င္တီးနားၾကယ္ပြင့္က ဆန္ခါတင္စာရင္းေတာင္ မပါဝင္ခဲ့တဲ့ေနာက္ France Football နဲ႔ L’Equipe တို႔ကို သတင္းစကားေပးပို႔မႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“လီယြန္နယ္ မက္ဆီက The Best ဆုရွင္ပဲ။ တနလၤာေန႔မွာ ဖီဖာက ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာေတာင္ လီယို မက္ဆီကို မထည့္ခဲ့တဲ့ L’Equipe နဲ႔ France Football တို႔ကို သတိေပးပါလိမ့္မယ္။ အဲဒီထက္ ပိုၿပီးဆိုးတာက ဖီဖာက The Best ဆုေပးပြဲကို ပဲရစ္မွာလုပ္မွာ”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

အဂီလာရဲ႕ သတင္းအခ်က္အလက္သာ မမွားခဲ့ဘူးဆိုရင္ လီယြန္နယ္ မက္ဆီဟာ ၂၀၁၉ ခုႏွစ္တုန္းက ဖီဖာရဲ႕ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ ဒုတိယအႀကိမ္ ဆုရရွိသြားမွာ ျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ကာတာမွာ အာဂ်င္တီးနားအသင္းကို ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ကမာၻ႔ဖလားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ေဘာလုံးေလာကရဲ႕ ရရွိႏိုင္သမွ် အဓိကဆုဖလားေတြအားလုံးကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.