UCL&UEL

လီဗာပူးလ်ပရိသတ်တွေရဲ့ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုမှုပါ ရရှိခဲ့တဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာ မိုဒရစ်ဟာ လီဗာပူးလ်ကို ၅-၂ နဲ့ ချန်ပီယံလိဂ်မှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အန်းဖီးကွင်းထဲက လီဗာပူးလ်ပရိသတ်တွေအားလုံးရဲ့ မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

ကာလို အန်ချယ်လော့တီရဲ့အသင်းဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂါနေ့ညနေမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် သေချာစေမယ့် သွင်းဂိုးတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဝင် နူးညက်ဇ်နဲ့ မိုဟာမက် ဆာလားတို့ရဲ့ အစောပိုင်း သွင်းဂိုးတွေကို ဗင်နီးရှပ်စ် ဂျူနီယာက ပြန်လည်ချေပသွားခဲ့တာဖြစ်ပြီး အီဒါ မီလီတာအိုက ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်အကြာမှာပဲ မိုဒရစ်ရဲ့ ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားက ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို ၂ ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်က လူကာ မိုဒရစ်ဟာ အသက် ၃၇ နှစ်အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမားဟာ ၈၇ မိနစ်မှာ တိုနီ ခရူးစ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့အချိန်မတိုင်ခင်အထိ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကို အသာစီးရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး မိုဒရစ်နဲ့ ဘန်ဇီးမားတို့ ကွင်းထဲကနေ ထွက်ခွာချိန်မှာ အန်းဖီးကွင်းထဲက အသိအမှတ်ပြု ချီးကျူးလက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ အသင်းရဲ့ ရလဒ်က ဆိုးရွားနေခဲ့ပေမယ့်လည်း ထူးခြားတဲ့တစ်စုံတရာကို မြင်တွေ့ခဲ့ရတယ်ဆိုတာကို သိရှိနေခဲ့တာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေဟာ ခရိုအေးရှာကွင်းလယ်လူရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လူကာ မိုဒရစ်လောက် လေးစားမှု ရရှိတဲ့ ကစားသမားမျိုး ကမ္ဘာပေါ်မှာ အနည်းငယ်သာ ရှိတယ်လို့ ယုံကြည်ခဲ့ကြပြီး အသက် ၃၇ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ခင်ဗျား ငြင်းပယ်လို့ မရနိုင်တဲ့ ဂန္တဝင်ကစားသမားပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်းက “သူက အသိအမှတ်ပြု ချီးကျူးရမယ့် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ပြသခဲ့တာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ လူကာ မိုဒရစ္ဟာ လီဗာပူးလ္ကို ၅-၂ နဲ႔ ခ်န္ပီယံလိဂ္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း အန္းဖီးကြင္းထဲက လီဗာပူးလ္ပရိသတ္ေတြအားလုံးရဲ႕ မတ္တပ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳျခင္းကို ခံခဲ့ရပါတယ္။

ကာလို အန္ခ်ယ္ေလာ့တီရဲ႕အသင္းဟာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ျပန္လာႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း အဂၤါေန႔ညေနမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ေသခ်ာေစမယ့္ သြင္းဂိုးေတြကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါဝင္ ႏူးညက္ဇ္နဲ႔ မိုဟာမက္ ဆာလားတို႔ရဲ႕ အေစာပိုင္း သြင္းဂိုးေတြကို ဗင္နီးရွပ္စ္ ဂ်ဴနီယာက ျပန္လည္ေခ်ပသြားခဲ့တာျဖစ္ၿပီး အီဒါ မီလီတာအိုက ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၂ မိနစ္အၾကာမွာပဲ မိုဒရစ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားက ရီးရဲလ္မက္ဒရစ္အသင္းကို အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ၂ ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကြင္းလယ္က လူကာ မိုဒရစ္ဟာ အသက္ ၃၇ ႏွစ္အ႐ြယ္နဲ႔မလိုက္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားဝါရင့္ကြင္းလယ္ကစားသမားဟာ ၈၇ မိနစ္မွာ တိုနီ ခ႐ူးစ္နဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့အခ်ိန္မတိုင္ခင္အထိ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကို အသာစီးရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီး မိုဒရစ္နဲ႔ ဘန္ဇီးမားတို႔ ကြင္းထဲကေန ထြက္ခြာခ်ိန္မွာ အန္းဖီးကြင္းထဲက အသိအမွတ္ျပဳ ခ်ီးက်ဴးလက္ခုပ္သံေတြ ဟိန္းထြက္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြဟာ အသင္းရဲ႕ ရလဒ္က ဆိုး႐ြားေနခဲ့ေပမယ့္လည္း ထူးျခားတဲ့တစ္စုံတရာကို ျမင္ေတြ႕ခဲ့ရတယ္ဆိုတာကို သိရွိေနခဲ့တာျဖစ္ၿပီး အေဝးကြင္းပရိသတ္ေတြဟာ ခ႐ိုေအးရွာကြင္းလယ္လူရဲ႕ နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကတာ ျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ လူကာ မိုဒရစ္ေလာက္ ေလးစားမႈ ရရွိတဲ့ ကစားသမားမ်ိဳး ကမာၻေပၚမွာ အနည္းငယ္သာ ရွိတယ္လို႔ ယုံၾကည္ခဲ့ၾကၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားအတြက္ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

“ခင္ဗ်ား ျငင္းပယ္လို႔ မရႏိုင္တဲ့ ဂႏၲဝင္ကစားသမားပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္းက “သူက အသိအမွတ္ျပဳ ခ်ီးက်ဴးရမယ့္ ထိပ္တန္းအဆင့္စြမ္းေဆာင္ရည္ကို ျပသခဲ့တာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.