Premier League

နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဖျက်ထုတ်မှုကို အပြစ်မပေးခဲ့လို့ ထုတ်ပယ်ဖို့ တောင်းဆိုခံနေရတဲ့ ဒိုင်လူကြီး

ဘီဘီစီ ဘောလုံးဝေဖန်သုံးသပ်သူ ဂါ့သ် ခရွတ်ခ်စ်က တနင်္ဂနွေနေ့ညနေက မာဆယ် ဆဘစ်ဇာရဲ့ ကြောက်မက်ဖွယ် ဖျက်ထုတ်မှုကို VAR က အပြစ်ပေးနိုင်ခြင်းမရှိခဲ့တဲ့နောက် စတူးဝပ် အတ်ဝဲလ်ကို ထုတ်ပယ်ပစ်ရမယ်လို့ ဒေါသတကြီး ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းအတွင်း ဆဘစ်ဇာဟာ ဝိ ဖေးစ်ရဲ့ ဒူးခေါင်းကို ခြေထောက်နဲ့ ကန်ခဲ့မိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ အနီကတ်ကနေ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

ခရွတ်ခ်စ်က ဒေါသတကြီးနဲ့ “ပရီးမီးယားလိဂ်ဒိုင်လူကြီး စတူးဝပ် အတ်ဝဲလ်အနေနဲ့ သူ့ရဲ့ တာဝန်တွေက အနားပေးခံရသင့်တယ်။ သူက မန်ချက်စတာယူနိုက်တက်ရဲ့ ဆဘစ်ဇာကို ဒီနှစ်တွေအတွင်း ကျွန်တော် မြင်ဖူးခဲ့သမျှထဲက အဆိုးရွားဆုံး ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် သတိပေးပြောဆိုမှုများများစားစား မပြုလုပ်ခဲ့ဘဲ ကွင်းထဲမှာ ဆက်ရှိနေခွင့်ပေးခဲ့တယ်”

“အဲဒါကို ပိုပြီးတော့ ဆိုးရွားစေတာက အတ်ဝဲလ်က လက်စတာစီတီးကစားသမား မန်ဒီကို တရားဝင်ခွင့်ပြုထားတဲ့ ဖျက်ထုတ်မှု ၂ ကြိမ်မဟုတ်ဘဲ တစ်ကြိမ်တည်းနဲ့ အဝါကတ်ပြား ပြသခဲ့တယ်။ ဟုတ်တာပေါ့။ ဒိုင်လူကြီးရဲ့ ထင်မြင်ချက်ကပဲ နောက်ဆုံးမှာ အရေးပါတာပါ”

“ဒါပေမယ့် ထိပ်တန်းအဆင့် ဒိုင်လူကြီးက ကစားသမားဘဝခြိမ်းခြောက်နိုင်တဲ့ ဖျက်ထုတ်မှုနဲ့ အပြည့်အဝ တရားဝင်မှုရှိတဲ့ ဖျက်ထုတ်မှု ၂ ကြိမ်ကြား မခွဲခြားနိုင်ဘူးဆိုရင် ကမ္ဘာပေါ်က ထိပ်တန်းလိဂ်မှာ ပွဲတာဝန်ယူနေစရာအကြောင်းကို မရှိတော့ပါဘူး”

“ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားတွေက ကောင်းမွန်တဲ့ဖျက်ထုတ်မှုနဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုကြား ကွာခြားချက်ကို သိတဲ့ ဒိုင်လူကြီးနဲ့ပဲ ထိုက်တန်ပါတယ်။ “လို့ ပြောကြားခဲ့ပါတယ်။

ခရွတ်ခ်စ်ရဲ့ VAR ကို ဝေဖန်မှုဟာ လီး မေဆန်က အာဆင်နယ်နဲ့ ဘရန့်တ်ဖို့ဒ်တို့ပွဲစဉ်မှာ အိုင်ဗန် တိုနီရဲ့ သွင်းဂိုးအတွက် လူကျွံမျဉ်းဆွဲဖို့ မေ့လျော့ခဲ့ပြီးနောက် PGMOL နဲ့ နှစ်ဦးသဘောတူ လမ်းခွဲသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘီဘီစီ ေဘာလုံးေဝဖန္သုံးသပ္သူ ဂါ့သ္ ခ႐ြတ္ခ္စ္က တနဂၤေႏြေန႔ညေနက မာဆယ္ ဆဘစ္ဇာရဲ႕ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈကို VAR က အျပစ္ေပးႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ စတူးဝပ္ အတ္ဝဲလ္ကို ထုတ္ပယ္ပစ္ရမယ္လို႔ ေဒါသတႀကီး ေဝဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လက္စတာစီးတီးတို႔ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းအတြင္း ဆဘစ္ဇာဟာ ဝိ ေဖးစ္ရဲ႕ ဒူးေခါင္းကို ေျခေထာက္နဲ႔ ကန္ခဲ့မိေပမယ့္လည္း ကံေကာင္းေထာက္မစြာနဲ႔ အနီကတ္ကေန လြတ္ေျမာက္သြားခဲ့တာျဖစ္ပါတယ္။

ခ႐ြတ္ခ္စ္က ေဒါသတႀကီးနဲ႔ “ပရီးမီးယားလိဂ္ဒိုင္လူႀကီး စတူးဝပ္ အတ္ဝဲလ္အေနနဲ႔ သူ႔ရဲ႕ တာဝန္ေတြက အနားေပးခံရသင့္တယ္။ သူက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆဘစ္ဇာကို ဒီႏွစ္ေတြအတြင္း ကြၽန္ေတာ္ ျမင္ဖူးခဲ့သမွ်ထဲက အဆိုး႐ြားဆုံး ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ သတိေပးေျပာဆိုမႈမ်ားမ်ားစားစား မျပဳလုပ္ခဲ့ဘဲ ကြင္းထဲမွာ ဆက္ရွိေနခြင့္ေပးခဲ့တယ္”

“အဲဒါကို ပိုၿပီးေတာ့ ဆိုး႐ြားေစတာက အတ္ဝဲလ္က လက္စတာစီတီးကစားသမား မန္ဒီကို တရားဝင္ခြင့္ျပဳထားတဲ့ ဖ်က္ထုတ္မႈ ၂ ႀကိမ္မဟုတ္ဘဲ တစ္ႀကိမ္တည္းနဲ႔ အဝါကတ္ျပား ျပသခဲ့တယ္။ ဟုတ္တာေပါ့။ ဒိုင္လူႀကီးရဲ႕ ထင္ျမင္ခ်က္ကပဲ ေနာက္ဆုံးမွာ အေရးပါတာပါ”

“ဒါေပမယ့္ ထိပ္တန္းအဆင့္ ဒိုင္လူႀကီးက ကစားသမားဘဝၿခိမ္းေျခာက္ႏိုင္တဲ့ ဖ်က္ထုတ္မႈနဲ႔ အျပည့္အဝ တရားဝင္မႈရွိတဲ့ ဖ်က္ထုတ္မႈ ၂ ႀကိမ္ၾကား မခြဲျခားႏိုင္ဘူးဆိုရင္ ကမာၻေပၚက ထိပ္တန္းလိဂ္မွာ ပြဲတာဝန္ယူေနစရာအေၾကာင္းကို မရွိေတာ့ပါဘူး”

“ထိပ္တန္းပေရာ္ဖက္ရွင္နယ္ကစားသမားေတြက ေကာင္းမြန္တဲ့ဖ်က္ထုတ္မႈနဲ႔ ဆိုး႐ြားတဲ့ဖ်က္ထုတ္မႈၾကား ကြာျခားခ်က္ကို သိတဲ့ ဒိုင္လူႀကီးနဲ႔ပဲ ထိုက္တန္ပါတယ္။ “လို႔ ေျပာၾကားခဲ့ပါတယ္။

ခ႐ြတ္ခ္စ္ရဲ႕ VAR ကို ေဝဖန္မႈဟာ လီး ေမဆန္က အာဆင္နယ္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ပြဲစဥ္မွာ အိုင္ဗန္ တိုနီရဲ႕ သြင္းဂိုးအတြက္ လူကြၽံမ်ဥ္းဆြဲဖို႔ ေမ့ေလ်ာ့ခဲ့ၿပီးေနာက္ PGMOL နဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲသြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.