Analysis Article Match Report Premier League

ဂျော်ဂျင်ညိုနဲ့ မာတီနက်ဇ်တို့ရဲ့ အကျိုးပြုမှုနဲ့ ဗီလာ 2-4 အာဆင်နယ်ပွဲက ပြောစရာများ

အရာအားလုံးအတွက် အရေးပါတဲ့ Come Back နိုင်ပွဲ
အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ဒဏ်ရာဟောင်းတွေ ကောင်းကောင်း အကင်းမသေသေးဘူးဆိုတာကို ပြသနေခဲ့ပြီး အထူးသဖြင့် ခံစစ်နဲ့ ကွင်းလယ်မှာ ယုံကြည်မှု နည်းပါးနေခဲ့သလို ဗီလာတို့ကိုလည်း ဂိုးတွေ ပေးရတာ လွယ်လွန်းနေခဲ့တာပါ။ ဗီလာပါ့ခ်မှာ ပထမပိုင်းတင် နှစ်ဂိုး ပေးလိုက်ရတာက သူတို့အတွက် ဒီရာသီမှာ ခံစစ်မှတ်တမ်းကောင်းကို ကျိုးပျက်သွားစေခဲ့ပြီး ပြန်တောင် လာနိုင်ပါတော့မလားလို့ ထင်ခဲ့ကြရပေမယ့် ဒီပွဲကို အနိုင်ရမှ ဖြစ်မယ်လို့ အဆုံးအထိ ယုံကြည်ခဲ့တဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့အတူ နာကျင်အချိန်ပိုမှာ ရမှတ် သုံးမှတ်ယူပြီး ဇယားထိပ်ကို ပြန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါတေးလို မဟုတ်ပေမယ့် ဂျော်ဂျင်ညိုရဲ့ အကျိုးပြုမှု
ဒီနေ့မှာ ဗီလာတို့ကို အာဆင်နယ်တို့အနေနဲ့ ဘောလုံးကိုင်ကစားပြီး အကွက်ကျကျ ထိုးနှက်နိုင်ခဲ့တာဟာ ကွင်းလယ်အထိုင်က လွမ်းနေကြတဲ့ ပါတေးနဲ့ ကစားဟန်ချင်း မတူညီတဲ့ ဂျော်ဂျင်ညိုကြောင့် ဖြစ်ပါတယ်။ ဘောလုံးဖြန့်ဝေမှုအပိုင်းမှာ ဂါနာသားထက် ပိုပြီး ဆရာကျတဲ့ အီတလီသားအနေနဲ့ အော်ဒီဂွါဒ်ကို တိုက်စစ်မှူးနေရာ တက်ကစားလို့ရအောင် နောက်ကနေ ထောက်ကူပေးထားနိုင်ခဲ့သလို သူ့ရဲ့ အဝေးကန်ချက်ကနေ အနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး သူကိုယ်တိုင်သွင်းတဲ့ ဂိုးတော့ မဖြစ်ခဲ့ပေမယ့် အာဆင်နယ်တို့ အနိုင်ရစေဖို့အတွက် လုံလောက်ခဲ့သလို ဒီဂိုးမှာ သူ့ရဲ့ အမြော်အမြင်ရှိမှုကလည်း ထင်ရှားခဲ့တာပါ။

နိုင်ပွဲရှာပေးတဲ့ ဂန်းနား အီမီ မာတီနက်ဇ်
ဂန်းနားတစ်ယောက်ဖြစ်ဖူးရင် အမြဲဂန်းနားဆိုတာက ပရိသတ်တွေကြားမှာ အရွှန်းဖောက်စရာဖြစ်ခဲ့ရတာပါ။ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အဖြစ် ပြန်တွေ့ကြတဲ့အထဲမှာ ဝက်စ်ဟမ်းရဲ့ ဖာဘီယန်စကီးကတော့ မိုးထဲရေထဲဆိုရင် အာဆင်နယ်ကို အမြဲလျှော်ပေးတတ်သူလည်းဖြစ်ပြီး ဒီနေ့မှာတော့ အဲ့ဒီလို ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပေမယ့် တိုက်ဆိုင်မှုက အာဂျင်တီးနားသားကို မပြေးသော်လည်း ကန်ရာရှိဖြစ်စေခဲ့ပါတယ်။ ဂျော်ဂျင်ညိုရဲ့ ဘားထိတဲ့ ကန်ချက်ကို နောက်စေ့နဲ့ တိုက်ပြီး ဂိုးထည့်ကို အနိုင်ဂိုးအဖြစ် ထည့်ပေးခဲ့သလို ထောင့်ကန်ဘောမှာလည်း ဂိုးကို လွှတ်ပေးထားပြီး ရှေ့တက်လာလို့ ဖာဘီယို ဗီယာရာနဲ့ မာတီနယ်လီတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ နောက်တစ်ဂိုး ခွင့်ပြုခဲ့ပြီး ဂန်းနားတွေကို အနိုင်သေချာစေခဲ့တာပါ။

ရာသီအစက အကောင်းဆုံး၊ အခု အညံ့ဆုံး
အာဆင်နယ်ကွင်းလယ်မှာ ရာသီအစက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဂရာနစ် ချာကာကတော့ ဒီလပိုင်းမှာ တော်တော်လေး ခြေကျနေသလို လေးလံပြီး အဆင်မပြေမှုများစွာနဲ့ ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ ရွေ့လျားမှုတွေက တိုက်စစ်ကို အကျိုးမပြုသလို ခံစစ်မှာလည်း မကူနိုင်စေခဲ့ဘဲ ဒီနေ့မှာ အသင်းရဲ့ ဒုတိယဂိုးအတွက် ညာခြမ်းခံစစ်က ဘန်ဝှိုက်နဲ့အတူ တာဝန်ရှိခဲ့တာပါ။ ပရိသတ်တွေကတော့ သူ့ကို အနားပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ထောက်ပြခဲ့ကြပြီး ဗီလာနဲ့ပွဲက စွမ်းဆောင်ရည်ကိုလည်း ဆယ်မှတ်မှာ လေးမှတ်သာ ပေးခဲ့ကြသလို ဆွစ်ဇာလန်သားအနေနဲ့ သူ့လိုပဲ လေးလံတဲ့ ဂျော်ဂျင်ညိုနဲ့တွဲပြီး ကွင်းလယ်ကို ခဲဆွဲထားသလို မဖြစ်စေသင့်ဘူးလို့ပါ အကြံပေးမှုတွေ ရှိနေခဲ့ပါတယ်။

အူနိုင်းအကျ မီခယ်လ်အတက်
ဂွတ်အီးဘနင်းရဲ့ အာဆင်နယ်နဲ့ တွေ့ဆုံမှု မှတ်တမ်းတွေမှာ ဒီနေ့ပွဲ မတိုင်ခင်အထိ လေးပွဲမှာ တစ်ပွဲနိုင် သုံးပွဲသရေနဲ့ ရှုံးပွဲ ရှိမထားခဲ့ဘဲ နောက်ထပ် နိုင်ပွဲတစ်ပွဲပါ ရရှိဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရှုံးပွဲအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေကတော့ သူတို့ကို ဒီနေ့မှာ ဒုက္ခပေးနေခဲ့တဲ့ ကော်တင်ညို၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ဘွင်ဒီယာနဲ့ ဝပ်ကင်းစ်တို့ကို ဆက်တိုက် လူစားလဲထုတ်ပေးခဲ့တာအတွက် ကျေးဇူးတင်နေကြမှာ ဖြစ်ပြီး သူ့ရဲ့ လူစားလဲမှုတွေကြောင့် ဗီလာတို့ ကျဆင်းသွားခဲ့ချိန်မှာ အာတီတာအနေနဲ့ တိုက်စစ်မြှင့်ပြီး ဖိတိုက်နိုင်ခဲ့တာကြောင့် နိုင်ပွဲအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

စပ်မြဲစပ်ဆဲ ငရုတ်သီးလေး
ငရုတ်သီးလေး ဆာကာကတော့ နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံသမားအနေနဲ့ ဒီနေ့မှာ အသင်းအတွက် ပထမ ချေပဂိုးကို ပြင်းထန်အားပါတဲ့ Volley ကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးနဲ့ ဖန်တီးမှုက ၈ ကြိမ်အထိ ရှိခဲ့ပြီး ဒါက ဂိုးရော ဖန်တီးမှုမှာပါ ကျန်တဲ့ အသင်းဖော်တွေထက် သာလွန်ခဲ့သလို ဘယ်က စမ်းစမ်း ညာက စမ်းစမ်း မှတ်ကျောက်တင်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တို့အတွက်တော့ မရှိမဖြစ် လူငယ်လေးကို ဒဏ်ရာတွေ ကင်းစင်စေဖို့နဲ့ ညစ်ပတ်ယုတ်မာတဲ့ ပြိုင်ဘက်တွေရဲ့ အန္တရာယ်က ဝေးစေဖို့ ဆုတောင်းရမှာဖြစ်ပြီး သူသာ ခြေစွမ်းပြနိုင်ရင် ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းမှာပဲ ရှိနေပြီလို့ ဆိုရပါလိမ့်မယ်။

ဖုန်းတစ်ဂိုး ရမ်းစ်ဒေးလ်ရဲ့ နောက်ထပ်တစ်ပွဲ
မြေနိမ့်ရာ လှံစိုက်နေတာလားလို့ မေးတဲ့သူရှိရင် ဂိုးထဲ ဝင်လာတဲ့ ဘောလုံးတွေကို အယ်လစ်ဆန်၊ ဒဟေးယား၊ နစ်ခ် ပုပ်တို့လို ဂိုးသမားတွေ ဘယ်လို ကာကွယ်ကြသလဲလို့ ပြန်ကြည့်ပြီးမှ မေးစေချင်ပါတယ်။ နောက်ဆုံးအချိန်အထိ ဂိုးစည်းမကျော်မချင်း ခန္ဓာကိုယ်ကို အစွမ်းကုန် ဆန့်ထုတ်ပြီး ရနိုင်သမျှ ကျားကုတ်ကျားခဲ ကာကွယ်တတ်ကြသလို ဂိုးမပေးရဖို့အရေးကို သေရေးရှင်ရေးလို သဘောထားကြတာပါ။ ဒါပေမယ့် ရမ်းစ်ဒေးလ်ကတော့ ကာကွယ် တားဆီးဖို့ ကြိုးစားအားထုတ်မှုတွေမှာ သူများတွေရဲ့ တစ်ဝက်လောက်သာ လုပ်ဆောင်နေခဲ့သလို လျင်မြန်မှုနဲ့ ခန့်မှန်းမှုတွေအပိုင်းမှာပါ အားနည်းနေခဲ့ပြီး ကော်တင်ညိုရဲ့ ဒုတိယဂိုးမှာ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်ခဲ့တာကတော့ အာဆင်နယ်ဖန်တွေ စိတ်ကုန်စရာဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အရာအားလုံးအတြက္ အေရးပါတဲ့ Come Back ႏိုင္ပြဲ
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ဒဏ္ရာေဟာင္းေတြ ေကာင္းေကာင္း အကင္းမေသေသးဘူးဆိုတာကို ျပသေနခဲ့ၿပီး အထူးသျဖင့္ ခံစစ္နဲ႔ ကြင္းလယ္မွာ ယုံၾကည္မႈ နည္းပါးေနခဲ့သလို ဗီလာတို႔ကိုလည္း ဂိုးေတြ ေပးရတာ လြယ္လြန္းေနခဲ့တာပါ။ ဗီလာပါ့ခ္မွာ ပထမပိုင္းတင္ ႏွစ္ဂိုး ေပးလိုက္ရတာက သူတို႔အတြက္ ဒီရာသီမွာ ခံစစ္မွတ္တမ္းေကာင္းကို က်ိဳးပ်က္သြားေစခဲ့ၿပီး ျပန္ေတာင္ လာႏိုင္ပါေတာ့မလားလို႔ ထင္ခဲ့ၾကရေပမယ့္ ဒီပြဲကို အႏိုင္ရမွ ျဖစ္မယ္လို႔ အဆုံးအထိ ယုံၾကည္ခဲ့တဲ့ စိတ္ဓာတ္ျပင္းျပမႈနဲ႔အတူ နာက်င္အခ်ိန္ပိုမွာ ရမွတ္ သုံးမွတ္ယူၿပီး ဇယားထိပ္ကို ျပန္တက္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပါေတးလို မဟုတ္ေပမယ့္ ေဂ်ာ္ဂ်င္ညိဳရဲ႕ အက်ိဳးျပဳမႈ
ဒီေန႔မွာ ဗီလာတို႔ကို အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးကိုင္ကစားၿပီး အကြက္က်က် ထိုးႏွက္ႏိုင္ခဲ့တာဟာ ကြင္းလယ္အထိုင္က လြမ္းေနၾကတဲ့ ပါေတးနဲ႔ ကစားဟန္ခ်င္း မတူညီတဲ့ ေဂ်ာ္ဂ်င္ညိဳေၾကာင့္ ျဖစ္ပါတယ္။ ေဘာလုံးျဖန႔္ေဝမႈအပိုင္းမွာ ဂါနာသားထက္ ပိုၿပီး ဆရာက်တဲ့ အီတလီသားအေနနဲ႔ ေအာ္ဒီဂြါဒ္ကို တိုက္စစ္မႉးေနရာ တက္ကစားလို႔ရေအာင္ ေနာက္ကေန ေထာက္ကူေပးထားႏိုင္ခဲ့သလို သူ႔ရဲ႕ အေဝးကန္ခ်က္ကေန အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး သူကိုယ္တိုင္သြင္းတဲ့ ဂိုးေတာ့ မျဖစ္ခဲ့ေပမယ့္ အာဆင္နယ္တို႔ အႏိုင္ရေစဖို႔အတြက္ လုံေလာက္ခဲ့သလို ဒီဂိုးမွာ သူ႔ရဲ႕ အေျမာ္အျမင္ရွိမႈကလည္း ထင္ရွားခဲ့တာပါ။

ႏိုင္ပြဲရွာေပးတဲ့ ဂန္းနား အီမီ မာတီနက္ဇ္
ဂန္းနားတစ္ေယာက္ျဖစ္ဖူးရင္ အၿမဲဂန္းနားဆိုတာက ပရိသတ္ေတြၾကားမွာ အ႐ႊန္းေဖာက္စရာျဖစ္ခဲ့ရတာပါ။ ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္အျဖစ္ ျပန္ေတြ႕ၾကတဲ့အထဲမွာ ဝက္စ္ဟမ္းရဲ႕ ဖာဘီယန္စကီးကေတာ့ မိုးထဲေရထဲဆိုရင္ အာဆင္နယ္ကို အၿမဲေလွ်ာ္ေပးတတ္သူလည္းျဖစ္ၿပီး ဒီေန႔မွာေတာ့ အဲ့ဒီလို ဟုတ္ခ်င္မွ ဟုတ္မွာျဖစ္ေပမယ့္ တိုက္ဆိုင္မႈက အာဂ်င္တီးနားသားကို မေျပးေသာ္လည္း ကန္ရာရွိျဖစ္ေစခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ညိဳရဲ႕ ဘားထိတဲ့ ကန္ခ်က္ကို ေနာက္ေစ့နဲ႔ တိုက္ၿပီး ဂိုးထည့္ကို အႏိုင္ဂိုးအျဖစ္ ထည့္ေပးခဲ့သလို ေထာင့္ကန္ေဘာမွာလည္း ဂိုးကို လႊတ္ေပးထားၿပီး ေရွ႕တက္လာလို႔ ဖာဘီယို ဗီယာရာနဲ႔ မာတီနယ္လီတို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန ေနာက္တစ္ဂိုး ခြင့္ျပဳခဲ့ၿပီး ဂန္းနားေတြကို အႏိုင္ေသခ်ာေစခဲ့တာပါ။

ရာသီအစက အေကာင္းဆုံး၊ အခု အညံ့ဆုံး
အာဆင္နယ္ကြင္းလယ္မွာ ရာသီအစက လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဂရာနစ္ ခ်ာကာကေတာ့ ဒီလပိုင္းမွာ ေတာ္ေတာ္ေလး ေျခက်ေနသလို ေလးလံၿပီး အဆင္မေျပမႈမ်ားစြာနဲ႔ ႀကဳံေတြ႕ေနခဲ့ရတာျဖစ္ပါတယ္။ သူ႔ရဲ႕ ေ႐ြ႕လ်ားမႈေတြက တိုက္စစ္ကို အက်ိဳးမျပဳသလို ခံစစ္မွာလည္း မကူႏိုင္ေစခဲ့ဘဲ ဒီေန႔မွာ အသင္းရဲ႕ ဒုတိယဂိုးအတြက္ ညာျခမ္းခံစစ္က ဘန္ဝႈိက္နဲ႔အတူ တာဝန္ရွိခဲ့တာပါ။ ပရိသတ္ေတြကေတာ့ သူ႔ကို အနားေပးဖို႔ လိုအပ္ေနၿပီ ျဖစ္ေၾကာင္း ေထာက္ျပခဲ့ၾကၿပီး ဗီလာနဲ႔ပြဲက စြမ္းေဆာင္ရည္ကိုလည္း ဆယ္မွတ္မွာ ေလးမွတ္သာ ေပးခဲ့ၾကသလို ဆြစ္ဇာလန္သားအေနနဲ႔ သူ႔လိုပဲ ေလးလံတဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔တြဲၿပီး ကြင္းလယ္ကို ခဲဆြဲထားသလို မျဖစ္ေစသင့္ဘူးလို႔ပါ အႀကံေပးမႈေတြ ရွိေနခဲ့ပါတယ္။

အူႏိုင္းအက် မီခယ္လ္အတက္
ဂြတ္အီးဘနင္းရဲ႕ အာဆင္နယ္နဲ႔ ေတြ႕ဆုံမႈ မွတ္တမ္းေတြမွာ ဒီေန႔ပြဲ မတိုင္ခင္အထိ ေလးပြဲမွာ တစ္ပြဲႏိုင္ သုံးပြဲသေရနဲ႔ ရႈံးပြဲ ရွိမထားခဲ့ဘဲ ေနာက္ထပ္ ႏိုင္ပြဲတစ္ပြဲပါ ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ရႈံးပြဲအျဖစ္ ေျပာင္းလဲသြားခဲ့တာပါ။ အာဆင္နယ္ပရိသတ္ေတြကေတာ့ သူတို႔ကို ဒီေန႔မွာ ဒုကၡေပးေနခဲ့တဲ့ ေကာ္တင္ညိဳ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ဘြင္ဒီယာနဲ႔ ဝပ္ကင္းစ္တို႔ကို ဆက္တိုက္ လူစားလဲထုတ္ေပးခဲ့တာအတြက္ ေက်းဇူးတင္ေနၾကမွာ ျဖစ္ၿပီး သူ႔ရဲ႕ လူစားလဲမႈေတြေၾကာင့္ ဗီလာတို႔ က်ဆင္းသြားခဲ့ခ်ိန္မွာ အာတီတာအေနနဲ႔ တိုက္စစ္ျမႇင့္ၿပီး ဖိတိုက္ႏိုင္ခဲ့တာေၾကာင့္ ႏိုင္ပြဲအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

စပ္ၿမဲစပ္ဆဲ င႐ုတ္သီးေလး
င႐ုတ္သီးေလး ဆာကာကေတာ့ ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕ အေကာင္းဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ထိုက္တန္ေၾကာင္း ျပသႏိုင္ခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံသမားအေနနဲ႔ ဒီေန႔မွာ အသင္းအတြက္ ပထမ ေခ်ပဂိုးကို ျပင္းထန္အားပါတဲ့ Volley ကန္ခ်က္နဲ႔ သြင္းယူေပးႏိုင္ခဲ့သလို ပရီးမီးယားလိဂ္သြင္းဂိုး ၉ ဂိုးနဲ႔ ဖန္တီးမႈက ၈ ႀကိမ္အထိ ရွိခဲ့ၿပီး ဒါက ဂိုးေရာ ဖန္တီးမႈမွာပါ က်န္တဲ့ အသင္းေဖာ္ေတြထက္ သာလြန္ခဲ့သလို ဘယ္က စမ္းစမ္း ညာက စမ္းစမ္း မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္တို႔အတြက္ေတာ့ မရွိမျဖစ္ လူငယ္ေလးကို ဒဏ္ရာေတြ ကင္းစင္ေစဖို႔နဲ႔ ညစ္ပတ္ယုတ္မာတဲ့ ၿပိဳင္ဘက္ေတြရဲ႕ အႏၲရာယ္က ေဝးေစဖို႔ ဆုေတာင္းရမွာျဖစ္ၿပီး သူသာ ေျခစြမ္းျပႏိုင္ရင္ ပရီးမီးယားလိဂ္မွာ တစ္ေက်ာ့ျပန္ ခ်န္ပီယံျဖစ္ဖို႔ လက္တစ္ကမ္းမွာပဲ ရွိေနၿပီလို႔ ဆိုရပါလိမ့္မယ္။

ဖုန္းတစ္ဂိုး ရမ္းစ္ေဒးလ္ရဲ႕ ေနာက္ထပ္တစ္ပြဲ
ေျမနိမ့္ရာ လွံစိုက္ေနတာလားလို႔ ေမးတဲ့သူရွိရင္ ဂိုးထဲ ဝင္လာတဲ့ ေဘာလုံးေတြကို အယ္လစ္ဆန္၊ ဒေဟးယား၊ နစ္ခ္ ပုပ္တို႔လို ဂိုးသမားေတြ ဘယ္လို ကာကြယ္ၾကသလဲလို႔ ျပန္ၾကည့္ၿပီးမွ ေမးေစခ်င္ပါတယ္။ ေနာက္ဆုံးအခ်ိန္အထိ ဂိုးစည္းမေက်ာ္မခ်င္း ခႏၶာကိုယ္ကို အစြမ္းကုန္ ဆန႔္ထုတ္ၿပီး ရႏိုင္သမွ် က်ားကုတ္က်ားခဲ ကာကြယ္တတ္ၾကသလို ဂိုးမေပးရဖို႔အေရးကို ေသေရးရွင္ေရးလို သေဘာထားၾကတာပါ။ ဒါေပမယ့္ ရမ္းစ္ေဒးလ္ကေတာ့ ကာကြယ္ တားဆီးဖို႔ ႀကိဳးစားအားထုတ္မႈေတြမွာ သူမ်ားေတြရဲ႕ တစ္ဝက္ေလာက္သာ လုပ္ေဆာင္ေနခဲ့သလို လ်င္ျမန္မႈနဲ႔ ခန႔္မွန္းမႈေတြအပိုင္းမွာပါ အားနည္းေနခဲ့ၿပီး ေကာ္တင္ညိဳရဲ႕ ဒုတိယဂိုးမွာ ယုန္ေတာင္ေျပး ေခြးေျမာက္လိုက္ျဖစ္ခဲ့တာကေတာ့ အာဆင္နယ္ဖန္ေတြ စိတ္ကုန္စရာျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.