ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဘာဒီယာရှီးလ်၊ အက်ဇ်ပီလီကွေတာနဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ မေဆန်မောင့်နဲ့ မာဒူးကီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စနဲ့ ဒေးဗစ် ဒါထရို ဖိုဖာနာတို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။
အဆင့် ၂၀ က ဧည့်သည် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ မိတ်လန်း-နိုင်းလ်စ်နဲ့ ပေရိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ စတူးဝပ် အမ်းစ်ထရောင်း၊ အယ်လ်ယူနူစီတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အိုနူအာချူနဲ့ ဆူလေမာနာတို့ကို တင်ကစားလာခဲ့တာပါ။
ရုပ်ဖြောင့်ဖြောင့်နဲ့ ဆောက်သမ်တန်နည်းပြ ရူဘင် ဆဲလက်စ်အနေနဲ့ ဒီနေ့မှာ ချဲလ်ဆီးတို့ကို အလယ်ကြောထဲ တတ်နိုင်သလောက် ပေးမဝင်ဘဲ ကစားသွားခဲ့သလို တောင်ပံတွေနဲ့ ဗဟိုက ကစားသမားတွေချင်း ချိတ်ဆက်ဖန်တီးလို့ မရအောင် ကြိုးစားသွားခဲ့ကြပြီး ဘောလုံးကိုင်ခွင့် မရအောင်လည်း အတင်းဝင်ဖျက်ပြီး ဖိအားပေးသွားခဲ့ကြတာဖြစ်ပါတယ်။
ပွဲချိန် ၃ မိနစ်မှာ ဘာဒီယာရှီးလ်ရဲ့ ရောင်းချမှုကနေ ဆူလေမာနာ လိုက်လံရယူပြီး ကန်တာကို ကီပါက လက်နဲ့ လှမ်းတားသွားနိုင်ခဲ့သလို ဒီကနေ ပြန်ထွက်လာတာကို အမ်းစ်ထရောင်းက ထပ်မံပိတ်သွင်းရာမှာလည်း ကူလီဘေလီက ဂိုးစည်းရှေ့က ရှင်းထုတ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ စောစောစီးစီး ဂိုးမပေးရဘဲ ကံကောင်းသွားခဲ့ပြီး အိမ်ရှင်တိုက်စစ်သမားတွေကတော့ ကလေးအဆင့်ပဲ ရှိခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့တာပါ။
မာဒူးကီနဲ့ ဖိုဖာနာတို့လို မနူးမနပ် ကစားသမားတွေက ဆရာအဆင့် ကစားသမားတွေနဲ့ အချိတ်အဆက် မမိဘဲဖြစ်နေခဲ့ကြသလို ကွင်းလယ်က တြိဂံအတွဲဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ကလည်း ဖန်တီးမှု အားနည်းခဲ့တာကြောင့် ပထမပိုင်းသာ အချိန်ပြည့်သွားရော ချဲလ်ဆီးတို့ လောက်လောက်လားလား ကန်ခွင့်မရဘဲဖြစ်နေခဲ့ပါတယ်။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဆောက်သမ်တန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထိပ်က ဖြတ်ပြေးတဲ့ အမ်းစ်ထရောင်းကို မထိတထိဖျက်တဲ့ အက်ဇ်ပီလီကွေတာကြောင့် မတန်ဘဲ ပေးလိုက်ရတဲ့ ဖရီးကစ်ကနေ ဝါ့ဒ်-ပရောက်စ်က High Spin ကန်ချက်နဲ့ လူတံတိုင်းနဲ့ လွတ်ရုံ ကျော်ကန်သွင်းပြီး ပထမပိုင်းအပြီးမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ရတာပါ။
ဒုတိယပိုင်း အပြန်အစမှာတော့ ချဲလ်ဆီးတို့အနေနဲ့ တိုက်စစ်က ဒေးဗစ် ဖိုဖာနာအစား စတာလင်နဲ့ ခံစစ်က ကူလီဘေလီအစား ဝက်စ်လီ ဖိုဖာနာတို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ စတာလင်ရဲ့ ကောင်းမွန်တဲ့ ဖြတ်တင်ဘောကို မေဆန်မောင့် ခေါင်းမတိုက်နိုင်ဘဲ ဖြုန်းပစ်ခဲ့သလို ဆောက်သမ်တန်တို့ကတော့ ဧရိယာထဲအထိ ဆုတ်ခံပြီး ပိတ်ဆို့ကစားသွားခဲ့ပါတယ်။
ဒီနောက်မှာ ဆောက်သမ်တန်တို့ဘက်က ပိုက်ဆံပေါလို့ ဖြုန်းပြီး ခြေစွမ်းမကြည့်ဘဲ ခေါ်ထားတဲ့ လဒူတွေဖြစ်တဲ့ ဆူလေမာနာ၊ အိုနူအာချူနဲ့ စတူးဝပ် အမ်းစ်ထရောင်းတို့အစား မာရာ၊ အက်ဒမ် အမ်းစ်ထရောင်းနဲ့ ဝဲလ်ကော့တို့ကို ထည့်သွင်းပြီး ကောင်တာကစားဖို့ပဲ ပိုအားပြုသွားခဲ့သလို ချဲလ်ဆီးတို့ဘက်ကတော့ မေဆန်မောင့်နဲ့ မာဒူးကီတို့အစား မူဒရစ်ခ်နဲ့ ဟာဗတ်ဇ်တို့ ဝင်လာခဲ့ကြတာပါ။
ပွဲချိန် ၇၁ မိနစ်မှာ ဆောက်သမ်တန်ခံစစ်အမှားကနေ ဟာဗတ်ဇ် ဖြတ်တင်ပေးတာကို စတာလင်ရဲ့ အပိုင်ခေါင်းတိုက်ချက်က ဂိုးသမား ဘာဇူးနူးကို ကျော်ဖြတ်သွားခဲ့ပေမယ့် နောက်ခံလူ ပေရိုက ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့နိုင်ခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာတော့ စိန့်တိုက်စစ်မှူး မာရာရဲ့ လေထဲက ကန်ချက်က အက်ဇ်ပီလီကွေတာရဲ့ မျက်နှာကို ထိခဲ့လို့ ပြုစုကုသခဲ့ရပြီး လူစားလဲခဲ့ရပါတယ်။
အက်ဇ်ပီလီကွေတာအစား ချာလိုဘာနဲ့ ချေးလ်ဝဲလ်စ်အစား ဂါလာဂါတို့ကို ချဲလ်ဆီးတို့က နောက်ဆုံးဖဲအဖြစ် ပစ်ခဲ့သလို လူတစ်ယောက်ပိုလဲခွင့် ရှိသွားတဲ့ ဆောက်သမ်တန်တို့ကတော့ လာဗီယာ၊ အယ်လ်ယူနူစီနဲ့ မိတ်လန်း-နိုင်းလ်စ်တို့အစား ဒီယာလို၊ အယ်လ်ကာရက်ဇ်နဲ့ လီယန်ကိုတို့ကို ထည့်ပြီး ခံစစ်ပိတ်ကစားခဲ့ကြသလို နာကျင်အချိန်ပိုကိုတော့ ဒိုင်အဖွဲ့က ၁၂ မိနစ်အထိ တွက်ချက်သတ်မှတ် ပေးသွားခဲ့ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ဆောက်သမ်တန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး စံချိန်ရှင် ဒေးဗစ် ဘက်ခမ်းနောက်ကို လိုက်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဝါ့ဒ်-ပရောက်စ်ရဲ့ ၁၇ ဂိုးမြောက် ဖရီးကစ်ဂိုးနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အောင်ပွဲခံသွားနိုင်ခဲ့သလို ချဲလ်ဆီးတို့ကတော့ နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်ပြီး ဆယ်မိုင်ကုန်းမှာ ကျောက်ချနေခဲ့တာကြောင့် နည်းပြ ပေါ့တာကို ထုတ်ပယ်ဖို့ အသံတွေ ဆူညံလာခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ ကူလီေဘလီ၊ ဘာဒီယာရွီးလ္၊ အက္ဇ္ပီလီေကြတာနဲ႔ ေခ်းလ္ဝဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုဗာခ်စ္၊ အန္ဇို ဖာနန္ဒက္ဇ္၊ ေမဆန္ေမာင့္နဲ႔ မာဒူးကီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာအို ဖဲလစၥနဲ႔ ေဒးဗစ္ ဒါထ႐ို ဖိုဖာနာတို႔ကို တြဲဖက္ေပးလာခဲ့တာျဖစ္ပါတယ္။
အဆင့္ ၂၀ က ဧည့္သည္ ေဆာက္သမ္တန္တို႔ကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ ဘယ္လာ-ေကာ့ခ်က္ပ္၊ မိတ္လန္း-ႏိုင္းလ္စ္နဲ႔ ေပ႐ိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ လာဗီယာ၊ ဝါ့ဒ္-ပေရာက္စ္၊ စတူးဝပ္ အမ္းစ္ထေရာင္း၊ အယ္လ္ယူႏူစီတို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အိုႏူအာခ်ဴနဲ႔ ဆူေလမာနာတို႔ကို တင္ကစားလာခဲ့တာပါ။
႐ုပ္ေျဖာင့္ေျဖာင့္နဲ႔ ေဆာက္သမ္တန္နည္းျပ ႐ူဘင္ ဆဲလက္စ္အေနနဲ႔ ဒီေန႔မွာ ခ်ဲလ္ဆီးတို႔ကို အလယ္ေၾကာထဲ တတ္ႏိုင္သေလာက္ ေပးမဝင္ဘဲ ကစားသြားခဲ့သလို ေတာင္ပံေတြနဲ႔ ဗဟိုက ကစားသမားေတြခ်င္း ခ်ိတ္ဆက္ဖန္တီးလို႔ မရေအာင္ ႀကိဳးစားသြားခဲ့ၾကၿပီး ေဘာလုံးကိုင္ခြင့္ မရေအာင္လည္း အတင္းဝင္ဖ်က္ၿပီး ဖိအားေပးသြားခဲ့ၾကတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၃ မိနစ္မွာ ဘာဒီယာရွီးလ္ရဲ႕ ေရာင္းခ်မႈကေန ဆူေလမာနာ လိုက္လံရယူၿပီး ကန္တာကို ကီပါက လက္နဲ႔ လွမ္းတားသြားႏိုင္ခဲ့သလို ဒီကေန ျပန္ထြက္လာတာကို အမ္းစ္ထေရာင္းက ထပ္မံပိတ္သြင္းရာမွာလည္း ကူလီေဘလီက ဂိုးစည္းေရွ႕က ရွင္းထုတ္ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေစာေစာစီးစီး ဂိုးမေပးရဘဲ ကံေကာင္းသြားခဲ့ၿပီး အိမ္ရွင္တိုက္စစ္သမားေတြကေတာ့ ကေလးအဆင့္ပဲ ရွိခဲ့တာေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့တာပါ။
မာဒူးကီနဲ႔ ဖိုဖာနာတို႔လို မႏူးမနပ္ ကစားသမားေတြက ဆရာအဆင့္ ကစားသမားေတြနဲ႔ အခ်ိတ္အဆက္ မမိဘဲျဖစ္ေနခဲ့ၾကသလို ကြင္းလယ္က ႀတိဂံအတြဲျဖစ္တဲ့ အန္ဇို ဖာနန္ဒက္ဇ္၊ ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ကလည္း ဖန္တီးမႈ အားနည္းခဲ့တာေၾကာင့္ ပထမပိုင္းသာ အခ်ိန္ျပည့္သြားေရာ ခ်ဲလ္ဆီးတို႔ ေလာက္ေလာက္လားလား ကန္ခြင့္မရဘဲျဖစ္ေနခဲ့ပါတယ္။
နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထိပ္က ျဖတ္ေျပးတဲ့ အမ္းစ္ထေရာင္းကို မထိတထိဖ်က္တဲ့ အက္ဇ္ပီလီေကြတာေၾကာင့္ မတန္ဘဲ ေပးလိုက္ရတဲ့ ဖရီးကစ္ကေန ဝါ့ဒ္-ပေရာက္စ္က High Spin ကန္ခ်က္နဲ႔ လူတံတိုင္းနဲ႔ လြတ္႐ုံ ေက်ာ္ကန္သြင္းၿပီး ပထမပိုင္းအၿပီးမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ရတာပါ။
ဒုတိယပိုင္း အျပန္အစမွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ တိုက္စစ္က ေဒးဗစ္ ဖိုဖာနာအစား စတာလင္နဲ႔ ခံစစ္က ကူလီေဘလီအစား ဝက္စ္လီ ဖိုဖာနာတို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ စတာလင္ရဲ႕ ေကာင္းမြန္တဲ့ ျဖတ္တင္ေဘာကို ေမဆန္ေမာင့္ ေခါင္းမတိုက္ႏိုင္ဘဲ ျဖဳန္းပစ္ခဲ့သလို ေဆာက္သမ္တန္တို႔ကေတာ့ ဧရိယာထဲအထိ ဆုတ္ခံၿပီး ပိတ္ဆို႔ကစားသြားခဲ့ပါတယ္။
ဒီေနာက္မွာ ေဆာက္သမ္တန္တို႔ဘက္က ပိုက္ဆံေပါလို႔ ျဖဳန္းၿပီး ေျခစြမ္းမၾကည့္ဘဲ ေခၚထားတဲ့ လဒူေတြျဖစ္တဲ့ ဆူေလမာနာ၊ အိုႏူအာခ်ဴနဲ႔ စတူးဝပ္ အမ္းစ္ထေရာင္းတို႔အစား မာရာ၊ အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ ဝဲလ္ေကာ့တို႔ကို ထည့္သြင္းၿပီး ေကာင္တာကစားဖို႔ပဲ ပိုအားျပဳသြားခဲ့သလို ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ ေမဆန္ေမာင့္နဲ႔ မာဒူးကီတို႔အစား မူဒရစ္ခ္နဲ႔ ဟာဗတ္ဇ္တို႔ ဝင္လာခဲ့ၾကတာပါ။
ပြဲခ်ိန္ ၇၁ မိနစ္မွာ ေဆာက္သမ္တန္ခံစစ္အမွားကေန ဟာဗတ္ဇ္ ျဖတ္တင္ေပးတာကို စတာလင္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္က ဂိုးသမား ဘာဇူးႏူးကို ေက်ာ္ျဖတ္သြားခဲ့ေပမယ့္ ေနာက္ခံလူ ေပ႐ိုက ဂိုးစည္းေပၚက ရွင္းထုတ္သြားခဲ့ႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ စိန႔္တိုက္စစ္မႉး မာရာရဲ႕ ေလထဲက ကန္ခ်က္က အက္ဇ္ပီလီေကြတာရဲ႕ မ်က္ႏွာကို ထိခဲ့လို႔ ျပဳစုကုသခဲ့ရၿပီး လူစားလဲခဲ့ရပါတယ္။
အက္ဇ္ပီလီေကြတာအစား ခ်ာလိုဘာနဲ႔ ေခ်းလ္ဝဲလ္စ္အစား ဂါလာဂါတို႔ကို ခ်ဲလ္ဆီးတို႔က ေနာက္ဆုံးဖဲအျဖစ္ ပစ္ခဲ့သလို လူတစ္ေယာက္ပိုလဲခြင့္ ရွိသြားတဲ့ ေဆာက္သမ္တန္တို႔ကေတာ့ လာဗီယာ၊ အယ္လ္ယူႏူစီနဲ႔ မိတ္လန္း-ႏိုင္းလ္စ္တို႔အစား ဒီယာလို၊ အယ္လ္ကာရက္ဇ္နဲ႔ လီယန္ကိုတို႔ကို ထည့္ၿပီး ခံစစ္ပိတ္ကစားခဲ့ၾကသလို နာက်င္အခ်ိန္ပိုကိုေတာ့ ဒိုင္အဖြဲ႕က ၁၂ မိနစ္အထိ တြက္ခ်က္သတ္မွတ္ ေပးသြားခဲ့ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ ေဆာက္သမ္တန္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး စံခ်ိန္ရွင္ ေဒးဗစ္ ဘက္ခမ္းေနာက္ကို လိုက္လာခဲ့တဲ့ အသင္းေခါင္းေဆာင္ ဝါ့ဒ္-ပေရာက္စ္ရဲ႕ ၁၇ ဂိုးေျမာက္ ဖရီးကစ္ဂိုးနဲ႔အတူ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ပြဲခံသြားႏိုင္ခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ ေနာက္ဆုံး ေလးပြဲဆက္ ႏိုင္ပြဲေပ်ာက္ၿပီး ဆယ္မိုင္ကုန္းမွာ ေက်ာက္ခ်ေနခဲ့တာေၾကာင့္ နည္းျပ ေပါ့တာကို ထုတ္ပယ္ဖို႔ အသံေတြ ဆူညံလာခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.