Premier League

တူရကီမြေငလျင်မှာ သေဆုံးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း

ခရစ်ရှန် အတ်ဆူရဲ့အေးဂျင့်က အင်အားပြည့်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းဟာ တူရကီက ကြီးမားတဲ့ မြေငလျင်ဘေးဒဏ်အပြီး ၁၂ ရက်အကြာမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

တူရကီစူပါလိဂ်ကလပ် ဟာတေးစပေါ်အသင်းအတွက် ကစားပေးနေတဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ တူရကီနဲ့ ဆီးရီးယားတို့မှာ အနည်းဆုံး လူပေါင်း ၄၅၀၀၀ သေဆုံးခဲ့တဲ့ ကြီးမားတဲ့ မြေငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ချိန်မှာ ၎င်းနေထိုင်တဲ့ ၉ လွှာတိုက်ခန်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

မြေငလျင်လှုပ်ခတ်ပြီးနောက် သိပ်မကြာခင်မှာပဲ အတ်ဆူဟာ အပျက်အစီးတွေကြားကနေ ကယ်ဆယ်ခြင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ အဲဒီသတင်းတွေဟာ မဟုတ်မှန်ဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ နယူးကာဆယ်လ် ကစားသမားဟောင်းရဲ့ ဖိနပ်တွေကို လွန်ခဲ့တဲ့ ရက်တွေမှာ ရှာဖွေတွေ့ရှိခဲ့တာကြောင့် ရှာဖွေမှုတွေဆက်လက်ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ အတ်ဆူရဲ့အေးဂျင့် နာနာ ဆာချီရာက ဟာတေးစပေါ်ကစားသမားရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“အလေးလံဆုံး နှလုံးသားနဲ့အတူ ဆုမွန်ကောင်းတောင်းပေးခဲ့သူတွေအားလုံးကို ဝမ်းနည်းစွာနဲ့ ခရစ်ရှန် အတ်ဆူရဲ့ ရုပ်အလောင်းကို ယနေ့နံနက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ကြေညာပါတယ်။ သူ့ရဲ့ မိသားစုတွေနဲ့ သူ ချစ်ခင်ရတဲ့သူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ဆုတောင်းပေးခဲ့ကြတဲ့သူတွေနဲ့ အားပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဖူးတင်ကြောင်း ပြောချင်ပါတယ်”

“ကျွန်တော်တို့ လိုအပ်တဲ့အစီအစဉ်တွေကို လုပ်ဆောင်နေချိန်မှာ ဒီလို အလွန်ခက်ခဲတဲ့အချိန်တွေအတွင်း သူ့မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကို ကျေးဇူးပြုပြီး အားလုံး လေးစားမှုပေးကြဖို့ တောင်းဆိုပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ အတ်ဆူရဲ့အေးဂျင့်က ဖော်ပြခဲ့ပါတယ်။

တူရကီ စူပါလိဂ်ကလပ် ဟာတေးစပေါ်အသင်းကလည်း အတ်ဆူရဲ့သတင်းကို အတည်ပြုခဲ့ပြီး “ကျွန်တော်တို့ ခင်ဗျားကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး အတ်ဆူ။ ခင်ဗျားအပေါ်မှာ ငြိမ်းချမ်းမှုတွေ ကျရောက်ပါစေ စိတ်ထားလှတဲ့ပုဂ္ဂိုလ်။ ကျွန်တော်တို့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ ငြိမ်းအေးရာမှာ အနားယူပါတော့ အတ်ဆူ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစ္ရွန္ အတ္ဆူရဲ႕ေအးဂ်င့္က အင္အားျပည့္ရွာေဖြမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္းဟာ တူရကီက ႀကီးမားတဲ့ ေျမငလ်င္ေဘးဒဏ္အၿပီး ၁၂ ရက္အၾကာမွာ ေသဆုံးေနတာကို ေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

တူရကီစူပါလိဂ္ကလပ္ ဟာေတးစေပၚအသင္းအတြက္ ကစားေပးေနတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားဟာ တူရကီနဲ႔ ဆီးရီးယားတို႔မွာ အနည္းဆုံး လူေပါင္း ၄၅၀၀၀ ေသဆုံးခဲ့တဲ့ ႀကီးမားတဲ့ ေျမငလ်င္ ၂ ႀကိမ္ လႈပ္ခတ္ခဲ့ခ်ိန္မွာ ၎ေနထိုင္တဲ့ ၉ လႊာတိုက္ခန္းမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

ေျမငလ်င္လႈပ္ခတ္ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ အတ္ဆူဟာ အပ်က္အစီးေတြၾကားကေန ကယ္ဆယ္ျခင္းခံခဲ့ရတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း သိပ္မၾကာခင္မွာပဲ အဲဒီသတင္းေတြဟာ မဟုတ္မွန္ဘူးလို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္လ္ ကစားသမားေဟာင္းရဲ႕ ဖိနပ္ေတြကို လြန္ခဲ့တဲ့ ရက္ေတြမွာ ရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ ရွာေဖြမႈေတြဆက္လက္ျပဳလုပ္ခဲ့ၿပီး လက္ရွိမွာေတာ့ အတ္ဆူရဲ႕ေအးဂ်င့္ နာနာ ဆာခ်ီရာက ဟာေတးစေပၚကစားသမားရဲ႕ ႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ၿပီလို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အေလးလံဆုံး ႏွလုံးသားနဲ႔အတူ ဆုမြန္ေကာင္းေတာင္းေပးခဲ့သူေတြအားလုံးကို ဝမ္းနည္းစြာနဲ႔ ခရစ္ရွန္ အတ္ဆူရဲ႕ ႐ုပ္အေလာင္းကို ယေန႔နံနက္မွာ ရွာေဖြေတြ႕ရွိခဲ့ၿပီလို႔ ေၾကညာပါတယ္။ သူ႔ရဲ႕ မိသားစုေတြနဲ႔ သူ ခ်စ္ခင္ရတဲ့သူေတြနဲ႔ ထပ္တူထပ္မွ် ဝမ္းနည္းေၾကကြဲရပါတယ္။ ဆုေတာင္းေပးခဲ့ၾကတဲ့သူေတြနဲ႔ အားေပးခဲ့ၾကတဲ့သူေတြအားလုံးကို ေက်းဖူးတင္ေၾကာင္း ေျပာခ်င္ပါတယ္”

“ကြၽန္ေတာ္တို႔ လိုအပ္တဲ့အစီအစဥ္ေတြကို လုပ္ေဆာင္ေနခ်ိန္မွာ ဒီလို အလြန္ခက္ခဲတဲ့အခ်ိန္ေတြအတြင္း သူ႔မိသားစုရဲ႕ ကိုယ္ေရးကိုယ္တာကို ေက်းဇူးျပဳၿပီး အားလုံး ေလးစားမႈေပးၾကဖို႔ ေတာင္းဆိုပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အတ္ဆူရဲ႕ေအးဂ်င့္က ေဖာ္ျပခဲ့ပါတယ္။

တူရကီ စူပါလိဂ္ကလပ္ ဟာေတးစေပၚအသင္းကလည္း အတ္ဆူရဲ႕သတင္းကို အတည္ျပဳခဲ့ၿပီး “ကြၽန္ေတာ္တို႔ ခင္ဗ်ားကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး အတ္ဆူ။ ခင္ဗ်ားအေပၚမွာ ၿငိမ္းခ်မ္းမႈေတြ က်ေရာက္ပါေစ စိတ္ထားလွတဲ့ပုဂၢိဳလ္။ ကြၽန္ေတာ္တို႔ရဲ႕ ဝမ္းနည္းမႈကို ေဖာ္ျပဖို႔ စကားလုံးေတာင္ မရွိပါဘူး။ ၿငိမ္းေအးရာမွာ အနားယူပါေတာ့ အတ္ဆူ”လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ထုတ္ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.