Ligue1

အဝတ်လဲခန်းထဲမှာ အကွဲအပြဲတွေဖြစ်နေပြီး မပျော်ရွှင်တော့တဲ့ မက်ဆီနဲ့ နေမာ

လီယွန်နယ် မက်ဆီနဲ့ နေမာတို့ဟာ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြတဲ့ စီနီယာကစားသမားတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတို့ဖ် ဂယ်လ်တီယေးနဲ့ လူးဝစ္စ ကမ်းပို့စ်တို့ကို နည်းပြနဲ့ ဘောလုံးအကြံပေးရာထူးတွေအတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ဒီ နှစ်ဦးက အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်မယ့်သူတွေလို့ မျှော်လင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ရာသီသစ်မတိုင်ခင် လူးဝစ္စ ကမ်းပို့စ်လက်အောက်မှာ လူစာရင်းထဲကို ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူခဲ့တာဖြစ်ပြီး ဂယ်လ်တီယေးက အသင်းကို လိဂန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် နည်းပြပေးပြီး ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမဆုံးလိဂ်ပွဲစဉ် ၃ ပွဲမှာတင် သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့အလားအလာရှိတဲ့ လက္ခဏာတွေ ပြသခဲ့ပြီး အဲဒီသွင်းဂိုးထဲက ၁၂ ဂိုးကို မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းလူစာရင်းထဲက နာမည်ကြီး ကစားသမားတွေဟာ နောက်ဆုံးမှာတော့ ၎င်းတို့ရဲ့ အတ္တတွေကို ဘေးဖယ်ထားလိုက်နိုင်ပြီဖြစ်ပုံပေါ်ပေမယ့်လည်း ၆ လကြာတဲ့အချိန်မှာတော့ အသင်းထဲမှာ နောက်ထပ်တစ်ကြိမ် အက်ကြောင်းတွေ စတင်ပေါ်လာနေပြီဖြစ်ပုံပေါ်ပြီး နှစ်သစ်ကို ကူးပြောင်းပြီးကတည်းက ပီအက်စ်ဂျီအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ၅ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ရာသီပထမပိုင်းမှာ အရှုံးဆိုတဲ့ အရသာကို မြည်းစမ်းခဲ့ရခြင်းမရှိပေမယ့်လည်း ဇန်နဝါရီလကတည်းက ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီးဖြစ်ပြီး လိဂန်းထိပ်သီးအသင်းကြီးရဲ့ မကြာသေးမီက ခြေစွမ်းဟာ နည်းပြ ဂယ်လ်တီယေးရဲ့ ရာထူးကို ခြိမ်းခြောက်မှုတွေ ဖြစ်လာတယ်လို့ RMC က ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်း အဝတ်လဲခန်းအတွင်းက သဟဇာတမဖြစ်မှုတွေအကြောင်း အသေးစိတ်ကို ယင်းသတင်းဌာနက ထုတ်ဖော်လိုက်ပြီဖြစ်ပြီး နေမာနဲ့ မက်ဆီတို့ဟာ လူးဝစ္စ ကမ်းပို့စ်လက်အောက် အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အသင်းခေါင်းဆောင် မားကင်ညို့စ်နဲ့ ပရက်စ်နဲလ် ကင်ပန်ဘီတို့ကလည်း တောင်အမေရိကကြယ်ပွင့် ၂ ဦးနဲ့ အမြင်ချင်းတူကြပြီး ကမ်းပို့စ်ဟာ ဗီတင်ညာ၊ ဖေဘီယန် ရူးဝီးဇ်၊ ကားလို့စ် ဆိုလာ၊ ရီနာတို ဆန်းချက်စ်၊ နော်ဒီ မူခေလေတို့ကို ပြီးခဲ့တဲ့ နွေရာသီမှာ အပြီးသတ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ်းပို့စ်ဟာ ရင်းမ်စ်အသင်းကနေ ဟူဂို အက်ခီတိုက်ခ်ကိုလည်း ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး နေမာဟာ ပြီးခဲ့တဲ့အပတ် မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဘောလုံးအကြံပေး လူးဝစ္စ ကမ်းပို့စ်နဲ့ စကားများခဲ့ကြတယ်လို့ သိရပါတယ်။

ပြင်သစ်ဂျာနယ်လစ် မာ့စ် မီရှူနူဝါက ဘရာဇီးလ်တိုက်စစ်မှူးက အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သဘောမကျတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့တယ်လို့ သိရပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မိုနာကိုနဲ့ပွဲစဉ်အတွင်း အသင်းဖော် ဗီတင်ညာနဲ့ အက်ခီတိုက်ခ်တို့ကိုလည်း ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔ဟာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနၾကတဲ့ စီနီယာကစားသမားေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခရစၥတို႔ဖ္ ဂယ္လ္တီေယးနဲ႔ လူးဝစၥ ကမ္းပို႔စ္တို႔ကို နည္းျပနဲ႔ ေဘာလုံးအႀကံေပးရာထူးေတြအတြက္ ေခၚယူခဲ့တာျဖစ္ၿပီး ဒီ ႏွစ္ဦးက အသင္းကို ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ ကူညီေပးႏိုင္မယ့္သူေတြလို႔ ေမွ်ာ္လင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ရာသီသစ္မတိုင္ခင္ လူးဝစၥ ကမ္းပို႔စ္လက္ေအာက္မွာ လူစာရင္းထဲကို ကစားသမားသစ္ ၆ ဦးအထိ ေခၚယူခဲ့တာျဖစ္ၿပီး ဂယ္လ္တီေယးက အသင္းကို လိဂန္းအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ နည္းျပေပးၿပီး ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ပထမဆုံးလိဂ္ပြဲစဥ္ ၃ ပြဲမွာတင္ သြင္းဂိုး ၁၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ အလြန္ေကာင္းမြန္တဲ့အလားအလာရွိတဲ့ လကၡဏာေတြ ျပသခဲ့ၿပီး အဲဒီသြင္းဂိုးထဲက ၁၂ ဂိုးကို မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းလူစာရင္းထဲက နာမည္ႀကီး ကစားသမားေတြဟာ ေနာက္ဆုံးမွာေတာ့ ၎တို႔ရဲ႕ အတၱေတြကို ေဘးဖယ္ထားလိုက္ႏိုင္ၿပီျဖစ္ပုံေပၚေပမယ့္လည္း ၆ လၾကာတဲ့အခ်ိန္မွာေတာ့ အသင္းထဲမွာ ေနာက္ထပ္တစ္ႀကိမ္ အက္ေၾကာင္းေတြ စတင္ေပၚလာေနၿပီျဖစ္ပုံေပၚၿပီး ႏွစ္သစ္ကို ကူးေျပာင္းၿပီးကတည္းက ပီအက္စ္ဂ်ီအသင္းဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၁ ပြဲမွာ ၅ ပြဲသာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ရာသီပထမပိုင္းမွာ အရႈံးဆိုတဲ့ အရသာကို ျမည္းစမ္းခဲ့ရျခင္းမရွိေပမယ့္လည္း ဇန္နဝါရီလကတည္းက ၅ ပြဲအထိ ရႈံးနိမ့္ထားခဲ့ၿပီးျဖစ္ၿပီး လိဂန္းထိပ္သီးအသင္းႀကီးရဲ႕ မၾကာေသးမီက ေျခစြမ္းဟာ နည္းျပ ဂယ္လ္တီေယးရဲ႕ ရာထူးကို ၿခိမ္းေျခာက္မႈေတြ ျဖစ္လာတယ္လို႔ RMC က ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္း အဝတ္လဲခန္းအတြင္းက သဟဇာတမျဖစ္မႈေတြအေၾကာင္း အေသးစိတ္ကို ယင္းသတင္းဌာနက ထုတ္ေဖာ္လိုက္ၿပီျဖစ္ၿပီး ေနမာနဲ႔ မက္ဆီတို႔ဟာ လူးဝစၥ ကမ္းပို႔စ္လက္ေအာက္ အသင္းရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္ခဲ့တဲ့ ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္နဲ႔ ပရက္စ္နဲလ္ ကင္ပန္ဘီတို႔ကလည္း ေတာင္အေမရိကၾကယ္ပြင့္ ၂ ဦးနဲ႔ အျမင္ခ်င္းတူၾကၿပီး ကမ္းပို႔စ္ဟာ ဗီတင္ညာ၊ ေဖဘီယန္ ႐ူးဝီးဇ္၊ ကားလို႔စ္ ဆိုလာ၊ ရီနာတို ဆန္းခ်က္စ္၊ ေနာ္ဒီ မူေခေလတို႔ကို ၿပီးခဲ့တဲ့ ေႏြရာသီမွာ အၿပီးသတ္ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကမ္းပို႔စ္ဟာ ရင္းမ္စ္အသင္းကေန ဟူဂို အက္ခီတိုက္ခ္ကိုလည္း ကနဦး အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ေနမာဟာ ၿပီးခဲ့တဲ့အပတ္ မိုနာကိုအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ေဘာလုံးအႀကံေပး လူးဝစၥ ကမ္းပို႔စ္နဲ႔ စကားမ်ားခဲ့ၾကတယ္လို႔ သိရပါတယ္။

ျပင္သစ္ဂ်ာနယ္လစ္ မာ့စ္ မီရႉႏူဝါက ဘရာဇီးလ္တိုက္စစ္မႉးက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး သေဘာမက်တဲ့ စကားလုံးေတြနဲ႔ ေျပာဆိုခဲ့တယ္လို႔ သိရၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မိုနာကိုနဲ႔ပြဲစဥ္အတြင္း အသင္းေဖာ္ ဗီတင္ညာနဲ႔ အက္ခီတိုက္ခ္တို႔ကိုလည္း ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.