ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အင်စတာဂရမ်မှာ သတင်းစကား ပေးပို့ခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းနာမည်က သတင်းစကားထဲမှာ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေဟာ စိတ်ရှုပ်ထွေးခဲ့ကြပြီး ပီအက်စ်ဂျီအသင်းဟာ အင်္ဂါနေ့ညက ဘိုင်ယန်မြူးနစ်အသင်းကို ၁-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် လီယွန်နယ် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့လို အဓိကကစားသမားတွေ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း မျှော်လင့်ထားတဲ့ ရလဒ် မရရှိခဲ့တာဖြစ်ပြီး ဒုတိယအကျော့ဟာ မတ်လ ၈ ရက်နေ့ မြူးနစ်မှာ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အမ်ဘာပေဟာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း လက်မလျှော့သေးဘဲ နာဂယ်စ်မန်းရဲ့အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အင်စတာဂရမ်ကနေ ကြွေးကြော် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ကျန်တဲ့အရာအားလုံး လုပ်ဖို့ပဲ ကျန်တော့တယ်”လို့ အမ်ဘာပေက ပြင်သစ်ဘာသာနဲ့ ရေးသားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကြားမှာ ကြီးမားတဲ့ ပြောစရာဖြစ်လာခဲ့တာဖြစ်ပြီး အင်စတာဂရမ်ရဲ့ ဘာသာပြန်အလွဲကြောင့် ပြင်သစ်တိုက်စစ်မှူးရဲ့ စာသားထဲမှာ မန်ယူနိုက်တက်အကြောင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
“မန်ချက်စတာယူနိုက်တက်တက်အသင်းက အခု ပီအက်စ်ဂျီမှာ ရောက်ရှိနေပါပြီ”လို့ အဓိပ္ပာယ်ထွက်ခဲ့တာ ဖြစ်ပြီး အဲဒါက နည်းပညာပိုင်း အလွဲအချော်သာ ဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်အချို့ကဆိုရင် ပီအက်စ်ဂျီတိုက်စစ်မှူးအနေနဲ့ အိုးထရက်ဖို့ဒ်ကိုတောင် ပြောင်းရွှေ့လာနိုင်တယ်လို့ ကောလာဟလတွေ စလွှင့်နေကြပြီ ဖြစ်ပါတယ်။
“သူ တကယ် လာတော့မယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဖက်ဘရီဇီယို ရိုမာနို ဘယ်ရောက်နေတာလဲ။ ငါတို့တွေ အခုချက်ချင်း အဖြေအချို့ လိုအပ်တယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ပရိသတ်အချို့ကတော့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးရဲ့ အင်စတာဂရမ်က အလွဲအချော်ဟာ မန်ချက်စတာယူနိုက်တက်ကို ကာတာ ရင်းနှီးမြှုပ်နှံသူတွေက ဝယ်ယူမယ့်ကိစ္စနဲ့များ သက်ဆိုင်နေမလားလို့ တွေးထင်နေကြပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းက ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အင္စတာဂရမ္မွာ သတင္းစကား ေပးပို႔ခဲ့ပါတယ္။
ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းနာမည္က သတင္းစကားထဲမွာ ပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြဟာ စိတ္ရႈပ္ေထြးခဲ့ၾကၿပီး ပီအက္စ္ဂ်ီအသင္းဟာ အဂၤါေန႔ညက ဘိုင္ယန္ျမဴးနစ္အသင္းကို ၁-၀ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းအတြက္ လီယြန္နယ္ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔လို အဓိကကစားသမားေတြ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ေမွ်ာ္လင့္ထားတဲ့ ရလဒ္ မရရွိခဲ့တာျဖစ္ၿပီး ဒုတိယအေက်ာ့ဟာ မတ္လ ၈ ရက္ေန႔ ျမဴးနစ္မွာ ယွဥ္ၿပိဳင္ကစားသြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။
အမ္ဘာေပဟာ ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေပမယ့္လည္း လက္မေလွ်ာ့ေသးဘဲ နာဂယ္စ္မန္းရဲ႕အသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာ အင္စတာဂရမ္ကေန ေႂကြးေၾကာ္ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
“က်န္တဲ့အရာအားလုံး လုပ္ဖို႔ပဲ က်န္ေတာ့တယ္”လို႔ အမ္ဘာေပက ျပင္သစ္ဘာသာနဲ႔ ေရးသားခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြၾကားမွာ ႀကီးမားတဲ့ ေျပာစရာျဖစ္လာခဲ့တာျဖစ္ၿပီး အင္စတာဂရမ္ရဲ႕ ဘာသာျပန္အလြဲေၾကာင့္ ျပင္သစ္တိုက္စစ္မႉးရဲ႕ စာသားထဲမွာ မန္ယူႏိုက္တက္အေၾကာင္း ပါဝင္ခဲ့တာျဖစ္ပါတယ္။
“မန္ခ်က္စတာယူႏိုက္တက္တက္အသင္းက အခု ပီအက္စ္ဂ်ီမွာ ေရာက္ရွိေနပါၿပီ”လို႔ အဓိပၸာယ္ထြက္ခဲ့တာ ျဖစ္ၿပီး အဲဒါက နည္းပညာပိုင္း အလြဲအေခ်ာ္သာ ျဖစ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္အခ်ိဳ႕ကဆိုရင္ ပီအက္စ္ဂ်ီတိုက္စစ္မႉးအေနနဲ႔ အိုးထရက္ဖို႔ဒ္ကိုေတာင္ ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔ ေကာလာဟလေတြ စလႊင့္ေနၾကၿပီ ျဖစ္ပါတယ္။
“သူ တကယ္ လာေတာ့မယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဖက္ဘရီဇီယို ႐ိုမာႏို ဘယ္ေရာက္ေနတာလဲ။ ငါတို႔ေတြ အခုခ်က္ခ်င္း အေျဖအခ်ိဳ႕ လိုအပ္တယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။
ပရိသတ္အခ်ိဳ႕ကေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ အင္စတာဂရမ္က အလြဲအေခ်ာ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ကာတာ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ဝယ္ယူမယ့္ကိစၥနဲ႔မ်ား သက္ဆိုင္ေနမလားလို႔ ေတြးထင္ေနၾကပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.